၃ ဩဂုတ် ၂၀၁၈ - ၁၅:၅၂
အောင်ရဲထွေးအမှုမှာ ခိုင်လုံတဲ့အထောက်အထားရနိုင်မယ်လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဆို

အောင်ရဲထွေးအမှုမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှု ကျူးလွန်ကြောင်း သကာင်္မကင်းဖွယ်ရာဖြစ်တဲ့အတွက် ခိုင်လုံတဲ့အထောက်အထား ရနိုင်မယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အောင်ရဲထွေးအမှုမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှု ကျူးလွန်ကြောင်း သကာင်္မကင်းဖွယ်ရာဖြစ်တဲ့အတွက် ခိုင်လုံတဲ့အထောက်အထား ရနိုင်မယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
 
ဒီကနေ့မနက်ပိုင်းက ထုတ်ပြန်တဲ့ အဲဒီသတင်းထုတ်ပြန်ချက်မှာ အမှုနဲ့ပတ်သက်ပြီး ဂျာနယ်နဲ့သတင်းမီဒီယာ တွေမှာ အဂတိလိုက်စားမှု ရှိနိုင်တယ်ဆိုတဲ့သတင်းတွေ ပျံ နှံနေတယ် လို့ လည်း ဆိုထားပါတယ်။

ဒီသတင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှု ကျူးလွန်မှု ရှိတယ်ဆိုတာကို သကာင်္မကင်းဖြစ်တဲ့အတွက် ခိုင်လုံတဲ့အထောက်အထားရနိုင်မယ်လို့  ယုံကြည်တာကြောင့် မနေ့က ပြု လုပ် တဲ့ ကော်မရှင်အစည်းအဝေးမှာ ကျော်စောသတင်းအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက် ကြတယ်လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူမှုကွန်ရက်မှာ ဟာသရုပ်သံဖိုင်တွေကြောင့်  လူသိများခဲ့တဲ့ ကိုအောင်ရဲထွေးသေဆုံးမှုမှာ တရားစွဲဆို ခံခဲ့ရသူတွေကို  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့တာပါ။

ဒီအမှုဟာ လူစိတ်ဝင်စားမှု ရှိနေတဲ့အမှုဖြစ်တာကြောင့် ဒီလိုဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေကျယ်ကျယ် လောင်လောင်ထွက်ပေါ် လာခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း စိစစ်မေးမြန်မှုတွေပြုလုပ်ခဲ့တယ် လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သူဖေ့ဘွတ်ခ်မှာရေးသားထားခဲ့ပါတယ်။

ဒါအပြင်သမ္မတဟာအမှုရုတ်သိမ်းရတဲ့နောက်ခံအကြောင်းရင်းတွေ၊အခြားဆက်နွယ်ပတ်သက်မှုတွေနဲ့ပတ်သက်ပြီး တိတိကျကျစိစစ်ကာဥပဒေနဲ့အညီဆောင်ရွက်ဖို့ ပြည်ထောင်စုတရားသူကြီးချုပ် ၊ ပြည်ထောင်စုရှေ့နေချုပ် ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ တို့နဲ့တွေ့ဆုံမှာကြားခဲ့ပါသေးတယ်။

အောင်ရဲထွေးသေဆုံးတဲ့အမှုမှာ တရားစွဲခံခဲ့ရသူတွေကဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးချစ်ကိုကိုကတော့ ဒီအမှု ရုတ်သိမ်းတာမှာ ငွေရေးကြေးရေးလုံးဝမပါဝင်ဘဲ ဥပဒေအတိုင်းဆောင်ရွက် ခဲ့ကြတာဖြစ်တယ်လို့ ဖြေကြားထားပါတယ်။

=======================
251 / End