အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခရစ္စတင်း ရွှာနာ ဘာဂန်နာဟာ ဒီကနေ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာအာဏာပိုင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သံတမန်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိ တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက် မှာဖြစ်ပါတယ်။
မစ္စခရစ္စတင်း ရွှာနာဘာဂမ်နာကို ဗီဂျေနီဘီယာနေရာမှာ ပြီးခဲ့တဲ့ ဧပြီလကမှ မြန်မာ ကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်လိုက်တာဖြစ်ပြီး သူဟာ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံ အမတ်ဟောင်းလည်းဖြစ်ပါတယ်။
=======================
251 / End
၁၂ ဇွန် ၂၀၁၈ - ၁၆:၀၅
News ID: 897296
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခရစ္စတင်း ရွှာနာ ဘာဂန်နာဟာ ဒီကနေ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်ပါတယ်။