အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံကို ဥရောပနိုင်ငံများမှာ နိုင်ငံခြားသား ခရီးသွားဧည်သည့်များ ဝင်ရောက်မှု လျော့ကျနေသည့် အချိန်တွင် အာဆီယံ +၃ နိုင်ငံများဖြစ်သည့် ဂျပန် ၊ တရုတ် နှင့် ကိုရီးယား နိုင်ငံများကို ဗီဇာစနစ်များ ဖြေလျော့ ပေးသွားမည်ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောလိုက်သည်။
ယနေ့ ဇွန်လ ၁၂ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ကွန်ဖရင့် ၂၀၁၈ အခမ်းအနားတွင် ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံ အနေနဲ့ လတ်တလောမှာ ဥရောပနိုင်ငံသားများ ဝင်ရောက်မူ နည်းနေပေမယ့် အာဆီယံ+၃ နိုင်ငံများဖြစ်တဲ့ ဂျပန် ၊တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံများက ဧည့်သည်ဝင်ရောက်မူ ပိုမို တိုးတက်စေဖို့ အတွက် မျှော်မှန်းပြီး ၄င်း သုံးနိုင်ငံကို ဗီဇာ စနစ်များ ဖြေလျော့ပေးဖို့ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ် " ဟု အမျိုးသား ခရီးသွားလုပ်ငန်း ဖွံတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ တာဝန်ယူထားသည့် ဒုသမ္မတ ဟင်နရီ ဗန်ထီးယူက ဆိုသည်။
ဗီဇာစနစ်တွေကင်းလွတ်ခွင့်ပေးဖို့အတွက် လက်ရှိအချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်မူအားဖြင့် သဘောတူညီမှုတွေရရှိပြီးဖြစ်ပြီး စတင်းကျင့်သုံးသွားမည့်အချိန်ကို ဆွေးနွေးမှုများ ပြုလုပ်ပြီး ထုတ်ပြန်သွား မည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။
=======================
251 / End
၁၃ ဇွန် ၂၀၁၈ - ၁၈:၀၇
News ID: 897449