အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မဟာအောင်မြေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား ဘောလုံးပြိုင်ပွဲကို မနေ့က မန္တလးမြို့မှာကျင်းပပါတယ်။
ရပ်ကွက်ပေါင်းစုံ U-21 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို မဟာအောင်မြေမြို့နယ် အားကစားကွင်းမှာ မေလ ၂၇ ရက် နေ့လယ် ၃ နာရီအချိန်က အသက် ၂၁ အောက် လူငယ်တွေ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။
လူငယ်တွေ အားကစားကို စိတ်ဝင်စားလာရင် မူးယစ်ဆေးဝါးသုံးစွဲသူတွေ နည်းပါးလာမယ်၊ အားကစားဟာ ကျန်းမာရေးတခုဖြစ်ပြီး ကျန်းမာရေးကို စိတ်ဝင်စားလာရင် ကျန်းမာရေးကိုဆိုးရွာစွာထိခိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေက လျော့နည်းသွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က ဒီဗွီဘီကို ပြောပါတယ်။
ဘောလုံးပွဲကို မန္တလေးတိုင်း အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စည်ပင်ကော် မတီဝင်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ပြည်သူတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။
=======================
251 / End
၂၈ မေ ၂၀၁၈ - ၁၈:၃၁
News ID: 895334
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မဟာအောင်မြေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား ဘောလုံးပြိုင်ပွဲကို မနေ့က မန္တလးမြို့မှာကျင်းပပါတယ်။