၂၈ မေ ၂၀၁၈ - ၁၈:၀၀
ပြည်တွင်း၊ပြည်ပ ဘာသာပေါင်းစုံအဖွဲ့ဝင်များ မောင်တောဒေသသို့ သွားရောက်လေ့လာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် မြန်မာနိုင်ငံကက်သလစ်ဂိုဏ်း ချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သည့် နိုင်ငံ တကာနှင့် ပြည်တွင်းမှ Religions for Peace (RfP) နှင့် ဘာသာ ပေါင်းစုံအဖွဲ့သည် မေလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်မောင် တောဒေသသို့ သွားရောက်လေ့ လာခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် မြန်မာနိုင်ငံကက်သလစ်ဂိုဏ်း ချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သည့် နိုင်ငံ တကာနှင့် ပြည်တွင်းမှ Religions for Peace (RfP) နှင့် ဘာသာ ပေါင်းစုံအဖွဲ့သည် မေလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်မောင် တောဒေသသို့ သွားရောက်လေ့ လာခဲ့သည်။


အဆိုပါအဖွဲ့သည် မောင် တောဒေသ အကြမ်းဖက်တိုက်  ခိုက်ခံရမှုဖြစ်ပွားစဉ်က ထွက်ပြေး တိမ်းရှောင်သူများကို ပြန်လည် လက်ခံရေး ဆောင်ရွက်မည့် မောင်တောမြို့နယ် လှဖိုးခေါင် ကြားစခန်းသို့ သွားရောက်ရာ မောင်တောခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြန်လည် လက်ခံမည့် အစီအမံများနှင့် ပြန် လည်နေရာချထားမည့်အစီအစဉ် များကို ရှင်းလင်းခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ထို့နောက် ဘာသာပေါင်းစုံ  အဖွဲ့ဝင်များသည် တောင်ပြို လက်ဝဲပြန်လည်လက်ခံရေးစခန်း နှင့် မြန်မာ-ဘင်္ဂလားဒေရှ့်နှစ် နိုင်ငံချစ်ကြည်ရေး တံတားသို့ သွားရောက်လေ့လာခဲ့သည်။

ထို့အပြင် ARSA အစွန်း ရောက်အကြမ်းဖက်အဖွဲ့၏ ဖမ်း ဆီးခေါ်ဆောင်ခြင်းခံရသည့်ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံပြီး ပြန်လည် ၀င်ရောက်လာသူများ ကို လုံခြုံရေး၊ ကျန်းမာရေးနှင့် ရှင် သန်ရပ်တည်နေရသည့် အခြေအ နေများ၊ အကြမ်းဖက်မှုအတွင်း ကြုံတွေ့ခံစားခဲ့ရသည့် အ ကြောင်းအရာများနှင့် ဖွံ့ဖြိုးရေး လိုအပ်ချက်များ မေးမြန်းခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က သတင်းဖော်ပြသည်။

နိုင်ငံတကာနှင့်ပြည်တွင်းမှ Religions for Peace (RfP) နှင့် ဘာသာပေါင်းစုံ အဖွဲ့ဝင်များ သည် ပန်းတောပြင်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျေးရွာအခြေခံ ပညာကျောင်းများ၏ စာပေသင် ကြားမှုအခြေအနေ အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးစာ ပေသင်ကြားမှု အခြေအနေများ နှင့် ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စွာနေထိုင်နိုင်မည့် အခြေ အနေများကို မေးမြန်းခဲ့သည်။

ထို့နောက် အကြမ်းဖက်သ မားများ၏ တိုက်ခိုက်ခံရသော ကိုင်းကြီး(မြို) တိုင်းရင်းသားကျေး ရွာသို့ သွားရောက်လေ့လာခဲ့ သည်။

ကာဒီနယ်ချားလ်စ်ဘို ဦး ဆောင်သည့် နိုင်ငံတကာနှင့်ပြည်တွင်းမှ Religions for Peace (RfP) နှင့် ဘာသာပေါင်းစုံအဖွဲ့ သည် မေလ ၂၅ ရက်တွင်  နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် နေပြည် တော်၌တွေ့ဆုံခဲ့သည်။ထို့နောက် မေလ ၂၆ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိပြီး မေလ ၂၇ ရက်တွင် မောင်တောသို့သွားရောက်သည်။

=======================
251 / End