အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဇွန်လ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။
တပ်မတော်ဖခင်၊ လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်၊ အာဇာနည်ခေါင်းဆောင် စတဲ့ ဂုဏ်ပုဒ်အသီးသီးနဲ့ ပြည့်စုံတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းမှာ ပျောက်ကွယ်မသွားစေလိုတဲ့ ရည်ရွယ်ချက်၊ မြို့ရဲ့ ဂုဏ်၊ မြို့ရဲ့တန်ဖိုး၊ မြို့ရဲ့ကျက်သရေကို ဖော်ပြလိုတဲ့ ရည်ရွယ်ချက်တွေအပြင် ဒေသခံပြည်သူတွေ ချစ်စိတ်၊ ခင်စိတ်၊ မြတ်နိုးစိတ်နဲ့ ဗိုလ်ချုပ်လိုစိတ်ဓာတ်တွေ ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူတာဖြစ်တယ်လို့ မြို့နယ်စည်ပင်ကော်မတီဥက္ကဌ ဦးကျော်ညွန့်ဆွေက ပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးအတွက် ၂၀၁၆ ခုနှစ်ကတည်းက စတင်ကာ တိုင်းဒေသကြီးအစိုးရ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သိန်း ၂၀၀ နဲ့ မတည်ကာ တည်ဆောက်ခဲ့တာဖြစ်ပြီး ငွေကျပ် ၄၈၄ သိန်းကုန်ကျခဲ့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါဝင် အစိုးရတာဝန်ရှိသူတွေ၊ ပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။
=======================
251 / End
၁၀ ဇွန် ၂၀၁၈ - ၁၆:၅၇
News ID: 897078
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဇွန်လ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။