အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ဇွန် ၁၈ ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့၌ ရန်ကုန်၊ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် သံဃာ တော်များကို ဆွမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ကုသိုလ်ကောင်းမှုအဖြစ် ဆွမ်းလောင်းခြင်းမှလွဲ၍ ရုံးချုပ် တွင် မွေးနေ့ပွဲကြီးကြီးကျယ်ကျယ် ကျင်းပရန်မရှိဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က မဇ္ဈိမသို့ ပြောသည်။
" တခြားကြီးကြီးကျယ်ကျယ်ပွဲတော့ လုပ်ဖို့မရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ကုသိုလ်ကောင်းမှုအဖြစ် ဆွမ်းလောင်းဖို့တော့ရှိတယ်၊ အဲဒီလောက်ပါပဲ၊ ရန်ကုန်တိုင်းအတွင်းက သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းလောင်းလှူမယ်ပေါ့၊ တချို့လည်း နေပြည်တော်သွားမယ့် သူတွေလည်းရှိတယ်ကြားတယ်" ဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ပွဲများကို ကြီးကြီးကျယ်ကျယ်မပြုလုပ်ရန် မှာကြားထားခြင်း မရှိ ကြောင်းနှင့် ရန်ကုန်မြို့နယ်အတွင်း အဖွဲ့ချုပ်ရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများ ပြုလုပ်ရန်စီစဉ်နေကြောင်း မုံရွာအောင်ရှင်က ဆက်ပြောသည်။ ထို့ပြင် နေပြည်တော်နှင့် မန္တလေး၊ မကွေးနှင့်အခြားမြို့နယ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေး နေ့ပွဲများ ကျင်းပရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့၌ကျရောက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ၇၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် မွေးနေ့အခမ်းအနားပြုလုပ်၍ ညပိုင်းတွင် ရွှေတိဂုံဘုရားတွင် ကောင်းမှုကုသိုလ်များပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
=======================
251 / End
ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်ပြည့် မွေးနေ့အဖြစ် NLD ရုံးချုပ်တွင် သံဃာတော်များကို ဆွမ်း လောင်းလှူမည်
၁၈ ဇွန် ၂၀၁၈ - ၁၆:၁၃
News ID: 898090
ရန်ကုန် ဇွန် ၁၈ ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့၌ ရန်ကုန်၊ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် သံဃာ တော်များကို ဆွမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရသည်။