၂ ဧပြီ ၂၀၁၈ - ၁၅:၅၄
နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတသစ်ဦးဝင်းမြင့်ထံ ဦးပါမောက္ခတောင်းဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် တစ်နိုင်ငံလုံးရှိ နိုင်ငံ ရေးအကျဉ်းသားများ၊ ပြစ်မှု၊ ပြစ် ဒဏ်မမျှတဘဲ မတရားအကျဉ်း ကျခံနေရသူများနှင့် လယ်သမား များကို ဥပဒေနှင့်အညီ အမြန် ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက တောင်းဆိုမိန့် ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် တစ်နိုင်ငံလုံးရှိ နိုင်ငံ ရေးအကျဉ်းသားများ၊ ပြစ်မှု၊ ပြစ် ဒဏ်မမျှတဘဲ မတရားအကျဉ်း ကျခံနေရသူများနှင့် လယ်သမား များကို  ဥပဒေနှင့်အညီ အမြန် ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက   တောင်းဆိုမိန့်  ကြားသည်။

လက်ရှိတွင်  မြန်မာနိုင်ငံ သည် တရားဥပဒေစိုးမိုးမှုကင်းမဲ့ နေကြောင်း၊ ထို့အတူ တရားရုံး များကို ကုန်စည်ဒိုင်ကဲ့သို့ သဘောထားကာ လာဘ်ပေးလာဘ်ယူမှု နှင့် အမှုအရောင်းအဝယ်ပြုလုပ် နေသည့် တရားသူကြီးများ၊ ဥပဒေအရာရှိများကိုလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အနေဖြင့် အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဆက်လက်မိန့်ကြားသည်။

‘‘ငွေပေးတဲ့ပုဂ္ဂိုလ်က တရား ရုံးမှာ နိုင်ပါတယ်။ တရားရုံးအ သီးသီးမှာ အဂတိလေးပါးလိုက် စားတဲ့ တရားသူကြီးများ၊ ဥပဒေ အရာရှိများ၏လာဘ်စားမှုများကို အမြန်ဆုံးဖော်ထုတ်အရေးယူပေး ပါရန် အလေးအနက်တောင်းဆို ပါတယ်’’ဟု ဦးပါမောက္ခက မိန့် သည်။

ဧပြီ ၁ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုဂုဏ်ပြုကြောင်း ထောက်ခံပွဲတွင် ဆရာတော် ဦးပါမောက္ခက အထက်ပါအချက် များ တောင်းဆိုခြင်းဖြစ်သည်။ အဆိုပါထောက်ခံပွဲသို့ ဆရာ တော်ဦးပါမောက္ခ၏  တပည့်၊ ဒါယကာများ၊   လယ်ယာမြေသိမ်း ဆည်းခံထားရသည့် လယ်သမား များအပါအဝင် လူဦးရေ ၁၀၀ ခန့် တက်ရောက်သည်။

လယ်သမားအရေးဆောင် ရွက်မည့် နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်အနေဖြင့်   တစ်နိုင်ငံလုံးရှိ လယ်ယာမြေမတရားသိမ်းဆည်း ခံရမှုများကို ဥပဒေနှင့်အညီ လယ်သမားများ ပြန်လည်ရရှိစေရန်နှင့် မတရားအကျဉ်းကျခံနေရသည့် လယ်သမားများအား အမြန်ဆုံး လွတ်ငြိမ်းခွင့်ပေးရန် ဆရာတော် က ဆက်လက်မိန့်ကြားသည်။

ထောက်ခံပွဲတွင် ‘‘တရားဥပ ဒေစိုးမိုးရေး၊ နိုင်ငံတော်ငြိမ်းချမ်း ရေးတို့ ဆောင်ရွက်မည့် အပြစ်မဲ့ အကျဉ်းသား၊ အကျဉ်းသူများ၊ နိုင်ငံရေးအကျဉ်းသားများ အမြန် ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာပါစေ၊ ချမ်းသာပါစေ’’၊ ‘‘လယ်သိမ်းခံလယ်သမားများ၏ အခွင့်အရေးနှင့်စံနှုန်းပြည့်ဒီမိုက ရေစီနှင့်အညီ အခြေခံဥပဒေပြင် ဆင်ပေးမည့် နိုင်ငံတော်သမ္မတ ကြီး ဦးဝင်းမြင့် ကျန်းမာပါစေ၊ ချမ်းသာပါစေ’’ဟု  တက်ရောက် လာသူများက  ကြွေးကြော်သည်။

========================
251 / End