အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်သည် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပမှုကြောင့် တရား စွဲဆိုခြင်းခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။ (ဓာတ်ပုံ − kicnews)
ဟင်္သာတမြို့တွင် ကရင် အမျိုးသားအာဇာနည်နေ့အခမ်း အနားကို ခွင့်ပြုချက်မတောင်းဘဲ ကျင်းပခဲ့သော ကရင်အမျိုးသား အစည်းအရုံး(KNU)ဗဟိုအလုပ် အမှုဆောင်အပါအဝင် ငါးဦးကို အမှုဖွင့်နိုင်ရေး ခရိုင်ဥပဒေရုံးသို့ အကြံဉာဏ်တောင်းခံထားသည် ဟု ဟင်္သာတမြို့နယ်အုပ်ချုပ်ရေး မှူး ဦးသန်းနိုင်က ပြောသည်။
ဟင်္သာတမြို့တွင် သြဂုတ် ၁၂ ရက်က ကျင်းပသည့် (၆၈)နှစ် မြောက် ကရင်အမျိုးသားအာဇာ နည်နေ့အခမ်းအနားကို အုပ်ချုပ် ရေးတာဝန်ရှိသူများက တားမြစ်ခဲ့ သော်လည်း ဆက်လက်ကျင်းပခဲ့ ၍ ဦးဆောင်ကျင်းပသူများကို အ ရေးယူရန် စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားမကျင်း ပမီက ပညာရည်ချွန်ဆုပေးရန်နှင့် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ပြုလုပ်ရန်သာ ခွင့်ပြုချက်တောင်း ခံခဲ့သော်လည်း ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားထည့် သွင်းကျင်းပခဲ့၍ အရေးယူရန် စီစဉ်ခြင်းဖြစ်သည်ဟု ဦးသန်းနိုင်က ဆိုသည်။
အများသူငှာနှင့် ဆိုင်သည့် အခမ်းအနားများ ပြုလုပ်ပါက ဥပဒေနှင့်အညီ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်ဟုလည်း ၎င်း က ပြောသည်။
ကရင်အမျိုးသား အာဇာ နည်နေ့ကျင်းပခြင်းကြောင့် သက် ဆိုင်ရာက အရေးယူမည်ဆိုသော် လည်း သြဂုတ် ၁၆ ရက်အထိ ထူး ခြားမှုမရှိသေးဟု ဟင်္သာတအခမ်း အနားတွင် ဦးဆောင်ခဲ့သည့် ဟင်္သာတမြို့နယ် ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌ စောကျော်ကြီးက ပြောသည်။
‘‘ကျွန်တော်တို့ကတော့ စောင့်နေရတဲ့ သဘောပေါ့။ သူ တို့ပယ်ဖျက်ရင်လည်း ပယ်ဖျက် လိုက်၊ မဖျက်ဘူး တရားစွဲမယ်ဆို ရင်လည်း တရားစွဲပေါ့။ အခု ရပ် ထားတဲ့ သဘောကတော့ လုပ်ချင် လည်း ဆက်လုပ်မယ်၊ မလုပ်ချင် လည်း မလုပ်ဘူးလားတော့ မသိ ဘူး’’ဟု ၎င်းက ဆိုသည်။
ကရင်အမျိုးသားအာဇာနည် နေ့အခမ်းအနားကျင်းပခြင်းသည် ကရင်အမျိုးသားများ၏တာဝန် ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဆက်လက် ကျင်းပရမည်ဟု စောကျော်ကြီး က ပြောသည်။
ကရင်အမျိုးသားအာဇာနည် နေ့အခမ်းအနားကျင်းပခြင်းအ ပေါ် ယခုကဲ့သို့ အုပ်ချုပ်ရေးပိုင်း ၏အရေးယူရန် ဆောင်ရွက်မှု သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်စီးစေနိုင်သည့် လုပ်ရပ်ဖြစ် ကြောင်း၊ တရားစွဲဆိုလာပါက အမှုရင်ဆိုင်မည်ဖြစ်ပြီး ဖမ်းဆီးပါ က ထောင်ကျခံမည်ဟု ပဒိုမန်း ငြိမ်းမောင်က ပြောသည်။
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ကမူ ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကျင်း ပခြင်းအပေါ် အရေးယူရန် အစိုးရ က ညွှန်ကြားထားမှုမရှိကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ပါ က အရေးယူခံရမည်ဖြစ်ကြောင်း ပြောသည်။
KNU ခေါင်းဆောင် စောဘ ဦးကြီးကွယ်လွန်သည့် သြဂုတ် ၁၂ရက်ကို ကရင်အမျိုးသားအာဇာ နည်နေ့ဟုသတ်မှတ်ကာ အခမ်း အနားများ နှစ်စဉ်နှစ်တိုင်းကျင်းပ ခဲ့ရာ ယခင်နှစ်များတွင် သက်ဆိုင် ရာ၏ ဟန့်တားမှုမကြုံခဲ့ရဘဲ ယခုနှစ်ကျမှသာ ဧရာဝတီတိုင်းနှင့် ရန်ကုန်မြို့တို့တွင် ကျင်းပသော အခမ်းအနားများအပေါ် သက် ဆိုင်ရာက ဟန့်တားခြင်း၊တားမြစ် ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ကရင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် အချို့က ပြောသည်။
=======================
251 / End
ပဒိုမန်းငြိမ်းမောင်အပါအဝင်ငါးဦးကို အမှုဖွင့်နိုင်ရေး ဥပဒေရုံးအကြံဉာဏ်တောင်းခံထားဟု ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးပြော
၁၇ ဩဂုတ် ၂၀၁၈ - ၁၉:၂၆
News ID: 905844
ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်သည် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပမှုကြောင့် တရား စွဲဆိုခြင်းခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။ (ဓာတ်ပုံ − kicnews)