အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လျှပ်စစ်ဓာတ်ကြိုးပြတ် ကျမှုကြောင့် ပြည်သူများ ဓာတ် လိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး ထိခိုက်နစ်နာသူများ ဥပဒေ ကြောင်းအရ ဆောင်ရွက်နိုင်ရေး လျှပ်စစ်ဥပဒေ ပြင်ဆင်ပေးရန် လွှတ်တော်အမတ်များနှင့် ရှေ့နေ များက တောင်းဆိုသည်။
လျှပ်စစ်ဓာတ်ကြိုးကြောင့် လူသေဆုံးမှုများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် မေးခွန်း မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း ပြုလုပ်ရန် လိုအပ်နေပြီဟု တောင် ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က ပြောသည်။
‘‘လိုတော့ လိုနေပြီ။ တောင် ဥက္ကလာပမှာ ဖြစ်သွားတဲ့အမှုက လည်း ရဲကပဲ သေမှုသေခင်းနဲ့ ဖွင့် သွားတာ။ ကာယကံရှင်က ဖွင့် တာမဟုတ်ဘူး။ ကာယကံရှင်က နေ ပြန်တရားစွဲလို့ရတဲ့ ပုံစံမျိုး ပြန်လုပ်ရမယ်’’ဟု ဒေါက်တာ စောနိုင်က ပြောသည်။
လက်ရှိ လျှပ်စစ်ဥပဒေကြမ်း ကို ပြင်ဆင်မှုပြုလုပ်ပါက လျှပ် စစ်ဝန်ကြီးဌာနက ရေးဆွဲပြီး လွှတ်တော်သို့ ပေးပို့ပြင်ဆင်နိုင်သလို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များက မေးခွန်းမေးမြန်း၍ ပြင်ဆင်ချက်ဥပဒေများ ပြုလုပ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြော သည်။
ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူသေဆုံးမှုများတွင် လျှပ်စစ် ဌာနက တာဝန်ယူရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။
‘‘လျှပ်စစ်ဥပဒေမှာက သုံးစွဲ တဲ့ သူတွေကိုပဲ အရေးယူဖို့ပြဋ္ဌာန်း ထားတယ်။ အဲဒါက လျှပ်စစ်ရဲ့ အားနည်းချက်ပဲ။ အဲဒါကို ပြည် ထောင်စုလွှတ်တော်က ဒီလျှပ်စစ် ဥပဒေကို လိုအပ်ရင်လိုအပ်သလို ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ လိုနေပြီ။ အဲဒီလိုမလုပ်ရင် နစ်နာတဲ့သူတွေ မှာ ဆုံးရှုံးတာများတယ်။ အခု တော့ ပြောင်းလဲပြဋ္ဌာန်းပေးဖို့လို နေပြီ’’ဟု ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။
ဥပဒေပညာရှင် ဦးခင်မောင် မြင့်က ‘‘လျှပ်စစ်ဥပဒေမှာက သုံး စွဲတဲ့သူတွေပဲ ပြစ်ဒဏ်ပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ယူ ရမယ့်၊ တာဝန်ခံရမယ့် ဥပဒေကျ မပါဘူး’’ဟု ပြောသည်။
၂၀၁၄ အောက်တိုဘာတွင် အတည်ပြုပြဋ္ဌာန်းသည့် လျှပ်စစ်ဥပဒေကြမ်းတွင် ခွင့်ပြုမိန့်ရရှိသူ သည် မိမိ၏ ပေါ့ဆဆောင်ရွက် မှုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး (သို့မဟုတ်) လုပ်ငန်းအဖွဲ့အစည်း တစ်ခုခုကို ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်ရှိစေရမည်ဟု ပြဋ္ဌာန်း ထားသော်လည်း နည်းဥပဒေပြစ် ဒဏ်များ တိတိကျကျဖော်ပြထား ခြင်းမရှိပေ။
ထို့အပြင် လျှပ်စီးကြောင်း လွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အား ပေးသည့်လိုင်းကို ဖြတ်တောက် ခြင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်း တစ်ခုခုတွင် အသုံးပြုသည့် လျှပ် စစ်ပစ္စည်းကိရိယာများ ဖျက်ဆီး သူကို ပြစ်မှုထင်ရှားပါက အနည်း ဆုံး ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်ဟု အဆိုပါလျှပ် စစ်ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။
ရန်ကုန်မြို့တွင် လျှပ်စစ် ဓာတ်ကြိုးများ ပြတ်ကျနေမှုသည် အစိုးရ၏ စီမံကိန်းများ၌ အရည် အသွေးပြည့်မီသည့် ပစ္စည်းများ မသုံးစွဲခဲ့ခြင်း ဂယက်ကို ပြည်သူ များ ခံစားနေရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဘီဘီစီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ပြောကြားထားသည်။
ရန်ကုန်မြို့အပါအဝင် နေ ရာအနှံ့အပြား၌ ဓာတ်ကြိုးပြတ် ကျမှုကြောင့် ဓာတ်လိုက်သေဆုံး မှုများ နှစ်စဉ်ရှိသော်လည်း သက် ဆိုင်ရာ လျှပ်စစ်ဌာနအပေါ် တရားစွဲဆိုခြင်း မရှိသလို သက်ဆိုင်ရာ ဌာနကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ သေမှုသေခင်း ဖြင့်သာ ပြီးဆုံးလေ့ရှိသည်။
ယခုနှစ် မိုးရာသီအတွင်း ဓာတ်ကြိုးအန္တရာယ်ကြောင့် ဓာတ်လိုက်သေဆုံးသည့် ကျောင်းသား သုံးဦးရှိပြီး ဓာတ်ကြိုးအန္တရယ် ကြောင့် ဓာတ်လိုက်သေဆုံးသူ လေးဦးရှိပြီဖြစ်သည်။
ဇူလိုင် ၂၆ ရက်ကလည်း ဘတ်စကက်ဘောကစားနေ သော ဆေးကျောင်းသားတစ်ဦး လျှပ်စီးဝင်နေသော ခြံစည်းရိုးသံ ပန်းကို ကိုင်မိရာမှ ဓာတ်လိုက် သေဆုံးမှု ဗဟန်းမြို့နယ်တွင် ဖြစ် ပွားခဲ့သည်။
ဇူလိုင် ၁၃ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ် သံသု မာလမ်းမပေါ်တွင် ရေအိုင်အ တွင်း ပြတ်ကျနေသော လျှပ်စစ် ဓာတ်ကြိုး တက်နင်းမိ၍ အသက် (၁၃)နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးသည်။
ထိုကလေးငယ် သေဆုံးမှု နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ယူမှု၊ တာဝန်ခံ မှုမရှိသည့်အပြင် တောင်းပန်မှု မရှိခြင်းကြောင့် ပြည်သူများက ပြစ်တင်ဝေဖန်ပြောဆိုနေသည်။
=======================
251 / End
လျှပ်စစ်ကြောင့် ထိခိုက်နစ်နာမှုများ ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ရေး လျှပ်စစ်ဥပဒေပြင်ဆင်ရန် လွှတ်တော်အမတ်နှင့် ရှေ့နေများ တောင်းဆို
၁ ဩဂုတ် ၂၀၁၈ - ၁၂:၄၃
News ID: 903860
လျှပ်စစ်ဓာတ်ကြိုးပြတ် ကျမှုကြောင့် ပြည်သူများ ဓာတ် လိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး ထိခိုက်နစ်နာသူများ ဥပဒေ ကြောင်းအရ ဆောင်ရွက်နိုင်ရေး လျှပ်စစ်ဥပဒေ ပြင်ဆင်ပေးရန် လွှတ်တော်အမတ်များနှင့် ရှေ့နေ များက တောင်းဆိုသည်။