အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်သ တင်းထောက်များနှင့်ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က အများပြည်သူဆိုင် ရာနှောင့်ယှက်မှုဖြစ်စေကြောင်း ပြည်ထောင်စုလွှတ်တော်နာယ ကထံတိုင်ကြားသော်လည်း အ ရပ်သားကိုယ်စားလှယ်များကမူ ထိုသို့မယူဆကြောင်း ပြောသည်။
သတင်းမီဒီယာသမားများ ၏ ဥပဒေနှင့်မညီသောပြုလုပ်မှု များကြောင့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် စိတ်ငြိုငြင် ခြင်း၊ အများပြည်သူဆိုင်ရာနှောင့် ယှက်မှုဖြစ်စေခြင်း၊ လူ့ဂုဏ် သိက္ခာကို ထိခိုက်စေခြင်းတို့ခံစား နေရကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစု အဖွဲ့က ပြည်ထောင်စုလွှတ်တော် နာယကထံ ဩဂုတ် ၁ ရက်တွင် တိုင်ကြားသည်။
ထို့အပြင် လွှတ်တော်တွင်း သတင်းမီဒီယာသမား၏ဆောင် ရွက်ချက်များသည် နိုင်ငံသားတစ် ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ် မှုနှင့် လုံခြုံမှုကိုအနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါတိုင်ကြား စာတွင် ဖော်ပြထားသည်။
ယင်းတိုင်ကြားချက်ပါ အ ချက်များနှင့်ပတ်သက်၍ မီဒီယာ များက အရပ်သားလွှတ်တော် ကိုယ်စားလှယ်ခုနစ်ဦးကိုသဘော ထားတောင်းခံရာ ထိုသို့မယူဆ ကြောင်း တညီတညွတ်တည်း ပြောသည်။
‘‘တစ်ကိုယ်ရေကြုံတွေ့သ လောက်ပြောရမယ်ဆိုရင်တော့ အခုအချိန်ထိ ဘာမှအနှောင့်အ ယှက်မရှိသေးပါဘူး။ အားလုံးက အဆင်ပြေပါတယ်။ မီဒီယာ လည်း မီဒီယာအလုပ်လုပ်သလို လွှတ်တော်ကိုယ်စားလှယ်က လည်း လွှတ်တော်ကိုယ်စားလှယ် အလုပ်လုပ်ပါတယ်။ အားလုံး ဟာ ကိုယ့်ဂုဏ်သိက္ခာနှင့်ကိုယ် လျော်ညီစွာဆောင်ရွက်နေကြ တာပဲဖြစ်ပါတယ်’’ ဟု ဒီချုပ်ပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှမိုးက ပြောသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ တိုင်ကြားစာတွင် ဧရာဝတီ၊ မစ္ဇျိမနှင့် EPA သတင်းဌာနတို့မှလွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ သတင်းဓာတ်ပုံအချို့နှင့် ရုပ်သံသတင်းဖော်ပြချက်တွင် ပါဝင်သည့်ပုံရိပ်အချို့ကိုလည်း ပူးတွဲဖော်ပြထားသည်။
သို့သော် ယင်းဓာတ်ပုံများ နှင့် တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့၏ တိုင်ကြားစာပါ စွပ်စွဲချက်များမည်သို့ သက်ဆိုင် နေသလဲဟု ဧရာဝတီသတင်းဌာန နေပြည်တော်တာဝန်ခံ ကိုထက် နိုင်ဇော်က မေးခွန်းထုတ်သည်။
‘‘ကျင့်ဝတ်နဲ့မညီဘူးဆိုရင် လုပ်တဲ့လူကို တရားစွဲလိုက်။ ဥပ ဒေနဲ့အညီ ဖြေရှင်းခိုင်း။ အခုလို မျိုးနေပြည်တော်မှာရှိတဲ့ သတင်း သမားတွေအကုန်ပတ်ပြီး ကျင့် ၀တ်နဲ့မညီပါဘူး။ အရေးယူပါလို့ ပြောတာမျိုးကတော့ မဖြစ်သင့် ဘူး။ အခုက ပုံခြောက်ပုံ၊ ခုနစ်ပုံ ပါတယ်။ ဘယ်ပုံကဘာကိုပြော ချင်မှန်းမသိဘူး။ ဒီလိုယေဘုယျ ဆန်တဲ့စွပ်စွဲချက်နဲ့တော့ပြဿနာ ကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး’’ ဟု ၎င်းကဆိုသည်။
အဆိုပါတိုင်ကြားစာနှင့် ပတ်သက်၍ ဩဂုတ် ၉ ရက်တွင် လွှတ်တော်နှစ်ရပ်မှ ဒုတိယဥက္ကဋ္ဌ များနှင့် သတင်းမီဒီယာကောင်စီ တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ် သလို ဆောင်ရွက်ပေးနိုင်ပါရန်ဟု ဆိုကာ ပြည်ထောင်စုလွှတ်တော် ရုံးက သတင်းမီဒီယာကောင်စီထံ ဩဂုတ် ၁ဝ ရက်စွဲဖြင့်အကြောင်း ကြားစာ ဆက်လက်ပေးပို့သည်။
တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့၏ တိုင်ကြားစာ သည် မည်သည့်အချက်များကို ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းလင်း မှုမရှိဘဲ လွှတ်တော်တာဝန်ရှိသူ များနှင့်တွေ့ဆုံရာတွင်လည်း တပ်မတော်သားကိုယ်စားလှယ် များတက်ရောက်ခြင်းမရှိ၍ ကျယ် ပြန့်စွာ ဆွေးနွေးနိုင်ခဲ့ခြင်းမရှိ ကြောင်း သတင်းမီဒီယာကောင်စီ ၀င်ဦးမြင့်ကျော်ကပြောသည်။
လွှတ်တော်အတွင်း သတင်းရယူရာ၌ စနစ်တကျရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် ပန်ကြားချက်ဟုဆိုကာ ပြည်ထောင်စုလွှတ်တော်ရုံးက အချက် ၁၈ချက်ပါစည်းကမ်းများကို မီဒီယာများထံ ပြန်လည်ဖြန့်ဝေထားသည်။
လက်ရှိကျင်းပနေသော ဒု တိယအကြိမ်လွှတ်တော်န၀မပုံ မှန်အစည်းအဝေးကာလအတွင်း ရုပ်ရည်ချောမောသည့်အမျိုးသ မီးတပ်မတော်သားကိုယ်စား လှယ်တစ်ဦး၏ လွှတ်တော်တွင်း ပုံရိပ်သည် လူမှုကွန်ရက်အသုံးပြု သူများအကြား ရေပန်းစားခဲ့ သည်။ တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့၏ တိုင်ကြားစာ တွင် ယင်းဓာတ်ပုံကိုဖော်ပြထား သည်။ တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့၏ တိုင်ကြားစာ တွင် သတင်းမီဒီယာသမားများ သည် အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်များ၏ ကာယိနြေ္ဒကို ပျက်စီးစေတန်ရာသည်ကို သိ လျက်နှင့်ပြုမူခြင်းဟုပါဝင်သည်။ လွှတ်တော်တွင်း ပုံမှန်လှုပ်ရှားမှု ပုံရိပ်များကို မီဒီယာများက ဖော် ပြခြင်းသည် ကာယိနြေ္ဒကိုပျက်စီး စေသည်ဟု မယူဆကြောင်းအရပ် သားအမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်အချို့ကဆိုသည်။
ဇူလိုင် ၂၅ ရက်ကကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် တွင် သတင်းယူနေသည့် မဇ္ဈိမ သတင်းဌာနမှ သတင်းထောက် ကိုမင်းမင်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ဆဲဆိုခဲ့ရာ ထိုသို့ဆဲဆိုမှုကို မဇ္စျိမသတင်းဌာနက သတင်းရုပ် သံဖိုင်အတွင်း ထည့်သွင်းဖော်ပြ ခဲ့သည်။ ထိုသို့ဖြစ်ပွားပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်အစုအဖွဲ့က ပြည် ထောင်စုလွှတ်တော်နာယကထံ တိုင်ကြားစာပေးပို့ခြင်းဖြစ်သည်။
တပ်မတော်သားကိုယ်စား လှယ်၏ ဆဲဆိုခံခဲ့ရသူကိုမင်းမင်း ကလည်း လွှတ်တော်နှင့်သတင်း မီဒီယာကောင်စီတို့ထံတိုင်ကြား စာများပြန်လည်ပေးပို့ထားသည်။
‘‘ပြန်ကြည့်မယ်ဆိုရင် တပ် အရာရှိကြီးတစ်ဦး သူ့ရာထူးနဲ့ ရောက်နေတဲ့နေရာဌာနနဲ့မလျော် ကန်စွာပြုမူပြောဆိုတဲ့ဟာကို သူ တို့က မသင့်လျော်ဘူးလို့စဉ်းစား တဲ့ပုံမပေါက်ဘဲနဲ့ ငါတို့မှာ အင် အားရှိတယ်။ ငါတို့ပြောရင် ဒီ လွှတ်တော်ကလည်း လုပ်ပေးရ မှာပဲ။ ငါတို့ကန့်သတ်ရင် ဒီမီဒီ ယာတွေလည်း ခံပဲဆိုပြီးပုံစံမျိုးနဲ့ အမြဲတမ်းကြိုးပမ်းနေတာမျိုး’’ ဟု ၀ါရင့်လွှတ်တော်သတင်းထောက် ကိုဉာဏ်လှိုင်လင်းက လက်ရှိအ ခြေအနေအပေါ် မှတ်ချက်ပြု သည်။
=======================
251 / End
လွှတ်တော်သတင်းထောက်အား တပ်မတော်သားကိုယ်စားလှယ်များ၏တိုင်ကြားချက်အပေါ် အရပ်သားအမတ်များအမြင်မတူ မီဒီယာနှင့်လွှတ်တော်အမတ်များ မိမိအလု
၁၆ ဩဂုတ် ၂၀၁၈ - ၁၆:၂၂
News ID: 905684
လွှတ်တော်သ တင်းထောက်များနှင့်ပတ်သက်၍ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က အများပြည်သူဆိုင် ရာနှောင့်ယှက်မှုဖြစ်စေကြောင်း ပြည်ထောင်စုလွှတ်တော်နာယ ကထံတိုင်ကြားသော်လည်း အ ရပ်သားကိုယ်စားလှယ်များကမူ ထိုသို့မယူဆကြောင်း ပြောသည်။