၃၁ ဇူလိုင် ၂၀၁၈ - ၁၄:၀၅
 ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု အပြောင်းအလဲမလုပ်နိုင်သဖြင့် တာဝန်ကို လက်မခံသင့်တော့ကြော

ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်သမ္မတ အမည် စာရင်း တင်သွင်းထားသည့် ဦးကျော်ကျော်မောင်အား ပြောင်း လဲမှုမလုပ်နိုင်သဖြင့် ဝေဖန်နေ သော်လည်း ပြည်ထောင်စုလွှတ် တော်အစည်းအဝေးက ကန့်ကွက် သူမရှိ အတည်ပြုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်သမ္မတ အမည် စာရင်း  တင်သွင်းထားသည့် ဦးကျော်ကျော်မောင်အား ပြောင်း လဲမှုမလုပ်နိုင်သဖြင့် ဝေဖန်နေ သော်လည်း ပြည်ထောင်စုလွှတ် တော်အစည်းအဝေးက ကန့်ကွက် သူမရှိ အတည်ပြုခဲ့သည်။

လွှတ်တော်တွင် တရားဝင် ကန့်ကွက်မှုမရှိသော်လည်း အ သက် (၇၉)နှစ်ရှိပြီဖြစ်သည့် ဦးကျော်ကျော်မောင်အပေါ် သဘောမကျသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိနေသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာတွင် သွက်လက်ပြီး လုပ်နိုင်မည့်လူငယ် များ ခန့်အပ်သင့်ကြောင်း အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (သန်းစိုး-ဘောဂ ဗေဒ)က ထောက်ပြခဲ့သည်။

ဗဟိုဘဏ်ဥပဒေအရ လုပ် ဆောင်ရမည့်လုပ်ငန်းများနှင့် ငွေ ကြေးမူဝါဒအရ လုပ်ဆောင်ရမည့် လုပ်ငန်းများစွာရှိနေသော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော် မောင်အနေဖြင့် လုပ်ဆောင်နိုင် ခြင်းမရှိကြောင်း၊  ငွေကြေးဈေး ကွက်ကိုလည်း မထောင်နိုင်သေး ကြောင်း ၎င်းက ပြောသည်။

‘‘အခု ဒေါ်လာဈေး ၁,၄၅၀ အထိ ဖြစ်သွားပြီ။ ဒါပေမဲ့ ပြည်သူ တွေ ငွေရေးကြေးရေးကဏ္ဍအ ပေါ် ယုံကြည်မှုရှိအောင် ဘာမှ လည်း မလုပ်ပေးနိုင်သေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ် မကြိုက်ဘူးဗျ။ လုပ်နိုင်မယ်လို့ မျှော်လင့်တာထက် လုံးဝမလုပ်ဘဲ ထွက်သွားတာ အကောင်းဆုံးပဲ’’ ဟု ဦးသန်းစိုးက ပြောသည်။

ယင်းအပြင် အသက် (၇၀) ကျော် လူကြီးများအနေဖြင့် နေရာမယူသင့်တော့ဘဲ လူငယ်လူရွယ် များအား လွှဲပေးသင့်ကြောင်း၊ အ သက်ကြီးသူများ နေရာယူနေခြင်း သည် မြန်မာနိုင်ငံတွင် ယဉ်ကျေး မှုတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ၎င်း က ထောက်ပြသည်။

ဦးကျော်ကျော်မောင်သည် ၁၉၉၇ မှ ၂၀၀၇ အထိ ဗဟိုဘဏ် ဥက္ကဋ္ဌ တာဝန်ယူပြီး ၂၀၁၃ မှ လက်ရှိအချိန်ထိလည်း ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်သည်။ လက်ရှိ ထပ်မံခန့်အပ်ခံရခြင်းသည်  ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ်    သုံးကြိမ်မြောက် ခန့်အပ်ခံရခြင်းဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာတွင် ဗဟိုဘဏ်ကို တိုးတက်ပြောင်းလဲ အောင် လုပ်ဆောင်နိုင်မည့် အ ရည်အချင်းရှိ ပုဂ္ဂိုလ်မျိုးကို ခန့် အပ်မည်ဟု  မျှော်လင့်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များ နှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်း လှိုင်က ပြောကြားသည်။

ဦးကျော်ကျော်မောင်သည် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အတွေ့ အကြုံရှိသဖြင့် ဗဟိုဘဏ်ကို ထိန်းကျောင်းနိုင်မည်ဖြစ်သော်လည်း အပြောင်းအလဲလုပ်ဆောင်နိုင် မည်ဟု မထင်ကြောင်း ၎င်းက ထောက်ပြသည်။

သက်တမ်းကုန်ဆုံး၍ လစ် လပ်တော့မည့် ဗဟိုဘဏ်ဥက္ကဋ္ဌ နေရာ၌  လက်ရှိ   ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသည့် ဦးကျော်ကျော်မောင်ကို နိုင်ငံတော်သမ္မတက ဇူလိုင် ၂၆ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်သို့ အမည် စာရင်းတင်သွင်းခဲ့သည်။

=======================
251 / End