အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ်
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ စင်ကာပူနိုင်ငံမှာကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
စင်ကာပူနိုင်ငံမှာ အခုလ ၂၅ ရက်ကနေ ၂၈ ရက်အထိကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို သမ္မတသစ် တက်ရောက်မှာဖြစ်ပြီး ဒါဟာ ဦးဝင်းမြင့်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါမယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့ပြီး အဲ့ဒီအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ပါတယ်။
စင်ကာပူနိုင်ငံဟာ လက်ရှိမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံဖြစ်ပြီး ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးလည်း ဖြစ်ပါတယ်။
အရှေတောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့မှာ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖီလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်းဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ လာအို၊ ဘရူနိုင်း၊ တီမော စတဲ့ နိုင်ငံများ ပါဝင်ပါတယ်။
အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ်မှာ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ စတဲ့ ၅ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
========================
251 / End