၃၁ မတ် ၂၀၁၈ - ၁၄:၂၅
သမ္မတအဖြစ် ဦးဝင်းမြင့် ကတိသစ္စာပြုပြီးနောက် ကြေညာချက်သုံးခုထုတ်

နိုင်ငံတော်သမ္မတ ရုံးသည် ဦးဝင်းမြင့် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်၌ ကတိ သစ္စာပြုပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းအပါအဝင် ကြေညာချက်သုံးခုကို ယမန်နေ့(မတ်လ ၃၀) တွင် ထုတ် ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတ ရုံးသည် ဦးဝင်းမြင့် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်၌ ကတိ သစ္စာပြုပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းအပါအဝင် ကြေညာချက်သုံးခုကို ယမန်နေ့(မတ်လ ၃၀) တွင် ထုတ် ပြန်သည်။

နိုင်ငံတော်သမ္မတရာထူးကို ဦးဝင်းမြင့်က မတ်လ ၃၀ ရက်တွင်တရားဝင်ရယူပြီးနောက် ပြည် ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့ စည်းခြင်း၊ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီပြင်ဆင် ဖွဲ့စည်းခြင်း၊ ဘဏ္ဍာရေးကော်မ ရှင်ပြင်ဆင်ဖွဲ့စည်းခြင်း ကြေညာချက်သုံးခုကို ထုတ်ပြန်ခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းသည့် ကြေ ညာချက်သုံးခုတွင် နိုင်ငံတော် သမ္မတနေရာ၌ ရာထူးမှ နုတ်ထွက် ခဲ့သည့် ဦးထင်ကျော်အစား သမ္မတသစ် ဦးဝင်းမြင့် ဝင်ရောက်တာ ဝန်ယူခြင်းမှ လွဲ၍ အခြားပြောင်း လဲခန့်အပ်ခြင်း၊ အစားထိုးခြင်း များမရှိပေ။

  သမ္မတဟောင်း ဦးထင် ကျော်လက်ထက်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ဖွဲ့စည်းသော် လည်း ယင်းကာလုံအစည်းအဝေး ကို တစ်ကြိမ်မျှ မခေါ်ခဲ့ပေ။

သို့သော် လက်ရှိသမ္မတသစ် ဦးဝင်းမြင့်လက်ထက်တွင် အဆို ပါကာလုံအစည်းအဝေး ခေါ်ယူ မည်၊ မခေါ်ယူမည်ကို မြန်မာ့နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူများ က စိတ်ဝင်စားနေသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော် သမ္မတသည် ဦးဆောင်သည့်နေ ရာ၌ ပါဝင်ပြီး ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး ဟူ၍ ပုဂ္ဂိုလ် ၁၁ ဦးပါဝင်သည်။

========================
251 / End