၁၅ ဇူလိုင် ၂၀၁၈ - ၁၄:၃၂
 ‘‘အားမရဘူးပေါ့ဗျာ (NLD အစိုးရအပေါ်) ကျွန်တော်တို့ကတော့ အားပေးချင်တယ်’’ NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာနှင့်တွေ့ဆုံခြင်း

၂၁ရာစုပင်လုံသို့ တက်ရောက်လာသည့် NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP) မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ အား ညီလာခံ မတိုင်မီ 7day News အပါအ၀င် သတင်းဌာနအချို့က မေးမြန်းထာသည်များကို ဖော်ပြလိုက်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၁ရာစုပင်လုံသို့ တက်ရောက်လာသည့် NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP) မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ အား ညီလာခံ မတိုင်မီ 7day News အပါအ၀င် သတင်းဌာနအချို့က မေးမြန်းထာသည်များကို ဖော်ပြလိုက်ပါသည်။

မေး- လက်ရှိဒီပွဲအတွက် အမြင့်ဆုံးမျှော်လင့်ချက်က ဘာလို့ပြောလို့ရမလဲ။

ဖြေ - သိပ်မြင့်မြင့်တော့ မျှော်လို့မရသေးဘူး။ နိုင်ငံရေးမှာ ကျား/မ တန်းတူရေး အဆင့် လောက်ပဲဆွေးနွေးတယ်ဆိုတော့ သိပ်ပြီးတော့ နိုင်ငံရေးအရ ပြေလည်ဖို့ ဆိုတဲ့ဟာကတော့ အဲ့ဒီအဆင့်ကို တက်လို့မရသေးဘူးဗျာ။ ကျွန်တော်တို့ ဦးတည်နေတဲ့ ဒီမိုကရေစီအရေးတို့၊ ဖယ်ဒရယ်ရေးရာတို့ ဒီကိစ္စတွေကို မဆွေးနွေးသေးသမျှတော့ ပြေလည်ပြီးမြောက်ဖို့ဆိုတာကတော့ နည်းနည်း မရသေးဘူး။

မေး - ယုံကြည်မှုလိုအပ်နေဆဲပဲလို့ အဖက်ဖက်ကပြောကြတယ်။ အဲ့ဒါဘယ်လိုအခြေအနေ ကြောင့်လဲဆိုတာပြောပြပေးပါအုံး။

ဖြေ - အခုက ဆွေးနွေးမယ့် ခေါင်းစဉ်ကိုတောင် ညှိလို့မရသေးဘူးဖြစ်နေတာ။ သဘောကတော့ အုပ်စု(၅) စုသဘောပေါ့နော်။ အဲ့လိုရှိတယ်နေတဲ့အနေအထားမျိုးမှာ ဒီကိစ္စကိုဆွေးနွေးမယ်။ ဟာ ဆွေးနွေးဖို့အချိန်မ တန်သေးဘူး။ ဘာမှမပြေလည်သေးဘူး။ အဓိက အကြောင်းအရင်း ဟိုအကြောင်း ဒီအကြောင်း ပြပြီးတော့မှ ခေါင်းစဉ်ကိုဆွေးနွေးလို့မရသေးဘူးဖြစ်နေတယ်။ အဲဒါကြောင့် သိပ်မျှော်လင့်လို့ မရသေးဘူး။

မေး - ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ဘယ်လိုအခြေခံတွေလိုအပ်လဲ။

ဖြေ - ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အချင်းချင်းများများတွေ့ဆုံကြဖို့လိုတယ်။ ညှိနှိုင်းတိုင်ပင်ကြဖို့လို တယ်။ သူ့အခက်အခဲ ကိုယ့်အခက်အခဲ သူ့ရဲ့ မသင်္ကာတဲ့အပိုင်းတွေပေါ့။ ဥပမာ-ဘာကိစ္စကို သံသယရှိလဲ ဒီဘက်ကလည်း ဘာကို သံသယရှိလဲ အဲ့ဒါကို အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးရင်းနဲ့ နားလည်မှုရလာရင်တော့ တစ်ဖြည်းဖြည်းချင်း ပြေလည်လာမယ်လို့ယုံကြည်တယ်။

မေး - နိုင်ငံရေးမှာ အရေးကြီးတဲ့အချက်တွေမဆွေးနွေးနိုင်တာ ဘာအခက်အခဲကြောင့်ပါလဲ။

ဖြေ - အဲ့ဒါက တစ်ဖက်နဲ့ တစ်ဖက်ပေါ့ဗျာ တစ်ချို့အုပ်စုတွေက ခွဲထွက်သွားမှာကို သူတို့ စိုးရိမ်တယ်။ အဲ့ဒါကိုမပါပါအောင်ပြောခိုင်းတယ်။ တစ်ဖက်ကပြန်တွက်ရင် ဟို့ ၄၇ ကသဘောတူထားတဲ့ ပင်လုံစာချုပ်မှာ တချို့က ခွဲထွက်ခွင့် ရှိနေတယ်။ အဲ့တော့ တစ်ဖက်ကလည်း အခုမူကိုလက်ခံလိုက်ရင် သူတို့ လူကြီးတွေ၊ ခေါင်းဆောင်တွေသဘောတူထားခဲ့ တဲ့ဟာကို သူတို့က ချေဖျက်တယ်ဆိုတဲ့သဘောမျိုးဖြစ်သွာမှာကိုလည်း သူတို့စိုးရိမ်တယ်။ နောက်တစ်ခုကတော့ ကိုင်း မခွဲ ထွက်ရဘူးလို့ သတ်မှတ်လိုက်ပြီးရင် တစ်ဖက်က ဖိနှိပ်မှု ရှိနေရင်ဘယ်နဲ့လုပ်မလဲ။ ဒါတွေကလည်းမပြေလည်ဘူး ပေါ့ဗျာ။ နှစ်ဖက်ကြားမှာ။

မေး - အန်ကယ်တို့ဆိုရင်တော့ ဒီအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ။ခွဲထွက်ရေးကိစ္စအပေါ်မှာပေါ့။

ဖြေ - အမှန်ကတော့ ၄၇ ပင်လုံမှာ အန်ကယ်တို့ မွန်ကမပါဘာဘူး။ ချုပ်ဆိုထားတဲ့အထဲမှာ အန်ကယ်တို့ မပါတော့ သူများတွေချုပ်ဆိုထားတဲ့ဟာကို အန်ကယ်တို့က ခြေဖျက်တဲ့သဘောလည်းမလုပ်ချင်ဘူး။ ဒီကိစ္စမှာ ခွဲထွက်မယ် မခွဲထွက်ဘူးဆိုတဲ့ဟာကို လုံးဝမပြောဘဲနဲ့ အမှန်ကတော့ တိုင်း ရင်းသားတွေက အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဠာန်းခွင့် အပြည့်အ၀ ရှိတဲ့ဖယ်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ရင် ဘယ်သူမှ ခွဲထွက်ရေးကို တောင်းဆိုမှာမဟုတ်ဘူး။ ဒါကတော့ အန်ကယ်တို့ အဲ့ဒီ လိုမျှော်လင့်တယ်။ ဥပမာ ဆွစ်ဇာလန်မှာ ပြင်သစ်တို့ ဂျာမနီတို့ အီတလီတို့ သူတို့နိုင်ငံဘေးမှာရှိနေတယ်။ သူတို့က ဆွစ်ဇာလန်မှာပါတယ်။ သူတို့ ဘယ်လိုမှ မခွဲထွက်ဘူး။ ခွဲထွက်ရေးဘာမှ မပြောဘူး။ ကျွန်တော်တို့ အခုလက်ရှိတိုင်းရင်းသားတွေ အဲဒီ အဆင့်မရှိဘူး။ ခွဲထွက်သွားပြီးရင် ကိုယ့်နယ်ကျဉ်းကျဉ်းလေးနဲ့ ဘယ်လိုနေမလဲ။ အခုအချိန်ကတော့ အဓိကကတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို အကောင် အထည် ဖော်နိုင်ရင် ဒီပြဿနာက လုံလောက်ပါတယ်လို့။

မေး - လက်ရှိအကြပ်အတည်းဖြစ်နေတဲ့အခက်အခဲကို ဘယ်နည်းနဲ့ရှင်းသင့်လဲ။

ဖြေ - ဒါကတော့ တစ်ဖြည်းဖြည်းသွားရမှာပေါ့ဗျာ။ နားလည်မှုရှိအောင်။ ဖြည်းဖြည်းချင်းသွားရမယ်။ လမ်း လည်းသိပ်တော့မမြင်သေးဘူးဗျာ။

မေး - လက်မှတ်မထိုးရသေးဘဲ တိုက်ပွဲတွေလည်းဖြစ်နေတဲ့ မြောက်ပိုင်းအဖွဲ့နဲ့ပတ်သက်ပြီး ဘာများပြောချင်လဲ။

ဖြေ - အခုက သူတို့ပါတက်ရောက်ပြီလေ။ အမှန်ကတော့ အန်ကယ်တို့ကြိုးပမ်းမှုက တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးကနေပြီးတော့မှ တစ်နိုင်ငံလုံးအေးချမ်းရေးအတွက်ကို အဲဒါကို ဦးတည်တယ်။ သူတို့ပါလာ တာကောင်း တယ်။ ဒါပေမယ့်လို့ တိုက်ပွဲကတော့ ပြဿနာအရ ညှိလို့မရသေးပေမယ့် ထားပေါ့။ ဒါပေမယ့် လူကြီးချင်း တွေ့ဆုံတယ်၊ ညှိနှိုင်းတယ်၊ ပြောဆိုခွင့်ရတယ်ဆိုတာ ဒါကတော့ တစ်ဆင့်တက်လာတယ်လို့ မြင်တယ်။

မေး - အခု ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကလည်း ပြည့်ဖို့နီးပြီဆိုတော့ အန်ကယ်တို့ မျှော်လင့်ချက်ဘယ်လိုရှိလဲ။ ဒီအပေါ်မှာ စိုးရိမ်လား။

ဖြေ - ကျွန်တော်တို့လည်း ပထမတုန်းကပေါ့နော် NLD ကအာဏာမရခင်တုန်းက NLDက တော်တော်လေးကို ပြုပြင်မယ် ပြောင်းလဲမယ် စသဖြင့်ပေါ့နော် တော်တော်လေးကို အော်ခဲ့တယ်။ ဒါပေမယ့် အာဏာရလာ တော့ သိပ်ပြီးတော့ မပြောမဆိုဘူးနော်။ သဘောကတော့ တပ်ရဲ့ အနောက်ကို လိုက် နေတယ်ဆိုတဲ့ သဘောမျိုး တိုင်းရင်းသားတွေဘက်ကမြင်နေတယ်ဗျ။ ဒါ အားမရဘူးပေါ့ဗျာ။ အဲဒီအဆင့်မှာ အခုကတော့ ဘယ်လောက် ပြောင်းလဲမလဲတော့ ကျွန်တော်တို့ ကတော့ အားပေးချင်တယ်။ NLDလက်ထက်မှာ ပြောင်းလဲနိုင်သလောက်ပြောင်းလဲဖို့။ ဒါမှမဟုတ်ရင်းလည်း သဘောက တစ်ဆို့မှု ရှိနေတယ် အခက်အခဲတွေရှိနေ ရင် မမှန်တာမြင်ရင် ပွင့်ပွင့်လင်းလင်းပြောစေချင်တယ်။

မေး - အဲ့ဒါဆို တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်က တော်တော်စောင့်ရအုံးမယ်သဘောလား။

ဖြေ - ဟုတ်တယ်။ ဟုတ်တယ်။ စောင့်ရအုံးမယ်။

=======================
251 / End