၁၅ ဩဂုတ် ၂၀၁၈ - ၁၆:၀၄
အကြီးအကဲတွေရဲ့ခရီးစဉ်တွေမှာ တိုင်ကြားစာလက်ဝယ်ပေးဖို့ကြိုးစားတာတွေနဲ့ပတ်သတ်လို့ သမ္မတရုံးထုတ်ပြန်

နိုင်ငံတော် အကြီးအကဲတွေ့ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ တိုင်ကြားချင်တာတွေ တင်ပြချင်တာတွေရှိရင် ခရီးစဉ်နဲ့ အတူ လိုက်ပါလာ မယ့် သမ္မတရုံးရဲ့ တိုင်ကြားစာလက်ခံရေးအဖွဲ့ ထံ ပေးအပ်ပေးကြဖို့ သမ္မတ ရုံးက ပြည်သူတွေဆီ ပန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော် အကြီးအကဲတွေ့ရဲ့  ပြည်တွင်းခရီးစဉ်တွေမှာ တိုင်ကြားချင်တာတွေ တင်ပြချင်တာတွေရှိရင်  ခရီးစဉ်နဲ့ အတူ လိုက်ပါလာ မယ့် သမ္မတရုံးရဲ့ တိုင်ကြားစာလက်ခံရေးအဖွဲ့ ထံ ပေးအပ်ပေးကြဖို့ သမ္မတ ရုံးက ပြည်သူတွေဆီ  ပန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ် ၁၅ ရက် ရက်စွဲနဲ့ ဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေအတွင်း   တိုင်ကြားစာကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ဖို့ ကြိုး ပမ်း တဲ့ ဖြစ်ရပ်အချို့ ဖြစ်ပေါ်ပြီးနောက်မှာ ဒီပန်ကြားလွှာ ဟာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပန်ကြားလွှာထဲမှာတော့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ပြည်တွင်းခရီးစဉ်တွေအတွင်း ပြည်သူအချို့က နစ်နာချက်တွေ ၊ တိုင်ကြားချက်တွေ ရေးသားထားတဲ့ စာတွေကို အကြီးအကဲတွေ လက်ဝယ်ကို  ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ဖို့ ကြိုးပမ်းကြတာတွေရှိပါတယ်။ အဲဒီလို ကြိုးပမ်းလို့ အခွင့်မသာတဲ့အခါမှာတော့ စာတွေ ၊ပစ္စည်းတွေကို ပစ်ပေါက်ပေးတာ တွေ ပြုလုပ်တာကြောင့် အကြီးအကဲတွေရဲ့ လုံခြုံရေးအတွက် ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက် လာပြီးဝေဖန်မှုတွေ တိုးလာတယ်လို့  ဆိုထားပါတယ်။

ဒါကြောင့် တိုင်ကြားချင်တာတွေ ၊ တင်ပြချင်တာတွေရှိရင်  သမ္မတရုံးက ဖွဲ့ထားတဲ့ တိုင်ကြားစာလက်ခံရေးအဖွဲ့ကို ပေ ကြဖို့နဲ့ အဲဒီအဖွဲ့က စာတွေကို စနစ်တကျမှတ်ပုံတင်စာရင်းတင်သွင်းလက်ခံကာ ပျောက်ပျက်မှု မရှိစေဘဲ အကြီးအကဲတွေ ဆီတင်ပြနိုင်ဖို့ အလေးအနက်ထားစီစဉ်ဆောင်ရွက်ပေးမယ်လို့ လည်း ဖော်ပြထားပါသေးတယ် ။

ဒါအပြင် နစ်နာချက်တွေကိုတင်ပြလိုတဲ့ ပြည်သူတွေအနေနဲ့လည်း အကြီးအကဲတွေရဲ့ ဘေးကင်းလုံခြုံရေး ၊ ခရီးစဉ် အဆင်ပြေချောမွေ့ စေဖို့အတွက် နားလည်မှုအပြည့်နဲ့ ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံထားတာကိုလည်း  တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြောင်းမြ ခရီးစဉ် ၊ ဘားအံခရီးစဉ် တွေအတွင်း  ယာဉ်တန်းထွက် ခွာချိန်မှာ တိုင်စာပေးလိုတဲ့ ပြည်သူအချို့ဟာ ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာတဲ့ ကားဆီ အတင်းချည်းကပ် လာပြီး တိုင်စာပေးဖို့ ကြိုးပမ်းရာမှာ တော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့  ရုန်းရင်းဆန်ခတ်အနည်းငယ် ဖြစ်ခဲ့တာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေး ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ဆီကို တိုင်စာပါဝင်တဲ့ အထုပ်တစ်ထုပ် ပစ်ပေး တာတွေ ရှိခဲ့တာပါ ။

=======================
251 / End