အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မလေးရှားအစိုးရ၏ တ ရားမဝင်လုပ်သားများ ဖမ်းဆီးရေး စီမံချက်ကြောင့်အဖမ်းခံရမည်ကို စိုးရိမ်၍ တိုက်ပေါ်မှ ခုန်ချထွက် ပြေးသော မြန်မာလုပ်သားတစ်ဦး သေဆုံးမှုဖြစ်ပွားပြီး စက်ရုံအလုပ် ရှင်အချို့က အလုပ်ရပ်နားထား ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများအရေး ကူညီ ပေးနေသော မြန်မာအဖွဲ့အစည်း များက ပြောသည်။
မလေးရှားအစိုးရသည် တ ရားမဝင်အလုပ်သမားများ ငှား ရမ်းခြင်းအစီအစဉ်ကို ဇူလိုင် ၁ ရက်က စတင်၍ ခွင့်မပြုကြောင်း ကြေညာပြီး အထက်ပါစီမံချက် ကို ဇွန်လနောက်ဆုံးပတ်တွင် နိုင်ငံတစ်ဝန်းစတင်ခဲ့သည်။ဇွန်လ ၂၉ ရက်တွင် အန် ဘန်းမြို့၌ တရားမဝင်နိုင်ငံခြား လုပ်သားများကို ဖမ်းဆီးရာ ချင်း တိုင်းရင်းသား လုပ်သားတစ်ဦး ဖမ်းဆီးခံရမည်စိုးရိမ်၍ တိုက်ပေါ် မှ ခုန်ချရာ ပြုတ်ကျသေဆုံးခဲ့ ကြောင်း ကပ်ပုန်း ခုနစ်ရက်သားသမီးနာရေးကူညီမှုအသင်း (မလေးရှား) ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။ ဇွန်လ ၂၈ ရက်ကလည်း ကာဂျန်းမြို့တွင် အလုပ်လုပ်ကိုင် နေသော မြန်မာလုပ်သားတစ်ဦး ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ တိုက် နောက်ဖေးရေပိုက်မှတစ်ဆင့် ခုန် ချရာ ပြုတ်ကျ၍ ခါးကျိုးပြီးအ တွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေ ရကြောင်း ဦးစန်းဝင်းက ပြော သည်။
‘‘ခုန်ချပြီး သေဆုံးသွားတဲ့ သူကိုတော့ ဇူလိုင် ၄ ရက်က မြန် မာပြည်ကို အလောင်းပြန်ပို့လိုက် ပါပြီ။ အခုဒဏ်ရာရရှိတဲ့သူကို လည်း ပြန်ပို့ဖို့ လုပ်ဆောင်နေပါ တယ်’’ ဟု ၎င်းကဆက်လက်ပြော ကြားသည်။
ဖမ်းဆီးနေချိန်တွင် မြန်မာ လုပ်သားများအနေဖြင့် တိုက်ပေါ် မှ ခုန်ချမှုများ မပြုလုပ်ရန် မြန်မာ လူမှုကူညီရေးအသင်း (မလေး ရှား) က ဇွန်လ ၃၀ ရက်၌ အသိ ပေးထုတ်ပြန်ထားသည်။
စီမံချက်အတွင်း မြန်မာလုပ် သားများ ဖမ်းဆီးခံရမှု ရှိသော် လည်း အရေအတွက်ကို မလေး ရှားအစိုးရက ထုတ်ပြန်ခြင်းမရှိဘဲ မြန်မာဈေးဆိုင်တန်းများရှိသည့် အရပ်များသို့ ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှားရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသော ကိုသီဟမောင်မောင်က ပြောသည်။
‘‘တချို့သူဌေးတွေက သူတို့ လုပ်သားတွေ အဖမ်းမခံရအောင် နားခိုင်းထားတာတွေ ရှိတယ်။ မြန်မာတွေတစ်နေ့တစ်နေ့ ဆယ် ဂဏန်းလောက် အဖမ်းခံရတာ တွေ ရှိတယ်။ ဘယ်လောက်အရေ အတွက်ထိ ဖြစ်နေပြီဆိုတာပဲ ခန့် မှန်းလို့ မရသေးတာ။ ဖမ်းဆီးရေး စီမံချက်ကတော့ ကြမ်းတယ်’’ ဟု ၎င်းကပြောသည်။
ဇူလိုင် ၁ ရက်မှ ၅ ရက်အ တွင်း ဖမ်းဆီးခံရသည့် မြန်မာလုပ် သား၁၀၀ ကျော်ရှိကြောင်း ရွှေ့ ပြောင်းအလုပ်သမားကူညီမှုအဖွဲ့ အစည်းအဖွဲ့ (မလေးရှား) မှ ဦးချစ်ကောင်းက ပြောသည်။
‘‘တချို့ လုပ်သားတွေက လည်း ရှောင်နေရတာပေါ့။ သတိ ထားပြီး လုပ်နေရတဲ့သဘော ပေါ့။ ဒီရက်ပိုင်းက’’ ဟု ဦးချစ် ကောင်းက ပြောသည်။
မလေးရှား နိုင်ငံအတွင်းရှိ တရားမဝင်နိုင်ငံခြားသား အလုပ် သမားများ ပြဿနာကို တင်းကျပ် သည့် စည်းမျဉ်းဥပဒေများနှင့်အ ညီ အလေးပေးကိုင်တွယ်နေပြီး ဖမ်းဆီးရမိသည့် တရားမဝင် အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး Muhyiddin Ya-ssin က တရားဝင် ကြေညာ ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၁ ရက်က ကွာလာ လမ်ပူမြို့ Petaling လမ်းရှိ လူဝင် မှုကြီးကြပ်ရေးဌာနတွင် တရားမ ဝင်နိုင်ငံခြားသား အလုပ်သမား များ ဖမ်းဆီးရေး စီမံချက် စတင်ရာ တရားမဝင်မြန်မာလုပ်သားများ အပါအဝင် နိုင်ငံခြားသား ၁၇၀ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးသစ်ဝန်ကြီး Muhyiddin Yassin သည် မလေးရှားနိုင်ငံသားများ အလုပ်အကိုင်ရရှိစေရေး ရည်ရွယ်၍ ယခု စီမံချက်ကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားသုံးသိန်းကျော် အလုပ် လုပ်ကိုင်နေရာ နှစ်သိန်းခန့်သည် တရားမဝင် နေထိုင်လုပ်ကိုင်သူ များဖြစ်ကြောင်း မြန်မာအဖွဲ့အ စည်းများက ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ တရားမဝင် နိုင်ငံခြားသား လုပ်သားများ ဖမ်း ဆီးရေးစီမံချက်နေ့စဉ် ပြုလုပ်နေ ကြောင်း မြန်မာအဖွဲ့အစည်းများ က ပြောသည်။
=======================
251 / End
၇ ဇူလိုင် ၂၀၁၈ - ၁၅:၄၅
News ID: 900862
မလေးရှားအစိုးရ၏ တ ရားမဝင်လုပ်သားများ ဖမ်းဆီးရေး စီမံချက်ကြောင့်အဖမ်းခံရမည်ကို စိုးရိမ်၍ တိုက်ပေါ်မှ ခုန်ချထွက် ပြေးသော မြန်မာလုပ်သားတစ်ဦး သေဆုံးမှုဖြစ်ပွားပြီး စက်ရုံအလုပ် ရှင်အချို့က အလုပ်ရပ်နားထား ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများအရေး ကူညီ ပေးနေသော မြန်မာအဖွဲ့အစည်း များက ပြောသည်။