၁၄ ဩဂုတ် ၂၀၁၈ - ၁၆:၂၄
ပြည်-အောင်လံ-ဆတ်သွားရထားလမ်းဖောက်လုပ်ရာတွင် သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် လျော်ကြေး ကျပ်သိန်းကိုးထောင်ခန့်ပေးအပ်

ပြည်-အောင်လံ- ဆတ်သွား ရထားလမ်းဖောက် လုပ်ခဲ့ရာတွင် မကွေးတိုင်း ဆင် ပေါင်ဝဲမြို့နယ်ရှိ သိမ်းဆည်းခံလယ်ယာမြေဧကပေါင်း ၆၀၀ ကျော်အတွက် လျော်ကြေးအဖြစ် ကျပ်သိန်း ကိုးထောင်ခန့်ကို တာဝန်ရှိသူများက သြဂုတ် ၁၄ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်-အောင်လံ- ဆတ်သွား ရထားလမ်းဖောက် လုပ်ခဲ့ရာတွင် မကွေးတိုင်း ဆင် ပေါင်ဝဲမြို့နယ်ရှိ သိမ်းဆည်းခံလယ်ယာမြေဧကပေါင်း ၆၀၀ ကျော်အတွက် လျော်ကြေးအဖြစ် ကျပ်သိန်း ကိုးထောင်ခန့်ကို တာဝန်ရှိသူများက သြဂုတ် ၁၄ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ရထားလမ်းဖြတ်သန်းသွားသော ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ယာမြေပေါင်း ၆၁၉ဒသမ၃၄ ဧကအတွက် ကျပ်သိန်း ၈,၇၀၀ ကျော်ကို တောင်သူ ၃၇၄ ဦးအား ပေးလျော်ခဲ့ခြင်း ဖြစ်သည်။

ယာမြေတစ်ဧကလျှင် ကျပ် ၁၄ သိန်းမှ ၁၅ သိန်းအထိ မြေအ မျိုးအစားအလိုက် တွက်ချက်ပေး လျော်ခြင်းဖြစ်သည်။ မြို့နယ် လယ်ယာမြေသိမ်းဆည်းခံရမှုပြန် လည်စိစစ်ရေးကော်မတီ၏ စိစစ် မှုအတိုင်း တွက်ချက်ပေးလျော် ခြင်းဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးနေထက်ဝင်းက ပြောကြားသည်။

‘‘ဒီရထားလမ်းဖောက်လို့ နစ် နာခဲ့ရတဲ့ တောင်သူတွေအတွက် လွှတ်တော်မှာ မေးခွန်းမေးခဲ့တယ်။ နောက်မြို့နယ် လယ်သိမ်းစစ် ကော်မတီကလည်း စာရင်းဇယား တွေကို မြန်ဆန်စွာတွက်ချက်ဆုံး ဖြတ်ပေးနိုင်တဲ့အတွက် လျော် ကြေးမြန်ဆန်စွာပဲရရှိခြင်းဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

ယင်းရထားလမ်းဖြတ်သန်း ဖောက်လုပ်မှုကြောင့် ဆုံးရှုံးခဲ့ရ သော ယာမြေအားလုံးအတွက် ပေးလျော်ခဲ့ခြင်းဖြစ်ပြီး ထပ်မံပေး လျော်ရန်မကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။

 ပြည်-အောင်လံ-ဆတ် သွား (တောင်တွင်း)ရထားလမ်းကို ၁၉၉၆ကစတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ တွင် ဖွင့်လှစ်ခဲ့သည်။

 ယင်းရထားလမ်းဖောက် လုပ်မှုအတွက် ပြည်၊ အောင်လံ၊ ဆင်ပေါင်ဝဲနှင့် တောင်တွင်းကြီး မြို့နယ်များရှိ လယ်ယာမြေဧက များစွာ သိမ်းဆည်းခံရပြီး ဒေသ ခံများ၏ တင်ပြတောင်းဆိုမှုကြောင့် သက်ဆိုင်ရာဌာနက ရန်ပုံငွေရရှိမှုအလိုက် ပေးလျော်ခဲ့သည်။

=======================
251 / End