၃၀ မတ် ၂၀၁၈ - ၁၅:၀၉
ထိုင်းရောက်မြန်မာလုပ်သားများ ဗီဇာသက်တမ်းတိုးရေး ရက်ထပ်တိုးပေးရန်တောင်းဆို

ထိုင်းရောက်မြန်မာလုပ်သားများအတွက် ဗီဇာနှင့် အလုပ်ပါမစ်သက်တမ်းတိုးပေးသည့်ကာလကို ရက်ထပ်မံတိုးမြှင့်ပေးရန် တောင်း ဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်း က ယမန်နေ့တွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိုင်းရောက်မြန်မာလုပ်သားများအတွက် ဗီဇာနှင့် အလုပ်ပါမစ်သက်တမ်းတိုးပေးသည့်ကာလကို ရက်ထပ်မံတိုးမြှင့်ပေးရန် တောင်း ဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်း က ယမန်နေ့တွင် ပြောကြားသည်။

ထိုင်းရောက်မြန်မာလုပ်သားတစ်သန်းကျော်သည် မတ်လ ၃၁ ရက် တွင် ဗီဇာနှင့်အလုပ်ပါမစ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သက်တမ်းတိုးရန် အဆင်ပြေစေရေးနှင့် CI (မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ်) ပြုလုပ်နေသည့် မြန်မာလုပ်သားများ အဆင်ပြေစေရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ထိုင်းအလုပ် သမားဝန်ကြီးနှင့် ယမန်နေ့ကတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် အထက်ပါအတိုင်း တောင်းဆိုခြင်းဖြစ်သည်။

‘‘မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်ကြမယ့်သူတွေအတွက် အွန် လိုင်းကနေတင်လို့ရအောင် လုပ်ပေးနေတယ်လို့ ပြောပါတယ်။ မြန်မာလုပ်သားတွေ သင်္ကြန်တွင်းမှာ အေးချမ်းစွာ နေရပ်ပြန်နိုင်ရေးအတွက် သဘောတူတယ်ပေါ့။ အဖမ်းအဆီးတွေ မရှိအောင် လုပ်နေတယ်ပေါ့။ ကျန်တာတွေကတော့ အကုန်လုံး အဆင်ပြေအောင် လုပ်ပေးပါ မယ်။ ညှိနှိုင်းပေးပါ့မယ်လို့ပြော ပါတယ်’’ ဟု တွေ့ဆုံရာတွင်ပါဝင် သည့်သံအမတ်ကြီး ဦးမျိုးမြင့် သန်းကပြောသည်။

ထိုင်းရောက် မြန်မာလုပ် သားတစ်သန်းကျော်သည် မတ် လ ၃၁ ရက်တွင် ဗီဇာနှင့်အလုပ် ပါမစ်သက်တမ်းကုန်ဆုံးမည်ဖြစ် ရာ မြန်မာ လုပ်သားများသည် ဗီဇာသက်တမ်း ၂ နှစ်ထပ်မံတိုး ရန် သက်တမ်းတိုး စခန်းများ၌ ညအိပ်စောင့်ဆိုင်းနေရသည်။

ပြည်ပနိုင်ငံများတွင် သွား ရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ အ ရေးကို အမြဲတမ်းခေါင်းထဲထည့် ပြီး အစိုးရ၏ဦးစားပေး လုပ်ငန်း တစ်ရပ်အဖြစ် ကြိုးစားဆောင် ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးသိန်းဆွေက ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် ဗီ ဇာနှင့် အလုပ်ပါမစ်များ ပြုလုပ် နေသော မြန်မာလုပ်သားများ အား ပြောသည်။

‘‘အလုပ်သမားတွေရဲ့ အ ရေးဟာ ၀န်ကြီးဌာနရဲ့ဦးစားပေး ဆောင်ရွက်ချက်ဖြစ်ပါတယ်။ နိုင် ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အပါ အ၀င် အစိုးရအဖွဲ့ကလည်း အ လုပ်သမားတွေအတွက် ကောင်း မွန်တဲ့လုပ်ငန်းတွေ အကာအ ကွယ်ပေးခြင်းကိစ္စတွေကို ၀န်ကြီး ဌာနတွေ ပူးပေါင်းဆောင်ရွက်နေ ပါတယ်။ ဒီမှာရှိတဲ့ အလုပ်သမား တွေအတွက်ရော ပြည်ပမှာရှိတဲ့ အလုပ်သမားတွေ အတွက်ပါ ခေါင်းထဲမှာ အမြဲတမ်းထားပြီး တော့ အစိုးရရဲ့ဦးစားပေးလုပ် ငန်းတစ်ရပ်အဖြစ် ကြိုးစားလုပ် ဆောင်နေပါတယ်လို့ အသိပေး ပြောကြားလိုပါတယ်’’ ဟု ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။

ထိုင်းရောက် မြန်မာလုပ် သားများအရေးကို ထိုင်းအလုပ် သမားဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ၀န်ကြီး က ဆက်လက်ပြောသည်။

ဝန်ကြီး ဦးသိန်းဆွေသည် မတ်လ ၂၈ ရက်ကလည်း မြန်မာ လုပ်သားများအရေးနှင့်ပတ်သက် ပြီး ထိုင်းရောက်မြန်မာအဖွဲ့အ စည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

========================
251 / End