အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကချင်ပြည်နယ်အခြေ စိုက် လူထုအခြေပြုမူးယစ်ဆေး ၀ါး တိုက်ဖျက်ရေး ပတ်ဂျဆန် (Pat Jasan) အဖွဲ့က ယခုနှစ်အ တွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းဖြင့် အဖွဲ့၏ လုပ်ငန်းစဉ်များကို ပြန်လည်အ ရှိန်မြှင့်ဆောင်ရွက်မည် ဖြစ် ကြောင်း ဧပြီ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ပတ်ဂျဆန်အဖွဲ့အနေဖြင့် ‘မူးယစ်ဆေးဝါးကို စတင်တိုက် ဖျက်သောနေ့’အဖြစ် သတ်မှတ် ထားသည့် ယမန်နေ့ (ဧပြီ ၂၅ ရက်)တွင် မြစ်ကြီးနားမြို့၌လူထု ဆွေးနွေးပွဲပြုလုပ်၍ ၎င်းတို့၏ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များနှင့် ပတ်သက်၍ကြေညာချက် ထုတ်ပြန်ခဲ့သည်။
‘‘လွန်ခဲ့တဲ့ နှစ်တွေမှာလုပ်ခဲ့ တာတွေကို ပြန်ပြီးလေ့လာသုံး သပ်ကြည့်တဲ့အချိန်မှာ အဓိကက ဒီအမြင်ဖွင့် (အသိပညာပေးခြင်း) လုပ်ငန်းကို အရင်ထက်ပိုပြီးမှ နည်းပညာတွေနဲ့ Target ကို ထိထိမိမိလုပ်နိုင်ရင် မျှော်မှန်းနေတဲ့ အောင်မြင်မှုကို ရရှိနိုင်မယ်ဆိုတဲ့ သုံးသပ်ချက်ကြောင့် ၂၀၁၈-၁၉ အတွင်းမှာ အမြင်ဖွင့်ခြင်းလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ဆုံးဖြတ်ရခြင်း ဖြစ်တယ်’’ဟု ပတ်ဂျဆန်မြစ်ကြီးနားနယ် အတွင်းရေးမှူး ဦးဂွန်းတန်က ပြောသည်။
မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သော ၂၀၁၄ မှ၂၀၁၆ အထိ ၂ နှစ်အတွင်း ကချင်ဒေသများ၌ မူးယစ်ဆေးဝါးသုံးစွဲ မှု၊ ရောင်းဝယ်ဖောက်ကားမှု၊ စိုက်ပျိုးထုတ်လုပ်မှုများ သိသိသာသာ ကျဆင်းခဲ့သော်လည်း ကချင် ဒေသတွင် တိုက်ပွဲများပြန်လည် ပြင်းထန်လာခြင်းနှင့်အတူ အ နှောင့်အယှက်အဟန့်အတားများ ကြောင့် လုပ်ငန်းများဆောင်ရွက် ရန် ခက်ခဲနှောင့်နှေးမှုများရှိလာ၍ ၂၀၁၇ နောက်ပိုင်း မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်မှုများ ပြန် လည်မြင့် တက်လာကြောင်း ပတ်ဂျဆန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အခက်အခဲအတားအဆီး များရှိနေပါကလည်း အမျိုးသား ရေးတာဝန်တစ်ရပ်ဖြစ်သည့် မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ် ငန်းကို မဖြစ်မနေဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပတ်ဂျဆန်က ဆိုသည်။ ပတ်ဂျ ဆန်အဖွဲ့သည် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာ ပေးခြင်း၊ မူးယစ်ဆေးစွဲနေသူများ အား ကုသဆေးဖြတ်ပေးခြင်း၊ မူး ယစ်ဆေးဝါးရောင်းဝယ်သူများ၊ သယ်ဆောင်သူများ၊ လက်ဝယ် ထားရှိသူများအား ရှာဖွေဖမ်းဆီး ၍ သက်ဆိုင်ရာသို့ အပ်နှံခြင်းနှင့် ဘိန်းစိုက်ခင်းများ ရှာဖွေဖျက်ဆီးခြင်းတို့ဆောင်ရွက်ရန် ဦးတည်ကြောင်း ထုတ်ပြန်သည်။
‘‘အမြင်ဖွင့်လုပ်ငန်းကို ဒီ့ ထက်ပိုပြီးတော့မှ ထိထိရောက် ရောက်လုပ်လာနိုင်ရင်တော့ဖြင့် ဘိန်းခင်းတိုက်ဖျက်တာတွေ၊ နောက်ပြီးတော့မှ အရေးယူ ဆောင်ရွက်တာတွေလည်း ဒီလုပ် ငန်းလည်း နည်းနည်းပေါ့သွားမ လားပေါ့။ လိုအပ်ရင် ကျွန်တော် တို့ ဆက်လက်ပြီး လုပ်ဆောင် သွားမယ်ဆိုတဲ့ သဘောပေါ့’’ဟု ဦးဂွန်းတန်က ပြောသည်။
ပတ်ဂျဆန်အဖွဲ့အနေဖြင့် ရည်ရွယ်ချက်ကောင်းမွန်သဖြင့် အစိုးရနဲ့ ဥပဒေဘောင်အတွင်း ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ၂၀၁၇ စက်တင်ဘာက7Day Daily အား ပြောကြားထားသည်။ ကချင်ပြည်နယ်အကျဉ်းထောင်များရှိ အကျဉ်းသား များ၏ ၉၀ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျနေရသူများဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောကြားထားသည်။
‘‘ကျွန်တော်တို့က ပြည်သူလူထုဖြစ်တော့ ပြည်သူတွေ လုပ်နိုင် တဲ့အပိုင်းက လုပ်နေတဲ့ သဘော ပေါ့။ တစ်ဖက်မှာ ကျွန်တော်တို့ ပြည်သူတွေမလုပ်ဆောင်နိုင်တဲ့ ဥပမာ ဥပဒေလမ်းကြောင်းအ တိုင်း လုပ်ဆောင်ရမယ့် အစိုးရနဲ့ လက်တွဲပြီးမှ လုပ်ဆောင်တဲ့ဟာ တွေရှိတာပေါ့လေ’’ဟု ဦးဂွန်းတန် က ပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် ကချင်ဒေသတွင် ပတ်ဂျဆန်သည် ၂၀၁၄ ဧပြီကစ၍ မြို့နယ်များနှင့် ကျေးရွာများ၌ လူထုအခြေပြုကော်မတီများဖွဲ့ကာ ဘိန်းခင်းများဖျက်ဆီးခြင်းအပါအ၀င် မူး ယစ်ဆေးဝါး တိုက်ဖျက်ရေးကို လူထုအင်အားဖြင့် ဆောင်ရွက်ခဲ့ သည်။
ပတ်ဂျဆန်သည် သုံးနှစ်အ တွင်း မူးယစ်ဆေးစွဲသူ ၇,၀၀၀ ကျော်ကို ဆေးဖြတ်ပေးနိုင်ခဲ့ပြီး ဘိန်းစိုက်ခင်းဧက ၆,၀၀၀ ခန့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ၂၀၁၇ နှစ်လယ် ပိုင်းတွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၆ အတွင်းက ဆဒုံး၊ ကန်ပိုက်တီးဒေသတွင် ဘိန်းခင်းသွားရောက်ဖျက်ဆီးခဲ့သည့် ပတ်ဂျဆန်အဖွဲ့သည် လက်နက်ကိုင်လူတစ်စု၏ တိုက်ခိုက်မှုခံရပြီး ၃၂ ဦးဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ ဆုတောင်းပွဲသို့ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် ဒေသတွင်းအဖွဲ့အ စည်းများမှ လူဦးရေ ၁,၅၀၀ ခန့်တက်ရောက်ခဲ့သည်။
========================
251 / End
၂၆ ဧပြီ ၂၀၁၈ - ၁၆:၃၃
News ID: 890985
ကချင်ပြည်နယ်အခြေ စိုက် လူထုအခြေပြုမူးယစ်ဆေး ၀ါး တိုက်ဖျက်ရေး ပတ်ဂျဆန် (Pat Jasan) အဖွဲ့က ယခုနှစ်အ တွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းဖြင့် အဖွဲ့၏ လုပ်ငန်းစဉ်များကို ပြန်လည်အ ရှိန်မြှင့်ဆောင်ရွက်မည် ဖြစ် ကြောင်း ဧပြီ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။