အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်ကိုယ် စားလှယ် ၁၂ ဦးက အချက်ခြောက်ချက်ဖြင့် စွပ်စွဲပြစ်တင်ထားသည့် ရခိုင်ပြည်နယ် စီမံ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို ဆက်လက် တာဝန်ထမ်းဆောင်သင့်၊ မသင့် ပြည်နယ်လွှတ်တော်၌ မဲခွဲဆုံး ဖြတ်ရာ ရှုံးနိမ့်ခဲ့သည်။
ဦးကျော်အေးသိန်းကို စွပ် စွဲပြစ်တင်ထားသည့် အဆိုနှင့် ပတ်သက်၍ လွှတ်တော်အဆုံးအ ဖြတ် ရယူရန် ဇွန်လ ၂၉ ရက် က အရေးပေါ်အစည်းအဝေး ပြု လုပ်၍ မဲခွဲခဲ့သည်။
မဲခွဲဆုံးဖြတ်ရာတွင် ဦးကျော် အေးသိန်းအား စွပ်စွဲပြစ်တင်မှုကို ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲ ကိုးမဲ၊ ပယ်မဲ ၁၀ မဲရရှိသည်။ သို့ သော် စွပ်စွဲပြစ်တင်မှုသည် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ၏ သုံးပုံနှစ်ပုံက ထောက်ခံမှသာ အထမြောက်မည်ဖြစ်သဖြင့် လုံလောက်သည့် မဲအရေအတွက် မရရှိဘဲ ရှုံးနိမ့်ခဲ့သည်။
‘‘လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးတက်တယ်။ အဲဒီအထဲမှာ သုံးပုံနှစ်ပုံဖြစ်တဲ့ ထောက်ခံမဲ ၃၁ မဲရရမယ်။ အခုက ၂၅ မဲတည်းရတဲ့ အတွက် စွပ်စွဲပြစ်တင်မှုမမြောက် ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်’’ ဟု လွှတ်တော်ဒုဥက္ကဋ္ဌဦးမြသန်းက ပြောသည်။
မဲခွဲရာတွင် ပယ်မဲ ၁၀ မဲသည် တပ်မတော်ဘက်မှ မဲများဖြစ် သည်ဟု လွှတ်တော်ကိုယ်စား လှယ်ဦးနိုင်ကြွေအေးက မီဒီယာ များ ပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော် တွင် ရခိုင်အမျိုးသားပါတီ(ANP) မှ ကိုယ်စားလှယ် ၂၃ ဦးဖြင့် နေရာအများဆုံးရရှိပြီး ဒီချုပ်မှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးမှ သုံးဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦး ရှိသည်။
ဝန်ကြီးဦးကျော်အေးသိန်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေအ ရ ပေးအပ်သော တာဝန်များ ကျေပွန်စွာ မဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ် ၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာ ရေးစည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မှု မရှိခြင်းတို့ ကြောင့် မြို့နယ်အလိုက် ဆောင် ရွက်ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် များစွာထိခိုက်ဆုံးရှုံးမှုများ ရှိနေသဖြင့် ရာထူးမှရပ်စဲနိုင်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေး ရန် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက မတ်လ ၁၄ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့သည်။
ဝန်ကြီးတစ်ဦးအနေဖြင့် တည်ဆဲဥပဒေနှင့် ဆန့်ကျင်ကာ သီးခြားဆောင်ရွက်ရသော လုပ် ငန်းမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့ ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မူဘောင် အတွင်းမှ ဆောင်ရွက်ခြင်းသာ ဖြစ်၍ ဥပဒေအရ ပေးအပ်သော တာဝန်ကိုကျေပွန်စွာထမ်းဆာင် ခဲ့ကြောင်း ပြည်နယ် စီမံဘဏ္ဍာ ၀န်ကြီး ဦးကျော်အေးသိန်းက ခုခံချေပသည်။
ထို့နောက် ဒီချုပ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင် ကြွေအေးဦးဆောင်သည့် အဖွဲ့ ၀င် ငါးဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို လွှတ်တော်က ဖွဲ့ စည်း၍ စစ်ဆေးပြီးနောက် ယမန်နေ့တွင် လွှတ်တော်က မဲခွဲဆုံး ဖြတ်ခဲ့သည်။
အဆိုရှုံးနိမ့်ခဲ့၍ ဦးကျော် အေးသိန်းသည် ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးအဖြစ် ဆက် လက်ရှိနေမည် ဖြစ်သည်။
ရခိုင်ပြည်နယ် လွှတ်တော် သည် ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ပထမဆုံးအကြိမ် စွပ်စွဲပြစ်တင်ဖြုတ်ချထားသည်။
=======================
251 / End
၂၉ ဇွန် ၂၀၁၈ - ၁၅:၁၈
News ID: 899678
လွှတ်တော်ကိုယ် စားလှယ် ၁၂ ဦးက အချက်ခြောက်ချက်ဖြင့် စွပ်စွဲပြစ်တင်ထားသည့် ရခိုင်ပြည်နယ် စီမံ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို ဆက်လက် တာဝန်ထမ်းဆောင်သင့်၊ မသင့် ပြည်နယ်လွှတ်တော်၌ မဲခွဲဆုံး ဖြတ်ရာ ရှုံးနိမ့်ခဲ့သည်။