အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) အနေဖြင့် ဆိုက်ယူနစ် (ဇီယွန်) ပါလီမန် တွင် ယဟူဒီ (ဂျူး) နိုင်ငံအဖြစ် လူမျိုးရေး ခွဲခြား ပြီး ရက်စက်ကြမ်း ကြုတ် သည့် ဥပဒေကြမ်း အား အတည်ပြုရေး ကိစ္စ ကို ဆန့်ကျင် ၊ပြစ်တင် ရှုတ်ချသည့် ကြေညာ စာတမ်း တစ်စောင်ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
ကြေညာစာတမ်း ၏ ဘာသာပြန် အဓိပ္ပာယ် မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဆိုက်ယူနစ် (ဇီယွန်) ပါလီမန် တွင် ယဟူဒီ (ဂျူး) နိုင်ငံအဖြစ် လူမျိုးရေး ခွဲခြား ပြီး ရက်စက် ကြမ်း ကြုတ် သည့် ဥပဒေကြမ်း အား အတည်ပြုရေး ကိစ္စ အား မဂ်ျမယေ ဂျဟာနီ အဲဟ် လေ့ ဘိုက်(သ) (အ.စ) ဘက်မှ ဆန့်ကျင် ၊ ပြစ်တင် ရှုတ်ချသည့် ကြေညာ စာတမ်း
အစဉ်သနားကြင်နာ ညှာတာတော်မူသော ၊အနန္တကရုဏာတော်ရှင် အလ္လာဟ်ဟို အရှင်မြတ် ၏ နာမံတော် ဖြင့် အစပြုပါ၏။
"وَلَنْ تَرْضَىٰ عَنْكَ الْيَهُودُ وَلَا النَّصَارَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُم؛ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَ الَّذِي جَاءَكَ مِنَ الْعِلْمِ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا نَصِير".
ယဟူဒီနှင့် ခရစ်ယာန် တို့သည် အသင်အား ၎င်းတို့လူမျိုး ၏နောက်မလိုက်သ၍ နှစ်သက် ကျေနပ် ကြ မည်မဟုတ်ချေ။ အသင်ပြောကြားပါလေ။ ဧကန်မုချ တရားလမ်းမှန် သည် အလ္လာဟ်ဟို အရှင်မြတ် ၏ တရားလမ်းမှန် သာလျှင် ဖြစ်ပါသည်။ အကယ်၍ အသင်ထံ အသိပညာ ရောက်လာပြီးနောက် ၎င်းတို့၏ လိုအင်ဆန္ဒများနောက် သို့ လိုက်မည်ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ် ချတော်မူမည့် အပြစ်ဒဏ် မှ ကယ်တင်နိုင်မည်သူ ၊ကူနိုင်မည်သူ တစ်ဦး တစ်ယောက် မျှ ရှိမည် မဟုတ်ချေ။ (စူရဟ် ဘကရာ ၊အာယသ်တော် ၁၂၀ )
ဆိုက်ယူနစ် (ဇီယွန်) ယဟူဒီ (ဂျူး) နိုင်ငံအဖြစ် ဥပဒေကြမ်း အား အတည်ပြုရေး ကိစ္စသည် ပါလက်စတိုင်း နှင့် ကွတ်စ်မြို့ ကိုကျူးကျော် သိမ်းပိုက်ထားသည့် ဆိုက်ယူနစ် (ဇီယွန်) တို့ ၏ လူမျိုး ရေး ခွဲခြား မှု ပေါ်လာစီ ၏ လက္ခဏာ ဖြစ်ပါသည်။ ဤ ဥပဒေကြမ်းသည် အဓမ္မသိမ်း ပိုက်ထားသည့် ယဟူဒီများ ကို ကျူးကျော် ထားသည့်မြေများ နှင့် အိမ်များကို ၎င်းတို့ မြေများ အိမ်များ အဖြစ် သတ်မှတ် ပေးပြီး လွပ်လပ်သည့် ပါလက်စတိုင်း အစိုးရ တစ်ခု တည် ထောင်ဖို့ အတား အဆီးကို ဖြစ်စေပါသည်။
ဤအန္တရာယ်ရှိ ပူးပေါင်းကြံစည်မှု နှင့် လူသားမဆန်သည့် ဥပဒေ အခြေချမှု၊ ဆိုက်ယူနစ် (ဇီယွန်) ယဟူဒီ (ဂျူး) နိုင်ငံအဖြစ် အတည်ပြုရန် ဥပဒေကြမ်းသည် အနာဂတ်တွင် ၁၉၄၈ ခုနှစ် နှင့် ၁၉၆၇ တွင် မတရား သိမ်းပိုက်ခဲ့သည့် အရပ်လူမျိုးများ ပိုင် မြေများ မှ ပါလက်စတိုင်း တို့အား အပြင်ထုတ် ဖို့ တရားဝင် ဖြစ်သွားပေမည်။ အထူးသဖြင့် ကွတ်စ်အရှေ့ပိုင်း လူနေအိမ်များကို အနောက် ဘက်ပိုင်းနှင့် ဂါဇာ ကမ်း မြှောင်ဒေသအထိ ဖြန့် သွားနိုင်ပေမည်။ သိန်းပေါင်းများစွာသော ပါလက်စတိုင်း သားများ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပေမည်။ပါလက်စတိုင်းသားများသည် မိမိတို့ ၏ အသေးအဖွဲ့ ရပိုင်ခွင့်များကိုပင် လက်လွတ်လိုက်ရပေမည်။
ဤ အာဏာရှင် ဆန်သည့် ကျူးကျော် ခြင်းမှုကိုဖြစ်စေသည့် လုပ်ရပ်များသည် နောက် တစ်ဖန် ဤ အစိုးအာဏာပိုင်များသည် အမှန်တကယ် အစ္စလာမ် ကို တိုက်ခိုက်ရန် နှင့် ပါလက်စတိုင်းလူမျိုးများ ကို ဖျက်ပစ်နိုင်ရန် ထင်ရှားစွာ ဖော်ထုတ်လိုက်ခြင်းဖြစ်ပါသည်။ တကယ်တော့ ဤ အဓမ္မ အစိုးရအာဏာပိုင် ဂျူး (ယဟူဒီ) များ သည် ပြီးခဲ့သည့် ၇ ရာစု ကတည်း က အမြဲ မိမိတို့၏ ဆိုးညစ်သည့် မျက်နှာစစ်ကိုမပြဘဲ ဖုံးကွယ်ထားသည့်မျက်နှာကို အပြည်ပြည် ဆိုင်ရာ အဆင့် တွင် ပြည် ထောင်စု အသွင်ဖြစ် ပြနိုင် အောင် ကြိုးပမ်းနေတာ ဖြစ်ပါသည်။
ဝမ်းနည်းစွာ ပြောရလျှင် အမေရိကန် နှင့် အချို့ ရုပ်သေးအာရပ်အစိုးရ အာဏာပိုင်များ သာဓက အားဖြင့် ဆော်ဒီ ၊ ယူအေအီ ၊ ဘာရိန်း တို့မှ ဤ အန္တရာယ် ရှိ ဝါဒ ရှေ့ တွင် တိတ်ဆိတ်နေကြပါသည်။ထိုပြင် ((ရာစု သဘောတူညီချက် )) ဆိုသည့် အကြံအစည် အား အကောင် အထည်ဖော်ရန် ကုန်ကျစရိတ်များကိုပင် မိမိတို့၏ တာဝန် အဖြစ်ယူနေကြပါသည်။ တနည်းအားဖြင့် ၎င်းတို့မှ အနှောက်အယှက်ပေး ဒုက္ခပေး အဖွဲ့အစည်းများ ကို ဤအကြံအစည်ကို အောင်မြင်ဖို့ အကောင်အထည် ဖော်ပေးသည့် ဝန်ဆောင်မှုအဖြစ် ဒေါ်လာ ဆယ်ဘီလီယံ ပေးရန် ကတိကဝတ် ပြုထားပါသည်။
မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) အနေဖြင့် ဤ အာဏာရှင် ဆန်ခြင်း၊ လူမျိုးရေး ခွဲခြားခြင်း ၊ ကျူးကျော် ခြင်းလုပ်ရပ်များ ကို ပြစ်တင် ရှုတ်ချ ပြီး လောက ၏ လောဘရမက်တက် နေသည့် ရဟူဒီ (ဂျူး) များ၏ လက်မှ ပါလက်စတိုင်း ပြည်သူလူထု အတွက် ကွတ်စ် မြို့ နှင့် အခြား အကျူးကျော် ခံ မြေများ လုံးဝ ပြန်ရရှိဖို့ အဘက်ဘက်မှ ကြိုးစားမှု ပြုရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ထိုပြင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) အနေဖြင့် ဤ လာဒ်မရှိသည့် အဓမ္မ ကျူးကျော်သူ အစိုးရ နှင့်အတူ ဥပဒေကြမ်း အတည်ပြုဖို့ ပုံမှန် ဆက်ဆံရေး အဖြစ် ဘက်စုံထောင့်စုံမှ ကြိုးစားမှု ဆွေးနွေး မှုများကို ပြင်းထန်စွာ ပြစ်တင် ရှုတ်ချပါသည် ။ပြီးနောက် ဤလုပ်ရပ် အား အစ္စလာမ် နှင့် ပါလက်စတိုင်းများ၏ ကြီးကျယ်မြင့်မြတ် သည့် ရည်ရွယ် ကို သစ္စာ ဖောက်တာ မည်ကြောင်း တင်ပြအပ်ပါသည်။
မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ)
ဇူလိုင်လ ၂၁ ရက်နေ့ ၂၀၁၈
=====================
251/ End