၁၄ ဇွန် ၂၀၁၈ - ၁၇:၂၁
မြန်မာသမ္မတ ဦးဝင်းမြင့် ဘန်ကောက်လေဆိပ်သို့ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ခေါင်းဆောင်တဲ့ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ကို အထူးလေယာဉ်နဲ့ ရောက်ရှိသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ခေါင်းဆောင်တဲ့ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ကို အထူးလေယာဉ်နဲ့ ရောက်ရှိသွားပါတယ်။

မြန်မာသမ္မတဟာ ဒီကနေ့  ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးမှာဖြစ်ပါတယ်။

မြန်မာသမ္မတဟာ ဘန်ကောက်မြို့မှာ ဇွန်လ ၁၅ရက်နဲ့ ၁၆ရက်တွေမှာ  ကျင်းပမယ့် (၈)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေးနဲ့  (၉)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ထိပ်သီးအစည်း အဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

=======================
251 / End