အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နီလိုင်- မြန်မာနိုင်ငံမှ တင်ပို့သည့် ဒေါ်လာ ၁၈ သန်းခန့် တန်ဖိုးရှိ သော စိတ်ကြွမူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း မလေးရှားအကောက်ခွန်ဌာနက ကြေညာ သည်။
မလေးရှားအာဏာပိုင်များ သည် မေလ ၂၂ ရက် ဖမ်းမိမှု သတင်းကို မေလ ၂၈ ရက်တွင်မှ တရားဝင် ထုတ်ပြန်ခဲ့သည်။ မလေးရှားဆိပ်ကမ်းတစ်ခုတွင် ကုန်သေတ္တာအတွင်း လက်ဖက် ခြောက်ထုပ်များသဖွယ် ပုံဖျက် ထားသည့် မက်သာဖက်တမင်း ဆေးဝါး ၁ ဒသမ ၂ တန်ခန့် (၁,၁၈၇ ကီလိုဂရမ်မျှ)ကို သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်သည်။ယင်းဖြစ်ရပ်နှင့် ဆက်စပ်၍ မလေးရှား နိုင်ငံသား သုံးဦးနှင့် မြန်မာသုံးဦးကို ဖမ်းဆီးထားကြောင်းလည်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးသည် ရင်းဂစ်ငွေ ၇၁ သန်း (ဒေါ်လာ ၁၈ သန်း)မျှ ရှိနေသည်။ မလေးရှားနိုင်ငံသမိုင်းတွင် ယခုဖြစ်ရပ်သည် ငွေကြေးတန်ဖိုးအရရော အလေးချိန် ပမာဏအရပါ အကြီးကျယ်ဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် မှတ်တမ်းဝင်ခဲ့သည်။
အဆိုပါ ကုန်သေတ္တာသည် ရန်ကုန်မြို့မှ ခရီးစတင်ပြီး ကွာလာ လမ်ပူ ဆင်ခြေဖုံးရှိ ပို့ကလန်သို့ လိပ်မူ တင်ပို့ထားခြင်းသည်ဟု အ ကောက်ခွန်ဦးစီးဌာနအကြီးအကဲ ဆူဘရိုမာနီယမ်က ဆိုသည်။ ‘‘တန်ဖိုးနဲ့ပဲ တွက်တွက်၊ အလေးချိန်နဲ့ပဲတွက်တွက် ဒီတစ်ခေါက် က ကျွန်တော်တို့ ဖမ်းဆီးရမိဖူး သမျှ အများဆုံး စံချိန်တင် မူးယစ် ဆေးဝါးအမှုပါပဲ’’ဟု ၎င်းက ပြော ကြားခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး သည် အလွန်စွဲလမ်းတတ်သည့် အာနိသင်ရှိပြီး စပိဒ်၊ ရှာဘူ၊ယာဘဆိုသော နာမည်များဖြင့် လည်း လူသိများသည်။ ကုန် သေတ္တာထဲတွင် စားသောက်ကုန်များ တင်ဆောင်လာသည်ဟု စာရင်းပေးသွင်းထားသော်လည်း ဖွင့်ဖောက်စစ်ဆေးချိန်၌ မူးယစ်ဆေး များ ပမာဏများပြားစွာ တွေ့မြင် ရခြင်းဖြစ်သည်။
မလေးရှား အကောက်ခွန် အရာရှိများက ကွာလာလမ်ပူအနီး နီလိုင်အရပ်မှ ဌာနချုပ်စခန်းထဲ တွင် ရွှေရောင်နှင့် အစိမ်းရောင် အထုပ်များဖြင့် လက်ဖက်အသွင် ပုံဖျက်ထုပ်ပိုးထားသော မူးယစ် ဆေးများကို သတင်းမီဒီယာများ အား ထုတ်ဖော်ပြသခဲ့သည်။
လတ်တလောတွင် မသင်္ကာ သူ ခြောက်ဦးကို ထိန်းသိမ်းထား သည့်တိုင် နောက်ဆက်တွဲ စုံစမ်းမှု များ ဆက်လက်လုပ်ဆောင်နေဆဲ ဟုလည်း ဆူဘရိုမာနီယမ်က ဆိုသည်။
‘‘ကျွ န်တော်တို့ စုံစမ်းမှုတွေ ဆက်လုပ်နေတုန်းပါ။ ဒီကိစ္စမှာ မြန်မာဘက်က အချိတ်အဆက် တွေလည်း ပါလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
ယခုနှစ်အတွင်း အရှေ့ တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်းနှင့် အင်ဒိုနီးရှားတွင်လည်း မူးယစ်ဆေး အမြောက်အမြား ဖမ်းဆီးရမိမှုများရှိခဲ့သည်။
အာရှတိုက်တွင် မက်သာဖက်တမင်း မူးယစ်ဆေးသုံးစွဲမှုသည် ၂၀၁၅ နောက်ပိုင်းတွင် ထိတ်လန့်ဖွယ်မြန်နှုန်းမျိုးဖြင့် မြင့်တက်လာနေကြောင်းလည်း နိုင်ငံတကာ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများက သတိပေးထားသည်။
=======================
251 / End
၂၉ မေ ၂၀၁၈ - ၁၉:၁၅
News ID: 895500
နီလိုင်- မြန်မာနိုင်ငံမှ တင်ပို့သည့် ဒေါ်လာ ၁၈ သန်းခန့် တန်ဖိုးရှိ သော စိတ်ကြွမူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း မလေးရှားအကောက်ခွန်ဌာနက ကြေညာ သည်။