အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ စီမံ ကိန်းများ ဆောင်ရွက်ရာတွင် စီမံ ခန့်ခွဲမှုညံ့လျှင် ခိုးယူသည်ထက် ပိုမိုဆုံးရှုံးနိုင်ကြောင်း မကွေး တိုင်းလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင်၊ တောင်တွင်းကြီးမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကပြောသည်။
မကွေးတိုင်း စိုက်၊ မွေး၊ ဆည်ကော်မတီအဖွဲ့သည် သြ ဂုတ် ၁၈ ရက်နေ့လယ်က အောင် လံမြို့နယ် မိုးကောင်းကျေးရွာမြစ် ရေတင်စီမံကိန်း ဆောင်ရွက်မည့် မြေနေရာကို ကြည့်ရှုစဉ်ဒေသခံ များအားပြောကြားခဲ့သည်။
မိုးကောင်းကျေးရွာအုပ်စုရှိ လယ်မြေများတွင် မြစ်ရေတင်စီ မံကိန်းဆောင်ရွက်ပေးရန်ကြန့် ကြာနေခြင်းသည် တိုင်းလွှတ် တော်ကော်မတီက မြစ်ရေတင်စီ မံကိန်းများသည် နိုင်ငံတော်အ တွက်အကျိုးမရှိသဖြင့် မဆောင် ရွက်သင့်ဟု အကြံပြုချက်ကြောင့် ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက မကွေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးဝင်းမော်ဌေးက ပြော ကြားခဲ့သည်။
‘‘မြစ်ရေတင်စီမံကိန်းက နိုင် ငံတော်အတွက် ရှုံးတာရှိတယ်။ မြတ်တာရှိတယ်။ နောက်တစ်ခု ကနိုင်ငံတော်အတွက် ရှုံးတယ်၊ ပြည်သူက အကျိုးရှိတယ်ဆိုရင် ပြဿနာမရှိဘူး။ တစ်ခုဆိုနိုင်ငံ တော်က မြစ်ရေတင်စီမံကိန်းပေါ့ မီတာခကို သိန်းလေးထောင် ကျော်ဆောင်ရတယ်။ ပြန်ရတာ ကသိန်းတစ်ရာပဲရှိတယ်။ အဲဒီလို တွေရှိတယ်။ ဘဏ္ဍာစည်းမျဉ်း စည်းကမ်းအရ အကျိုးရှိတဲ့ စီမံ ကိန်းဖြစ်စေချင်တာ။ အခုအစိုးရ လက်ထက်မှာ စီမံကိန်းအမှားတွေ လုပ်တယ်ဆိုတာ မဖြစ်စေချင် ဘူး’’ ဟု ဦးဝင်းမြင့်လှိုင်က ပြော သည်။
မကွေးတိုင်းအတွင်းမြစ်ရေ တင်စီမံကိန်း ၃၂ ခုရှိပြီး အ များစုသည် နိုင်ငံတော်က အရှုံးခံ ဆောင်ရွက်ပေးနေသည်ကို တွေ့ ရှိကြောင်း ၎င်းကဆိုသည်။ ထို့အ ပြင် အောင်လံမြို့နယ်ရှိမြစ်ရေ တင်စီမံကိန်းတစ်ခုသည် ကျပ် သိန်းပေါင်းမြောက်မြားစွာအကုန် ကျခံ တည်ဆောက်ထားသော် လည်း အကျိုးပြုလယ်ဧကမရှိ သည့်အပြင် နှစ်စဉ်ထိန်းသိမ်းမှု စရိတ် ကုန်ကျမှုများရှိနေသော ကြောင့် ဖျက်သိမ်းရမည့်အခြေ အနေရှိကြောင်း မကွေးတိုင်း လွှတ်တော် စိုက်၊ မွေး၊ ဆည် ကော်မတီ ဥက္ကဋ္ဌဦးဇော်ဝင်းကဆို သည်။
ထို့ကြောင့် ယခုမိုးကောင်း မြစ်ရေတင်စီမံကိန်း ရေရှည်တည် တံ့စွာ ဆောင်ရွက်နိုင်ရေးဒေသခံ ပြည်သူများက မြောင်းဖောက် လုပ်မည့်မြေနေရာပေးနိုင်ခြင်း ရှိ၊ မရှိ၊ မြစ်ရေတင်ရာတွင်ကျသင့် မည့် မီတာခကို တစ်ဖက်တစ် လမ်းမှကျခံပေးနိုင်ခြင်းရှိ၊ မရှိ သေချာစွာ ဆွေးနွေးတိုင်ပင်ပြီး ပြည့်စုံစွာဆောင်ရွက်နိုင်မည်ဆို လျှင်ကော်မတီအနေဖြင့် ထောက် ခံပေးမည်ဖြစ်ကြောင်း ၎င်းကဆို သည်။
အောင်လံမြို့နယ် ဧရာဝတီ မြစ်အနီးတွင်တည်ရှိသည့် မိုးဖုန်း၊မြွေရိုး၊ ရွှေသူဌေး၊ မိုးကောင်းနှင့် ဂွေးကုန်းကျေးရွာများသည် တစ်နှစ်လုံးစိုက်ပျိုးနိုင်သည့် လယ်မြေဧကတစ်ထောင်ကျော် ရှိသော်လည်း ရေမရသဖြင့် လယ်ယာအများစုသည် မိုးဦးနှင့်မိုးနှောင်းသီးနှံနှစ်ကြိမ်သာ စိုက်ပျိုးနေကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် မြစ်ရေတင်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ပေးရန် အစိုးရဟောင်းလက်ထက် ၂၀၁၅ ကတည်းကစတင်တောင်းဆိုခဲ့သည်။
=======================
251 / End
၁၉ ဩဂုတ် ၂၀၁၈ - ၁၅:၀၉
News ID: 906087
နိုင်ငံတော်၏ စီမံ ကိန်းများ ဆောင်ရွက်ရာတွင် စီမံ ခန့်ခွဲမှုညံ့လျှင် ခိုးယူသည်ထက် ပိုမိုဆုံးရှုံးနိုင်ကြောင်း မကွေး တိုင်းလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင်၊ တောင်တွင်းကြီးမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကပြောသည်။