၂ ဇူလိုင် ၂၀၁၈ - ၁၃:၁၂
၂၁ ရာစုပင်လုံသို့ လေ့လာသူအဖြစ် တက်ရောက်လိုသူများ ဇူလိုင် ၄ ရက် နောက်ဆုံးလျှောက်ထားနိုင်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ လေ့ လာသူအဖြစ် တက်ရောက်လိုသူ များအနေဖြင့် အဆိုပြုလွှာများကို ဇူလိုင် ၄ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ လေ့ လာသူအဖြစ် တက်ရောက်လိုသူ များအနေဖြင့် အဆိုပြုလွှာများကို ဇူလိုင် ၄ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။

  အဆိုပြုလွှာကို upc21-stcenturypanglong@gmail.com သို့   ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်ကို  Union Peace Conference - 21st Century Panglong - Third Session Facebook စာမျက်နှာတွင် လေ့ လာနိုင်သည်။

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးသို့ လေ့လာသူ ၁၇၀ ခန့်  ဖိတ်ကြားရန်  လျာထား ကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူး တာလှဖေက ပြောသည်။

 ‘‘လေ့လာသူတွေကတော့ ညီလာခံရဲ့စရိတ်နဲ့ မဟုတ်ဘဲနဲ့ ကိုယ့်စရိတ်နဲ့ကိုယ်ဆိုတဲ့ အဲဒါ လေးတော့ ထူးခြားမှုရှိတယ်’’ဟု ၎င်းက ဆိုသည်။

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးလေ့လာသူအဖြစ် တက်ရောက်လိုသူများ လိုက်နာရ မည့်စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားရာ လေ့လာသူအ ဖြစ် တက်ရောက်သူသည် ဆွေးနွေးပွဲများ ကျင်းပနေစဉ် ဝင်ရောက်ဆွေးနွေးခြင်း၊ ကြားဖြတ် ပြောဆိုခြင်း၊ အကြံပြုဆွေးနွေး ခြင်းများ မပြုလုပ်ရကြောင်း ဖော် ပြထားသည်။

 ထို့အပြင် လေ့လာသူများသည် UPDJC အတွင်းရေးမှူးများ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ဆွေးနွေး မှုများကို အသံဖမ်းခြင်း၊ ဗီဒီယိုရိုက်ခြင်းမပြုလုပ်ရန်၊ ညီ လာခံတွင် ဆွေးနွေးသည့် အကြောင်းအရာများနှင့်ပတ်သက် ၍ ပြန်လည်ပြောဆိုရေးသားရာ၌ ဆွေးနွေးသည့်ကိုယ်စားလှယ်နှင့် အဖွဲ့အစည်းများ၏ အမည်ကို ဖော်ပြခြင်းမပြုရန်လည်း   ပါရှိ သည်။

သတ်မှတ်စည်းကမ်းချက် များ ဖောက်ဖျက်ပါက ညီလာခံ တက်ရောက်ခွင့်ရပ်ဆိုင်းမည်ဟု စည်းကမ်းချက်တွင် ဖော်ပြထား သည်။

၂၀၁၇ မေလက ကျင်းပ သည့် ၂၁ ရာစုပင်လုံဒုတိယအ စည်းအဝေးသို့ လေ့လာသူ ၁၈၅ ဦးတက်ရောက်ခဲ့သည်။

=======================
251 / End