၁၆ ဇွန် ၂၀၁၈ - ၁၇:၀၅
သမ္မတဦးဝင်းမြင့် ဘန်ကောက်မြို့၌ ကျင်းပသည့် ACMECS CEO Forum ဖွင့်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဘန်ကောက်မြို့၌ ပြုလုပ်သည့် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ACMECS CEO Forum ဖွင့်ပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားကြောင်း သမ္မတရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဘန်ကောက်မြို့၌ ပြုလုပ်သည့် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ACMECS CEO Forum  ဖွင့်ပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားကြောင်း သမ္မတရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ပြုပြင် ပြောင်းလဲမှုများစွာကို ကျင့်သုံး  အကောင်အထည်ဖော်ဆောင်ပြီး  ဗဟိုချုပ်ကိုင်မှု စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးနေကြောင်း နှင့်ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ စီး ပွားရေးလုပ်ငန်းများလုပ်သာကိုင် သာအခွင့်အလမ်းများရရှိစေရန် ဥပဒေ၊ မူဝါဒများလည်း ပြုပြင် ပြောင်းလဲနေကြောင်း သမ္မတဦး ၀င်းမြင့်က ထည့်သွင်းပြောကြား သည်။


ဆက်လက်၍ နိုင်ငံတော် သမ္မတက ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုကို နိုင်ငံရေးကတိ က၀တ်တစ်ခုတည်းဖြင့် အောင် မြင်အောင်ဆောင်ရွက်၍ မရ ဘဲဒေသတွင်း၌ နားလည်မှုရှိရှိ အ တူယှဉ်တွဲနေထိုင်ရေးက ပိုမိုအ ရေးပါကြောင်းနှင့် ဒေသတွင်း နိုင်ငံများအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သောဝန်းကျင်ကို ထိရောက်စွာလျှောက်လှမ်းနိုင် မည်ဖြစ်ကြောင်းပြောကြားသည်။

ပူးပေါင်းဆောင်ရွက်မှုသက် တမ်း ၁၅ နှစ်ရှိပြီဖြစ်သော ACMECS သည်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ စေရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ ဆောင်ရေး၊ စက်မှုနှင့်စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျန်းမာ ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးစ သည့် အဓိကနယ်ပယ် ရှစ်ခုကိုအ လေးအနက်ထားပူးပေါင်းဆောင်  ရွက်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ကထည့်သွင်းပြောကြားသည်။

 ယခုပြုပြင်ပြောင်းလဲဖွဲ့ စည်းမည့် ACMECS ပူးပေါင်း ဆောင်ရွက်မှုပုံစံအသစ်အရအဖွဲ့ ၀င်နိုင်ငံများ၏ အစိုးရ၊ ပုဂ္ဂလိက  ကဏ္ဍ၊ ငွေကြေးဆိုင်ရာအဖွဲ့အ စည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အ ဖွဲ့အစည်းများအကြား ပိုမိုနီးကပ် စွာပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံ ကြည်ကြောင်း သမ္မတက ဆက် လက်ပြောကြားသည်။

အဆိုပါ ဖိုရမ်ဖွင့်ပွဲသို့ထိုင်း နိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အို ချာ၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်၊ ထိုင်း နိုင်ငံဒုတိယ၀န်ကြီးချုပ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ AC-MECS အဖွဲ့ဝင်များနိုင်ငံမှ အမှု ဆောင်အရာရှိချုပ်များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် တာဝန် ရှိသူများတက်ရောက်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 ညပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် (၈)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (အက် မက်စ်) ထိပ်သီးအစည်းအဝေးနှင့်  (၉)ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို-မြန်မာ-ဗီယက်နမ်(စီ အယ်လ်အမ်ဗီ) ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံ့အကြီးအကဲနှင့်  အစိုးရအဖွဲ့အကြီးအကဲများအား ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်ဇနီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

=======================
251 / End