၈ ဇူလိုင် ၂၀၁၈ - ၁၂:၁၉
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောအခန်းကို ၎င်းတို့၏မိသားစုဝင်အချို့ လာရောက်ကြည့်ရှု

ရန်ကုန်မြို့ ဝန်ကြီးများ ရုံးရှိ အာဇာနည်ခေါင်းဆောင်ကြီး များလုပ်ကြံခံရသည့် အခန်းကို (၇၁)ကြိမ်မြောက် အာဇာနည်နေ့ မတိုင်မီ ၁၂ ရက်အလိုတွင် ၎င်းတို့၏မိသားစုဝင်အချို့က လာ ရောက်ကြည့်ရှုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရန်ကုန်မြို့ ဝန်ကြီးများ ရုံးရှိ အာဇာနည်ခေါင်းဆောင်ကြီး များလုပ်ကြံခံရသည့် အခန်းကို (၇၁)ကြိမ်မြောက် အာဇာနည်နေ့ မတိုင်မီ ၁၂ ရက်အလိုတွင် ၎င်းတို့၏မိသားစုဝင်အချို့က လာ ရောက်ကြည့်ရှုခဲ့သည်။

အာဇာနည်ခေါင်းဆောင် ကြီးများ လုပ်ကြံခံရသော အခန်း အပါအဝင် တိုင်းပြုပြည်ပြုလွှတ် တော်အစည်းအဝေးခန်းမနှင့် ပထမဆုံး မြန်မာနိုင်ငံ အလံလွှင့် တင်သည့် ကျောက်တိုင်ကို  မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ သခင်မြနှင့် ရဲဘော်ကိုထွေးတို့၏မိသားစုဝင်များက ဇူလိုင် ၇ ရက်တွင် လာရောက်ကြည့်ရှုခဲ့သည်။

ဦးအုန်းမောင်သား ဒေါက် တာမင်းမြင့်က ‘‘ဒါသည် မျိုးဆက် သစ်တွေအားလုံးအတွက် နောင်တရစရာ သင်ခန်းစာ၊ စိတ်မ ကောင်းစရာပေါ့။ အဲဒီမှာ အရေးကြီးတဲ့ တစ်ချက်က အမေပြောပြ သလောက် မှတ်မိနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လုံခြုံရေးကို အပြည့်အဝမယူဘူး။ အစည်းအ ဝေးခန်းအပြင်မှာ အစောင့်တစ် ယောက်လောက်ရှိရင် ဒီလိုမဖြစ် ဘူး။ အောက်က လှေကားမှာ လည်း အစောင့်မထားဘူး’’ ဟု ပြောသည်။

အာဇာနည်ကိုးဦး ကျဆုံးရ သည့်ဖြစ်ရပ်ကဲ့သို့ မဖြစ်စေရန် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အ တွက် လုံခြုံရေးသီးသန့်ထားရန် အကြံပြုလိုကြောင်း​ ၎င်းက ပြော သည်။

ယခုနှစ် ကျင်းပမည့် အာဇာနည်နေ့၌ ဝန်ကြီးများရုံးအတွင်းသို့ ပြည်သူများဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သော်လည်း လုပ်ကြံခံရသည့်အခန်းကိုမူ အဆောက်အအုံကြံ့ခိုင်မှုအရ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းအတွင်းဝန် များရုံး အဆောက်အအုံ မွမ်းမံပြင်ဆင်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

‘‘အဆောက်အအုံရဲ့ကြံ့ခိုင် ရေးလာကြည့်တဲ့ လူတွေအန္တရာယ် အတွက်ရော ထည့်တွက်ပြီးတော့ အပေါ်တက်ခွင့်မပြုတော့ပါဘူး’’ ဟု ၎င်းက ဆိုသည်။ ၂၀၁၇ အာဇာနည်နေ့တွင် အဆိုပါအစည်းအ ဝေးခန်းကို မူရင်းအပြင်အဆင်အ တိုင်း ပြည်သူများ လေ့လာခွင့်ရခဲ့ သည်။

‘‘မနှစ်က တက်ခွင့်ပြုခဲ့တဲ့ အပြင် ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရ တုန်းကအတိုင်း ပစ္စည်းတွေ ပြသ ခဲ့တယ်။ ဒီနှစ်မှာတော့ အဲဒီလိုပြ သထားတာမရှိပါဘူး’’ဟု ဒေါက် တာမောင်မောင်သိမ်းက ဆို သည်။

အဆိုပါအခန်းသို့ တက် ရောက်ခွင့်မပြုသော်လည်း စီစီတီ ဗီဖြင့် ပြသမည်ဖြစ်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးခန်းမကို ယခင်နှစ်ကအတိုင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

‘‘ကျောက်တိုင်ဘေးက မြက် ခင်းပြင်ရင်ပြင်ကို အရင်နှစ်တွေနဲ့ ဒီဇိုင်းမတူအောင် ပြင်ဆင်ထား တယ်။ လေးစားစရာကောင်း အောင် ပြဖို့ စီစဉ်ထားတာ ရှိပါ တယ်။ ဒါတွေအားလုံးကို ပြင်ဆင်ပေးတဲ့ သဘောကတော့ မျိုးချစ် စိတ်ပေါ်အောင်၊  မြန်မာ့လွတ်လပ်ရေးရတာ လွယ်လွယ်ကူကူရတာ မဟုတ်ဘဲနဲ့ သွေးတွေ၊ ချွေးတွေ ရင်းပြီးတော့မှ ရခဲ့တယ်ဆိုတာကို မက်ဆေ့ခ်ျပေးချင်တာ’’ဟု ဒေါက်တာမောင်မောင်သိမ်းက ပြော သည်။

ယခုနှစ် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လည်း ကြံ့ခိုင်မှုအခြေအနေအရ အပေါ်ထပ်သို့ တက်ရောက်ခွင့် တားမြစ်ထားသည်။

=======================
251 / End