၅ မေ ၂၀၁၈ - ၁၃:၀၈
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်သူများကို ထိန်းသိမ်းရန် အင်အားတစ်ထောင်ကျော်သာ အသုံးပြုခဲ့ဟု တပ်ချုပ်ပြော

ရခိုင်ပြည်နယ်မြောက် ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်သူ များကို ပြန်လည်ထိန်းသိမ်းရန် မြန်မာ့တပ်မတော်က အင်အား တစ်ထောင်နှင့် နှစ်ထောင်ကြား သာ အသုံးပြုခဲ့ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်မြောက် ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်သူ များကို ပြန်လည်ထိန်းသိမ်းရန် မြန်မာ့တပ်မတော်က အင်အား တစ်ထောင်နှင့် နှစ်ထောင်ကြား သာ အသုံးပြုခဲ့ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ဧပြီ ၃၀ ရက်တွင် ကု လသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ ဝင် နိုင်ငံများမှ သံအမတ်ကြီးများ နှင့် တွေ့ဆုံရာတွင် ယင်းသို့ထည့် သွင်းပြောကြားခဲ့ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

 ၂၀၁၇ သြဂုတ်က ဖြစ်ပွားခဲ့ သည့် မောင်တောဒေသ အကြမ်း ဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များ တွင် အကြမ်းဖက်တိုက်ခိုက်သူ များက အနည်းဆုံး အင်အား ခြောက်ထောင်မှ တစ်သောင်း ကြား ပါဝင်ပြီး မြန်မာ့တပ်မတော် က အင်အားတစ်ထောင်ကျော်၊နှစ်ထောင်အထက် ပိုမိုသုံးစွဲခြင်း မရှိကြောင်း ဗြိတိန်သံအမတ်ကြီး ကာရန်ပီးယာ့စ်၏ မေးမြန်းမှုကို ဖြေကြားခြင်းဖြစ်သည်။

 ထို့အပြင် တပ်မတော်သည် ပြည်သူလူထုအပေါ်တွင် ပြစ်မှု ကျူးလွန်မှုများရှိပါက ယင်းပြစ်မှု အတွက် ပြန်လည်အရေးယူခံရ မည်ဖြစ်ပြီး ၎င်းတို့၏ သမိုင်းကို ၎င်းတို့ကိုယ်တိုင် ရေးထိုးသွားမည် ဖြစ်ကြောင်း တပ်ချုပ်က ဆက် လက်ပြောကြားသည်။

 တပ်မတော်မှ အရေးယူ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက် ၍ ပြီးခဲ့သည့် ငါးနှစ်အတွင်း ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မမှူးတစ်ဦးအပါအဝင် တပ်မတော်သားများကို ထောင်ဒဏ် ငါးနှစ်ချမှတ်သည့် ဖြစ်စဉ်၊ ထောင်ဒဏ် ၂ နှစ်ချမှတ်သည့်ဖြစ်စဉ်၊ ထောင်ဒဏ် ဆယ်နှစ် ချမှတ်သည့် ဖြစ်စဉ်၊ ထောင်ဒဏ်တစ်နှစ်ချ မှတ်သည့်ဖြစ်စဉ်၊ နောက်ဆုံးရခိုင် ပြည်နယ် အင်းဒင်၌ ဖြစ်ပွားခဲ့သည့်လူသတ်မှုကြောင့် ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်သည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း  ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်များကို ကြည့်ပါ က တပ်မတော်သည် ပြစ်မှုကျူး လွန်သူများအား ခွင့်လွှတ်ပေးခြင်း မရှိသည်ကို ဖော်ပြနေကြောင်း တပ်ချုပ်က ပြောကြားသည်။ ယင်းသို့ တပ်မတော်၏ ဆောင် ရွက်ချက်များကို သတင်းထုတ် ပြန်ပေးသော်လည်း ယင်းသတင်း များ နိုင်ငံတကာသို့ ရောက်ရှိချိန် ၌ သတင်းအမှားများ ဖြစ်နေသည် ကို တွေ့ရကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြော သည်။

ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ် သက်၍ ပြဋ္ဌာန်းထားသည့် တပ်မ တော်အက်ဥပဒေအတိုင်း ငြိစွန်း သူအားလုံးကို အရေးယူဆောင် ရွက်နေကြောင်းနှင့် မည်သူတစ် ဦးတစ်ယောက်ကိုမျှ လျှော့ပေါ့၍ အပြစ်ပေးခြင်းမရှိကြောင်း ဆို သည်။

 ထို့အပြင် တပ်မတော်မှ ကောက်ယူထားသည့် မှတ်တမ်း များအရ ၂၀၁၆ တွင် အရပ်ဘက် -စစ်ဘက်၌ အဓမ္မပြုကျင့်မှု ၁,၁၁၆ မှု ဖြစ်ပွားပြီး ယင်းအမှု များထဲတွင် စစ်ဘက်မှ ၁၆ မှု  ပါဝင်ပြီး ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ် ခဲ့သည်ဟု ဆိုသည်။ ထို့အတူ ၂၀၁၇ တွင် တစ်နိုင်ငံလုံးရှိ တရား ရုံးများ၌ တိုင်တန်းခဲ့သည့် အဓမ္မ ပြုကျင့်မှု ၁,၄၂၂ မှုတွင် စစ်ဘက် မှ ၁၇ မှု ပါဝင်ပြီး ကျူးလွန်သူများ ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ် အပြစ်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရှင်းပြ သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် အကြမ်းဖက်ဖြစ်စဉ် ဆက် လက်မဖြစ်ပွားစေရေးအတွက် အ ခြားတစ်ဖက်မှ ထိန်းသိမ်းဆောင် ရွက်ရမည်ဖြစ်ပြီး လက်ရှိအခြေ အနေတွင် အစိုးရက သတ်မှတ် ထားသည့် ဧရိယာအတွင်း စနစ် တကျနေထိုင်မည်ဆိုပါက လုံခြုံ ရေးအတွက် စိုးရိမ်ပူပန်မှုရှိမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်တိုက်ခိုက်ခံရ ခြင်းမရှိပါက တပ်မတော်သည် မည်သည့်လုပ်ဆောင်မှုမျိုးကိုမျှ ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီများက ၎င်းတို့၏ လုံခြုံ ရေးဆိုင်ရာ အချက်များကိုစိုးရိမ် သလို ယင်းဒေသအတွင်း နေထိုင် သည့် တိုင်းရင်းသားလူမျိုးများက လည်း ပြန်လည်အနိုင်ကျင့်ခံရ မည် စိုးရိမ်နေကြောင်းနှင့် ယင်း အချက်ကို ကုလသံအမတ်ကြီး များက ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

  ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အချက်အလက်ရှာ ဖွေရေးအဖွဲ့များ လာရောက်ရေး နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်သည် ပြည် တွင်းရေးကိစ္စဖြစ်ကြောင်းနှင့် ပုံ ကြီးချဲ့ပြောဆို၍သာ နိုင်ငံတကာ ပါဝင်လာရသည့် အခြေအနေသို့ ဖြစ်လာကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

သို့ရာတွင် အမေရိကန်သံအ မတ်ကြီး ကယ်လီကာရီက လူ ပေါင်း ခုနစ်သိန်း မြန်မာနိုင်ငံနယ် နိမိတ်ကိုကျော်၍ အခြားနိုင်ငံသို့ ရောက်ရှိသွားသည့်အတွက်  မြန် မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စဟု မခေါ်ဆိုနိုင်ကြောင်း ပြန်လည် ပြောကြားသည်ဟု တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

တပ်မတော်ဘက်မှ စုံစမ်း တွေ့ရှိချက်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများနှင့် တာဝန် ရှိသူများကို အရေးယူခဲ့သော် လည်း တိုင်းရင်းသားများ သတ် ဖြတ်ခံရသည့် ဖြစ်စဉ်များတွင် ပြစ်မှု ကျူးလွန်သူ တရားခံများ ထွက်ပြေးနေကြောင်း၊ ၎င်းတို့အ ထဲမှ ဖမ်းဆီးရမိသူများကိုလည်း အရေးယူဆောင်ရွက်ခဲ့သည်များ ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရှင်းပြသည်။

တပ်မတော်အနေဖြင့် လို အပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြည်တွင်း၌ပင် ပြုလုပ်ထားပြီး ဖြစ်၍ လုံလောက်ပြီဟု ယူဆပါ ကြောင်း  ၎င်းကဆက်လက်ပြော သည်။

 မြန်မာနိုင်ငံအတွင်း လက် နက်ကိုင်တိုက်ခိုက်မှုများ မရှိပါ က တပ်မတော်တွင် လုံခြုံရေးနှင့် ပတ်သက်၍ တာဝန်မရှိသော် လည်း လက်နက်ကိုင်တိုက်ခိုက်မှု များ ဖြစ်ပေါ်လာပါက တပ်မတော် က ကာကွယ်ပေးရန် အပြည့်အဝ တာဝန်ရှိကြောင်း၊ သာမန်လုံခြုံ ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး သာမန်လုံ ခြုံရေးထက်ပိုသော ဆောင်ရွက်မှု များတွင် တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်ပေးရမည် ဖြစ် ကြောင်းနှင့် တပ်မတော်တွင် တာ ဝန်လုံးဝမရှိဟု ငြင်းဆိုပြောကြား ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

========================
251 / End