အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတဦး ၀င်းမြင့်သည် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးမှ ယမန်နေ့ညနေ က ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်သုံးရက်မြောက်နေ့တွင် အာဆီယံသုံးနိုင်ငံ ခေါင်းဆောင် များက သမ္မတဦးဝင်းမြင့်အား တရားဝင်ချစ်ကြည်ရေးခရီးလာ ရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ ကြောင်း သမ္မတရုံး ထုတ်ပြန်ချက် များတွင်ဖော်ပြသည်။
သမ္မတဦးဝင်းမြင့်၏ စင်ကာ ပူနိုင်ငံခရီးစဉ်အတွင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင် ခြောက်ဦးနှင့် သီးခြားစီတွေ့ဆုံခဲ့ ရာ နှစ်ဖက်အဆင်ပြေသည့်အချိန် တွင် တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် လာအိုဝန်ကြီး ချုပ်၊ ဘရူနိုင်းဘုရင်နှင့်ဗီယက်နမ် ၀န်ကြီးချုပ်တို့က ဖိတ်ကြားခဲ့ သည်။
ထို့အပြင် အင်ဒိုနီးရှားသမ္မ တဂျိုကိုဝီဒိုဒိုနှင့် ဧပြီ ၂၇ ရက် က သီးခြားတွေ့ဆုံရာ ယခုနှစ် အောက်တိုဘာတွင် အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့၌ ကျင်းပမည့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင် ရာငွေကြေးရန်ပုံငွေအဖွဲ့၏ နှစ် ပတ်လည်အစည်းအဝေးများနှင့် ဆက်စပ်ပြုလုပ်မည့် အာဆီယံ ခေါင်းဆောင်များ၏ တွေ့ဆုံပွဲ (ASEAN Leaders Gathering)သို့မြန်မာနိုင်ငံက ပါဝင်တက် ရောက်ရေးကိစ္စရပ်များ ဆွေးနွေး ခဲ့သည်။
သမ္မတဦးဝင်းမြင့်သည် ယ မန်နေ့နံနက်က ထိုင်းနိုင်ငံဝန်ကြီး ချုပ်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထိုင်းနိုင်ငံရောက်မြန် မာအလုပ်သမားများအရေး၊ နှစ် နိုင်ငံနယ်စပ်ဒေသတွင် မူးယစ် ဆေးဝါးကူးသန်းရောင်းဝယ်မှုနှင့် တရားမ၀င်ကုန်စည်ပို့ဆောင်မှု များကို ပူးတွဲနှိမ်နင်းရေး၊ ထား ၀ယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောလျင်စွာအကောင်အထည် ဖော်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာ-ထိုင်း ဒု တိယမြောက်ချစ်ကြည်ရေးတံ တားဖွင့်လှစ်နိုင်ရေး၊ ရခိုင်ပြည် နယ်အရေးနှင့် ပတ်သက်၍ ထိုင်း နိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးနှင့် စီးပွားရေးနှင့် လူမှုရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရန် အကူအညီပေးအပ်ရေး၊ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်း ရေးနှင့်အမျိုးသားပြန်လည်သင့် မြတ်ရေး ကြိုးပမ်းမှုတွင် ပါဝင် အထောက်အကူပြုရေး ကိစ္စရပ် များဆွေးနွေးခဲ့သည်။
ထို့နောက် ဘရူနိုင်းဘုရင် နှင့် ဆက်လက်တွေ့ဆုံရာ ဘရူ နိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွက် ပညာသင်ဆုများ၊ လေ့လာရေး ခရီးစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲ များနှင့် သင်တန်းများဆက်လက် ထောက်ပံ့ရေးကိစ္စ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့်စီးပွား ရေးလုပ်ငန်းများမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ရန်ကိစ္စရပ် များ ဆွေးနွေးခဲ့ကြောင်း သမ္မတရုံး ကထုတ်ပြန်သည်။
မွန်းလွဲပိုင်းတွင် ဗီယက်နမ် ၀န်ကြီးချုပ်နှင့်သီးခြားတွေ့ဆုံခဲ့ ရာ နှစ်နိုင်ငံအကြားနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊နှစ်နိုင်ငံ အကြား ကုန်သွယ်မှုပမာဏကန် ဒေါ်လာတစ်ဘီလီယံရည်မှန်း ချက်သို့ တိုးမြှင့်နိုင်ရေး၊ ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍ၊ ပြည်သူအချင်း ချင်းထိတွေ့ဆက်ဆံမှု ကဏ္ဍများ တွင်ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးတို့ ဆွေးနွေးခဲ့သည်။
သမ္မတဦးဝင်းမြင့်သည် စင် ကာပူနိုင်ငံသို့ ပထမဆုံးပြည်ပ ခရီးစဉ်သွားရောက်ခြင်းဖြစ်ပြီး အာဆီယံမျက်နှာစုံညီထိပ်သီးအ စည်းအဝေး၊ အာဆီယံထိပ်သီးအ စည်းအဝေးဖွင့်ပွဲအခမ်းအနားနှင့် အာဆီယံထိပ်သီးခေါင်းဆောင် များ၏ သီးသန့်အစည်းအဝေးများ တက်ရောက်ခဲ့သည်။
ယမန်နေ့က ကျင်းပသည့် အာဆီယံထိပ်သီးခေါင်းဆောင် များသီးသန့်အစည်းအဝေးသို့ အာဆီယံ နိုင်ငံ့ခေါင်းဆောင်အား လုံးနီးပါးတက်ရောက်ခဲ့ပြီး မလေးရှားနိုင်ငံကမူ ၀န်ကြီးချုပ်၏ အ ထူးကိုယ်စားလှယ် တက်ရောက် ကြောင်း သမ္မတရုံးထုတ်ပြန်ချက် တွင် ဖော်ပြသည်။
========================
251 / End
သမ္မတဦးဝင်းမြင့်ကို ဗီယက်နမ်၊ လာအိုနှင့် ဘရူနိုင်းနိုင်ငံ ခေါင်းဆောင်များက ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြား
၂၉ ဧပြီ ၂၀၁၈ - ၁၄:၀၆
News ID: 891382
နိုင်ငံတော်သမ္မတဦး ၀င်းမြင့်သည် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးမှ ယမန်နေ့ညနေ က ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်သုံးရက်မြောက်နေ့တွင် အာဆီယံသုံးနိုင်ငံ ခေါင်းဆောင် များက သမ္မတဦးဝင်းမြင့်အား တရားဝင်ချစ်ကြည်ရေးခရီးလာ ရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ ကြောင်း သမ္မတရုံး ထုတ်ပြန်ချက် များတွင်ဖော်ပြသည်။