အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံ တတိယအစည်းအဝေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်ကစ ၍ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံ တော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။
၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင်လလယ် တွင် ကျင်းပရန် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များနှင့် နိုင်ငံရေးပါတီကိုယ်စား လှယ်များ ဇွန်လ ၁၆ ရက်တွင် ရန်ကုန်မြို့၌ အလွတ်သဘော ဆွေးနွေးထားသည်။
‘‘ညီလာခံအကြို၊ ညီလာခံနဲ့ ပတ်သက်တာတွေ ဆွေးနွေးမှာ’’ ဟု ဦးဇော်ဌေးက အစိုးရ၊ လွှတ် တော်၊ တပ်မတော်ကိုယ်စားလှယ် များအကြား ဆွေးနွေးညှိနှိုင်းမည့် အခြေအနေနှင့် ပတ်သက်၍ ယမန်နေ့က ပြောသည်။
ယခင်ကလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ၂၁ ရာစုပင်လုံ ညီလာခံကိုယ်စား လှယ်များအကြား တွေ့ဆုံညှိနှိုင်း ခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အထူးသဖြင့် အစိုးရ နှင့် တပ်မတော်အကြား သဘော ထားမတူညီခြင်းများ တွေ့ရသည် ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုထားသည်။
ယင်းအခြေအနေနှင့်ပတ် သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဆွေး နွေးပွဲများတွင် ‘‘အစိုးရဘက်ပဲ အရင်ညှိပါဦး’’ဟု ထုတ်ဖော်ပြော ကြားခြင်းများရှိကြောင်း ၂၀၁၇ သြဂုတ်အတွင်း ပြုလုပ်သည့် ၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းနှင့် ကြိုတင်ပြင်ဆင် ခြင်း စကားဝိုင်းဆွေးနွေးပွဲတွင် ပြောဆိုဖူးသည်။ ယင်းဆွေးနွေးပွဲ သို့ အစိုးရ၊ လွှတ်တော်၊ တပ် မတော်အစုအဖွဲ့မှ ညီလာခံကိုယ် စားလှယ်များ တက်ရောက်ခဲ့ သည်။
အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်ခေါင်းဆောင်များအကြား အရေးကြီးသည့် မူဝါဒပိုင်းများ တွင် ကြိုတင်ဆွေးနွေးညှိနှိုင်းပြီး ဘုံရပ်တည်ချက် ရယူနိုင်ခဲ့သည့် တိုင် ၂၁ ရာစုပင်လုံ ဒုတိယ အ စည်းအဝေးအပါအဝင် ညီလာခံ များ၊ ဆွေးနွေးပွဲများ၌ ကိုယ်စား လှယ်များ၏ တစ်ဦးချင်း စဉ်းစား သုံးသပ် ဆွေးနွေးမှုများကြောင့် ဝိဝါဒကွဲလွဲမှုများဖြစ်နေကြောင်း ဝန်ကြီးဦးကျော်တင့်ဆွေက ပြော ကြားသည်။
၂၁ ရာစုပင်လုံ ညီလာခံနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု များ ဆောင်ရွက်ထားမှသာ အစိုးရ-လွှတ်တော်-တပ်မတော် ပါဝင်သည့် အစိုးရအစုအဖွဲ့အနေ ဖြင့် ဘုံသဘောထားရပ်တည်ချက် ဖြင့် ရပ်တည်နိုင်မည်ဟု အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးကျော်တင့်ဆွေက ပြောသည်။
၂၁ရာစုပင်လုံ ညီလာခံ အစည်းအဝေးများကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်း ရင်းသားလက်နက်ကိုင်၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသားနှင့် ပါဝင် သင့်ပါဝင်ထိုက်သူ စသည့် အစု အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ကျင်းပခြင်းဖြစ် သည်။
=======================
251 / End
၁၈ ဇွန် ၂၀၁၈ - ၁၅:၃၃
News ID: 898078
အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံ တတိယအစည်းအဝေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်ကစ ၍ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံ တော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။