အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်သူအများစု သည် သဘာဝဘေးအန္တရာယ်ကျ ရောက်သည့်အခါမှသာ ပြန်လည် ထူထောင်ရေးကို အလေးထား ဆောင်ရွက်လေ့ရှိပြီး ကြိုတင် ကာကွယ်ရမည့် အစီအမံများကို ပြင်ဆင်ရန် မေ့လျော့နေတတ်သည်ဟု ဒုတိယသမ္မတဦးမြင့်ဆွေ က ပြောသည်။
နေပြည်တော် သစ်တော ဦးစီးဌာနရုံး၌ သြဂုတ် ၃ ရက်က ပြုလုပ်သည့် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (ပဉ္စမအကြိမ်) အစည်းအဝေးမိန့်ခွန်းတွင် ဒုသမ္မတက ထည့်သွင်းပြောကြားသည်။
ထို့အပြင် နိုင်ငံအတွင်းရှိ ပြည်သူအများသည် လုပ်ငန်း ကဏ္ဍများ လုပ်ကိုင်ရန် အခွင့် အလမ်းများရှိသည့် ကမ်းရိုးတန်း ဒေသများသို့ ပြောင်းရွှေ့နေထိုင် အခြေချလာသည့် လူဦးရေမှာ တစ်နေ့တခြား တိုးပွားနေသော် လည်း သယံဇာတများကို အလွန် အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ရောင်း ချခြင်း၊ ရေရှည် ထုတ်ယူသုံးစွဲ နိုင်မည့် နည်းလမ်းများနှင့် သဘောတရားများကို နားလည် မှုအားနည်းခြင်းများ ရှိနေသေး သည်ဟု ဒုသမ္မတက ဆိုသည်။
ကမ်းရိုးတန်းဒေသများတွင် ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သယံ ဇာတထိန်းသိမ်းရေး၊ သတ္တုတူး ဖော်ရေး၊ ရေကြောင်းခရီးသွား လာရေး၊ ကမ်းရိုးတန်းလုံခြုံရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍပေါင်းစုံသည် ဆက်စပ်တည်ရှိနေပါကြောင်းနှင့် ကမ်းရိုးတန်း သယံဇာတများမှရရှိ သည့် အကျိုးကျေးဇူးများကို သိရှိ နားလည်ရန် လိုအပ်ခြင်းနှင့် ထိန်း သိမ်းရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိ ခြင်းကိုလည်း ဆောင်ရွက်သင့် သည်ဟု ဒုသမ္မတက ဆက်လက် ပြောကြားသည်။
ဆက်လက်၍ ကမ်းရိုးတန်း သယံဇာတများကို ရေရှည် ထုတ် ယူသုံးစွဲနိုင်ရန် ဆောင်ရွက်ရာ တွင် အချိန်နှင့်အမျှ အခက်အခဲ အတားအဆီးများ တွေ့ကြုံရမည် ဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်း ဒေသများအပါအဝင် နိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ‘ဖွံ့ဖြိုးရေး လုပ် ငန်းလုပ်သည့်အုပ်စု’နှင့် ‘ပတ် ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အုပ်စု’ အကြား အငြင်းပွားစရာ များ ရှိနေသည်ဟု ဒုသမ္မတက ထည့်သွင်းပြောကြားသည်။
=======================
251 / End
၄ ဩဂုတ် ၂၀၁၈ - ၁၅:၂၇
News ID: 904252
ပြည်သူအများစု သည် သဘာဝဘေးအန္တရာယ်ကျ ရောက်သည့်အခါမှသာ ပြန်လည် ထူထောင်ရေးကို အလေးထား ဆောင်ရွက်လေ့ရှိပြီး ကြိုတင် ကာကွယ်ရမည့် အစီအမံများကို ပြင်ဆင်ရန် မေ့လျော့နေတတ်သည်ဟု ဒုတိယသမ္မတဦးမြင့်ဆွေ က ပြောသည်။