၂၉ မတ် ၂၀၁၈ - ၁၄:၁၆
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန် သမ္မတ ဦးဝင်းမြင့်ကို ဒေါက်တာ အေးမောင်တောင်းဆို

ဦးဝင်းမြင့်သမ္မတ အဖြစ် ရွေးချယ်ခံရခြင်းကို ၀မ်း သာကြောင်း ဒေါက်တာ အေး မောင်က ပြောကြားပြီး နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေး ရန် တောင်းဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဦးဝင်းမြင့်သမ္မတ အဖြစ် ရွေးချယ်ခံရခြင်းကို ၀မ်း သာကြောင်း ဒေါက်တာ အေး မောင်က ပြောကြားပြီး နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေး ရန် တောင်းဆိုခဲ့သည်။

ပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရား စွဲဆိုခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေ ဟင်အောင်တို့ကို မတ်လ ၂၈ ရက်က စစ်တွေတရားရုံး၌ ခုနစ်ကြိမ် မြောက်ရုံးထုတ်စစ်ဆေးရာတွင် ဒေါက်တာ အေးမောင်က အထက်ပါအတိုင်းပြောကြားခဲ့သည်။

‘‘ဒီနေ့ ဦးဝင်းမြင့်လည်း နိုင်ငံ တော်သမ္မတကြီးဖြစ်လို့ ၀မ်းသာ တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အားလည်းကိုးတယ်။ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ မေတ္တာရပ်ခံတယ်။ ကျွန်တော်တို့လိုစစ်ဆေးဆဲ ပုဂ္ဂိုလ်တွေလို၊ ကျွန်တော်ဆိုရင် (ဟော ပြောပွဲမှာ) မိနစ် ၃၀ လောက်ပြောခဲ့တယ်။ အကြောင်းအရာတစ်ခု ကို အဲဒါကိုလည်း ဆင်ခြင်ပေးပါ’’ ဟု ဒေါက်တာ အေးမောင်က တရားရုံးအထွက်တွင် ပြောကြား သည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စွဲဆိုထားသော အမှုများ ချေဖျက်ပေးရန် အကျိုးဆောင်ရှေ့နေ များက မတ်လ ၂၈ ရက်ရုံးထုတ်တွင် လျှောက်ထားသည်။

‘‘ဟောပြောမှုတစ်ခုတည်း ကို အမှု သုံးမှုနဲ့စွဲတယ်။ ဒါက ဥပဒေနဲ့ ဆန့်ကျင်နေတယ်။ ဒါ ကြောင့် ဒါကို ဥပဒေနဲ့အညီ အဆုံးအဖြတ်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို လျှောက်တယ်။ စွဲဆိုထားတဲ့ အမှုသုံးခုလုံးကို ခြေဖျက်ပေးဖို့ ဖြစ်ပါတယ်’’ဟု အမှုလိုက်ပါ  ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ဇန်န၀ါရီလက ပြုလုပ်သော ရခိုင်ဘုရင့်နိုင်ငံတော်    အချုပ်အခြာ အာဏာကျဆုံးခြင်း  အောက်မေ့ဖွယ်အခမ်းအနား၌ ဟောပြောချက်အချို့နှင့် စပ်လျဉ်း၍ ဒေါက်တာအေးမောင်နှင့်  စာရေးဆရာ ဝေဟင်အောင်တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မသုံးခုဖြင့် အစိုးရက ဖမ်းဆီးတရားစွဲဆိုထားသည်။ အဆိုပါ အမှုကို ဧပြီ ၄ ရက်သို့ ထပ်မံရုံးချိန်းပေးခဲ့သည်။

========================
251 / End