အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ရာစုပင်လုံနိုင်ငံ ရေး တွေ့ဆုံဆွေးနွေးရေးနည်း လမ်း ပြန်လည်သုံးသပ်သင့် ကြောင်း တိုင်းရင်းသားပါတီ ၁၅ ခုပါဝင်ဖွဲ့စည်းထားသည့် စည်း လုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA)က ဇူလိုင် ၂၇ ရက်၌ သဘောထား ကြေညာသည်။
ရန်ကုန်မြို့တွင် ယမန်နေ့က စတင်ပြုလုပ်သည့်ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲအခမ်းအ နားသို့ ပေးပို့သည့်သဘောထား ကြေညာချက်၌ ယင်းသို့ထည့် သွင်းဖော်ပြထားသည်။ ယင်းနှီး နှောဖလှယ်ပွဲကို UNA နှင့်မိတ် ဖက်အဖွဲ့အစည်းများ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။
၂၁ ရာစုပင်လုံတတိယအ ကြိမ်အစည်းအဝေးတွင် အားလုံး ပါဝင်ရေးမူကို အခြေခံ၍နိုင်ငံရေး စကားဝိုင်းတွေ့ဆုံဆွေးနွေးရေး နည်းလမ်း အသုံးပြုဖော်ဆောင် နိုင်ခဲ့သော်လည်း အားရကျေနပ် ဖွယ်မရှိသဖြင့် လုပ်ငန်းစဉ်တစ်ခု လုံး ပြန်လည်သုံးသပ်သင့်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ထို့အပြင် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးတွင် ဖော်ဆောင်သင့်သည့် အခြေခံမူ ကိုးချက်ကို UNA ထုတ်ပြန်ချက်၌ ဖော်ပြကာယင်းအချက်များ ဖော် ဆောင်နိုင်ရန် UNA ကတိုက်တွန်း သည်။
UNA ထုတ်ပြန်ချက်ပါမူများ ၌ လွတ်လပ်မျှတသောဖက်ဒရယ် ပြည်ထောင်စု အတူတကွတည် ဆောက်နိုင်ရေး ၁၉၄၇ တွင် ချုပ် ဆိုခဲ့သော သမိုင်းဝင်ပင်လုံစာ ချုပ်၊ ပင်လုံကတိက၀တ်၊ပင်လုံမူ တို့အပေါ် အခြေခံရန်၊ ၁၉၆၁ ၌ တောင်ကြီးမြို့တွင် ကျင်းပသည့် ပြည်နယ်ပေါင်းစုံညီလာခံက ချ မှတ်အတည်ပြုခဲ့သော ပြည် ထောင်စုစစ်စစ်မူအပေါ် အခြေခံရန်တို့ပါဝင်သည်။
ထို့အပြင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုအဆင့်ဆင့်တွင် အား လုံးပါဝင်ရေးမူအပေါ် အခြေခံပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို အလေးပေးဆောင်ရွက်ရန်၊ ပြည် တွင်းပြဿနာများ ဖြေရှင်းရာ၌ စစ်ရေးနည်းလမ်းကို အသုံးမပြု ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့ သောငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ပြီး အာဏာရှင် စနစ်၊ မဟာလူမျိုးကြီးဝါဒချုပ် ငြိမ်းရေး၊ ဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးရေးတို့အတွက် ၀ိုင်းဝန်းကြိုး ပမ်းရန်စသည့်အချက်များ UNA ၏အခြေခံမူများတွင် ပါဝင်သည်။
တိုင်းရင်းသားလူမျိုးစုအင် အားစုများနှင့် နိုင်ငံရေးအင်အား စုများ ယုံကြည်မှု၊ ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလိုအပ်သည့် ဘုံ သဘောထားအမြင်များကိုစုစည်း ရန် UNA နှင့် မိတ်ဖက်အဖွဲ့အ စည်းများက ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲကို ယခုနှစ်မေလက ကယား (ကရင်နီ) ပြည်နယ်တွင် ပထမဆုံး ပြုလုပ်ထားသည်။
UNA အဖွဲ့ဝင်ပါတီများ သည် ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်(ALD)၊ မွန်အ မျိုးသားပါတီ(MNP)၊ ဇိုမီးဒီမိုက ရေစီအဖွဲ့ချုပ်(ZCD)၊ ကချင်ပြည် နယ်အမျိုးသားဒီမိုကရေစီကွန်ဂ ရက်(KNCD)၊ ကယန်းအမျိုးသား ပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ(SSKDP)၊ ကရင်အမျိုးသားပါတီ (KNP)၊ ရခိုင်မျိုးချစ်ပါတီ(APP)၊ မြိုအ မျိုးသားဒီမိုကရေစီပါတီ(MNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)၊ ခူမီ (ခမီး)အမျိုးသားပါတီ(KNP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ(CPP)၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီ ညွတ်ရေးပါတီ (SNSP) တို့ဖြစ် သည်။
၂၁ ရာစုပင်လုံတတိယအ စည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ရက်အထိ နေပြည်တော်၌ ကျင်းပရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ် ၀န်းကျင်ကဏ္ဍလေးရပ်မှသဘော တူညီချက် ၁၄ ချက်ကို ပြည် ထောင်စုသဘောတူစာချုပ်အ စိတ်အပိုင်း (၂)အဖြစ်ချုပ်ဆိုထား သည်။
=======================
251 / End
၂၁ ရာစုပင်လုံနိုင်ငံရေးဆွေးနွေးရေးနည်းလမ်း ပြန်လည်သုံးသပ်သင့်ကြောင်း UNA ထုတ်ပြန် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် အခြေခံသင့်သည
၂၇ ဇူလိုင် ၂၀၁၈ - ၁၄:၂၅
News ID: 903260
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ရာစုပင်လုံနိုင်ငံ ရေး တွေ့ဆုံဆွေးနွေးရေးနည်း လမ်း ပြန်လည်သုံးသပ်သင့် ကြောင်း တိုင်းရင်းသားပါတီ ၁၅ ခုပါဝင်ဖွဲ့စည်းထားသည့် စည်း လုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA)က ဇူလိုင် ၂၇ ရက်၌ သဘောထား ကြေညာသည်။