အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) က လာမည့်နှစ် ဧပြီအ တွင်း ကျင်းပမည့် ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း ယင်းအဖွဲ့တာ ၀န်ရှိသူနှင့် တိုင်းရင်းသားအရေး လေ့လာသူအချို့က ပြောသည်။
UWSA ခေါင်းဆောင် ဦး ပေါက်ယူချန်း ဦးဆောင်သည့် အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါ တီ (ဗကပ)မှ ခွဲထွက်ပြီးနောက် ၁၉၈၉ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။
ထိုသို့ငြိမ်းချမ်းရေးရယူခြင်း နှစ် (၂၀) ပြည့်အခမ်းအနားနှင့် (၂၅) နှစ်ပြည့်အခမ်းအနားများ ကျင်းပတိုင်း အစိုးရခေါင်းဆောင် များကို ဖိတ်ကြားပြီး တပ်မတော် အစိုးရခေါင်းဆောင်များ တက် ရောက်ခဲ့ကြောင်း UWSA လားရှိုး မြို့ဆက်ဆံရေးရုံး ဒုတိယတာဝန် ခံ ဦးညီရန်းက ပြောသည်။
‘‘နှစ် (၂၀)၊ (၂၅) နှစ်တုန်းက ဖိတ်ကြားပါတယ်။ ဗိုလ်ချုပ် ခင်ညွန့်ခေတ်တုန်းက လာနေကျပါ’’ဟု ၎င်းက ဆိုသည်။
ယခုငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနားကို UWSA ဌာန ချုပ် ပန်ဆန်းတွင် ကျင်းပရန် ပြင်ဆင်နေပြီး အစိုးရခေါင်းဆောင်များကို ဖိတ်ကြားရန်ရှိကြောင်း ဦးညီရန်းက ပြောသည်။
နေပြည်တော်၌ ဇူလိုင်က ကျင်းပသည့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ သို့ UWSA ဒုဥက္ကဋ္ဌ ဦးပေါက်ယူ ယိနှင့် ဦးကျောက်ကော်အမ်းဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်း ရေးနှစ် (၃၀) ပြည့်ပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့ကြောင်း ဒုဥက္ကဋ္ဌနှစ်ဦး ၏ ပြောဆိုမှုအရ သိရသည်ဟု ဦးညီရန်းက ပြောသည်။ သို့သော်တွေ့ဆုံပွဲတွင် ၎င်းမပါဝင်၍ အ သေးစိတ်ကိုမူ မသိရဟုပြောကြား သည်။
တိုင်းရင်းသားအရေးလေ့ လာသူ ဦးမောင်မောင်စိုးကလည်း UWSA ခေါင်းဆောင်များက ဒေါ် အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသည်ဟု ကြားရကြောင်း ပြောသည်။
‘‘နိုင်ငံတော်အတိုင်ပင်ခံက တော့ NCA လက်မှတ်ထိုး။ ထိုးပြီးတယ်ဆိုရင်တော့ သူလာဖို့ စဉ်း စားပါမယ်လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်’’ဟု ဦးမောင်မောင်စိုး က ပြောသည်။ ဦးမောင်မောင်စိုး သည် ၂၁ ရာစုပင်လုံအစည်းအ ဝေးကာလက ညီလာခံသို့ တက်ရောက်သည့် မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များမှ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် နီးကပ်စွာ ရှိနေသူ ဖြစ်သည်။
UWSA က ပန်ဆန်း၌ ကျင်း ပမည့် ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး နိုင်ငံ တော်အတိုင်ပင်ခံရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးထံ ဆက်သွယ်ရာ ယင်းကိစ္စနှင့် ပတ်သက် ပြီး ဖြေကြားရန်မရှိကြောင်း ပြောကြားသည်။
UWSA အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရတာဝန်မယူ မီကတည်းကပင် ၎င်းတို့ဒေသ သို့ လာရောက်စေလိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
လာမည့်နှစ်တွင် ကျင်းပမည့်ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့်ပွဲ၌ အားကစားပွဲများ၊ စစ်ရေးပြပွဲ များ၊ ယဉ်ကျေးမှုအကဖျော်ဖြေပွဲ များပါဝင်မည်ဖြစ်၍ လက်ရှိအချိန်ကတည်းက ပြင်ဆင်နေပြီဟု ပန် ဆန်းရှိ UWSA တာဝန်ရှိသူတစ်ဦး က ပြောသည်။
၁၉၈၉ က တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့သည့် UWSA အနေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအ ဆင့် သဘောတူစာချုပ်များချုပ်ဆို ထားသည်။ သို့ရာတွင် NCA လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမရှိသေး ပေ။ ‘၀’အဖွဲ့အပါအ၀င် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင်ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ခေါင်းဆောင်များ က တိုက်တွန်းထားသည်။
=======================
251 / End
‘၀’လက်နက်ကိုင်အဖွဲ့က ကျင်းပမည့် ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့်ပွဲသို့တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား
၅ ဩဂုတ် ၂၀၁၈ - ၁၆:၁၉
News ID: 904380
‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) က လာမည့်နှစ် ဧပြီအ တွင်း ကျင်းပမည့် ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း ယင်းအဖွဲ့တာ ၀န်ရှိသူနှင့် တိုင်းရင်းသားအရေး လေ့လာသူအချို့က ပြောသည်။