၂၄ ဩဂုတ် ၂၀၁၈ - ၁၇:၂၅
ဥပဒေစိုးမိုးမှုပျက်ပြားပြီး လူအများကျီးလန့်စာစားနေရသည့် မြို့ထဲတွင် ရန်ကုန်မပါဝင်ဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့သည် ဥပဒေစိုးမိုးမှုပျက်ပြားပြီး လူအများ ကျီး လန့်စာစားနေရသည့် မြို့ထဲတွင် ပါဝင်ခြင်းမရှိကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်မြို့သည် ဥပဒေစိုးမိုးမှုပျက်ပြားပြီး လူအများ ကျီး လန့်စာစားနေရသည့် မြို့ထဲတွင် ပါဝင်ခြင်းမရှိကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ရန်ကုန်မြို့၏ လုံခြုံမှုအခြေ အနေများကို လေ့လာဆန်းစစ်မှု အရ တည်ငြိမ်အေးချမ်းသည့် အခြေအနေတွင် ရှိနေသည်ဟု သြဂုတ် ၂၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြု လုပ်သည့် တိုင်းဒေသကြီးအစိုးရ ဒုတိယတစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ် သည်။

ထိုသို့ ရန်ကုန်မြို့လုံခြုံမှု အခြေအနေများကို သိရှိနိုင်ရန် နိုင်ငံတကာ ဧည့်သည်များအား မေးမြန်းကြည့်လေ့ရှိရာ မြို့သစ်နှင့် ကျူးကျော်များရှိသည့်နေရာ များတွင် လုံခြုံမှုမရှိဘဲ အခြားနေရာအများစု၌ ညဘက် တစ် ယောက်တည်းသွားလာပါက လုံ ခြုံမှုရှိကြောင်း ဖြေကြားသည်ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

‘‘ကျွန်တော်တို့ ရန်ကုန်မြို့ ဟာ ဥပဒေစိုးမိုးမှုပျက်ပြားပြီး လူ တွေကို ကျီးလန့်စာစားနေရတဲ့ မြို့ထဲမှာတော့ လုံးဝမရှိပါဘူး။ ဒါက သေချာပါတယ်’’ဟု ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့မြို့ဟာ တည် ငြိမ်အေးချမ်းပြီး လူတွေသွားလာ နေထိုင်နိုင်တဲ့ အခြေအနေမှာရှိ နေပါတယ်။ ဒါပေမဲ့ တချို့လမ်း တွေ၊ တချို့ကျူးကျော်နေရာတွေ မှာ ရာဇဝတ်မှုပေါ်ပေါက်နိုင်တဲ့ အတွက် ဒီနေရာတွေကို မှုခင်း ကြိုတင်ကာကွယ်မှုတွေ ဆောင် ရွက်ဖို့၊ လူထုပူးပေါင်းပါဝင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်ဖို့ လုပ် နေပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရဲတပ်ဖွဲ့အင်အား ၇၅ ရာခိုင်နှုန်း အထက်ရရှိထားသော်လည်း လူ ဦးရေအချိုးထက် ရဲတပ်ဖွဲ့အင် အား နည်းပါးနေသည်ဟု ဝန်ကြီး ချုပ်က ဆိုသည်။

သို့သော် တစ်နိုင်ငံလုံး၏ ရဲတပ်ဖွဲ့အင်အားကို အများဆုံး အသုံးပြုခွင့်ရရှိထားသည့် တိုင်းဒေသကြီးဖြစ်၍ ရဲအင်အားထပ် တိုးတောင်းရန် ခက်ခဲသည့်အခြေအနေရှိနေကြောင်း ဦးဖြိုးမင်း သိန်းက ပြောသည်။

ရန်ကုန်မြို့သည် တည်ငြိမ် အေးချမ်းသည့် မြို့တစ်ခုဖြစ်သည် ဟု ၎င်းက ဖော်ညွှန်းပြောကြား သော်လည်း Economist Intelli-gence Unit အဖွဲ့က ယမန်နှစ် အောက်တိုဘာက ထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံများရှိ မြို့တော်များ၏ လုံခြုံမှုအညွှန်းကိန်း (Safe Cities Index 2017)တွင် ရန်ကုန်မြို့ သည် ပါကစ္စတန်နိုင်ငံ မြို့တော် ကရာချိမြို့နောက် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။

ကျူးကျော်ပြဿနာကို အစိုးရက အလေးထားဆဲ

ရန်ကုန်မြို့၏ ကျူးကျော်အ ရေးကိစ္စကို လက်ရှိအထိ အလေး ထားဆောင်ရွက်နေဆဲ ဖြစ်ကာ ၎င်းတို့ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရန် ကြိုးစားဆောင်ရွက်နေသည်ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရက ကောက်ယူသည့် ကျူးကျော် စာရင်းများအရ ရန်ကုန်မြို့တွင် ကျူးကျော်အိမ်ထောင်စု တစ် သိန်း ခွဲ (လူဦးရေလေးသိန်းခန့်) ရှိကာ နှစ်ရှည် အရစ်ကျဖြင့် အိမ်ရာဝယ် ယူနိုင်ရေး ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးကြီးဖြင့် လုပ်ကိုင်မည့်သူများ နှင့် ညှိနှိုင်းနေသည်ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။

‘‘ဒီလူတွေ (ကျူးကျော်များ) ဟာ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံ သားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝကို ကျွန်တော်တို့တွေ နား လည်ပေးရပါမယ်။ ဒီလူတွေဟာ လူသားအရင်းအမြစ်တွေ ဖြစ်ပါ တယ်။ ကိုယ့်နိုင်ငံရဲ့လူသားအ ရင်းအမြစ်ကို ကျွန်တော်တို့မမြှင့် တင်ပေးနိုင်ခဲ့ရင် ကျွန်တော်တို့မြို့ဟာ တကယ့်ကို ဥပဒေစိုးမိုးမှု ပျက်ပြားပြီး တကယ့်ကို မြို့မှာ ဆိုးမွေတွေ ပေါ်လာနိုင်ပါတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါ ကျူးကျော်များကို အိမ်ရာဆောက်လုပ်ပေးရန် ကာလရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်၍ လုပ်ငန်းရှင်အချို့က လုပ်ကိုင်လိုခြင်း မရှိဟုလည်း ဦးဖြိုးမင်းသိန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ဆီက ရင်းနှီး မြှုပ်နှံမှုလုပ်မယ့် သူဌေးတွေက ဆူလွယ်နပ်လွယ်ကို လိုချင်ကြ တယ်။ ဒီလိုရေရှည်ရင်းနှီးမြှုပ်နှံ ဖို့အတွက် အင်အားနည်းပါတယ်’’ ဟု ၎င်းကပြောသည်။

မြို့သစ်များဖော်ဆောင်မည့်ကိစ္စဆက်လုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် မြို့သစ်စီမံကိန်းအ သစ်များ ဖော်ဆောင်ရခြင်းသည် လက်ရှိ လိုအပ်ချက်အခြေအနေ များကြောင့် ဆောင်ရွက်ခြင်းဖြစ် ပြီး ယခင်မြို့သစ်များ၏ ဖွံ့ဖြိုးမှု အားနည်းချက်ရှိနေခြင်းကိုလည်း လက်ခံကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခင်က ဖော်ဆောင်သည့် မြို့သစ်များတွင် မြေလွတ်များ နည်းပါးနေသဖြင့် ရင်းနှီးမြှုပ်နှံ မည့်သူများကို ဖိတ်ခေါ်ရန်နှင့် လက်ရှိနေထိုင်ရန် အခက်အခဲရှိ သူများကို နေရာချပေးရန် မြို့သစ် စီမံကိန်းအသစ်များလည်း လိုအပ် နေသည်ဟု ၎င်းကဆိုသည်။

‘‘ဒဂုံလေးမြို့နယ်မှာ ဖွံ့ဖြိုး တိုးတက်မှု အင်မတန်အားနည်း ပါတယ်။ ဒီအခြေအနေနဲ့ မြို့သစ်  ကို တစ်ဆက်တည်းချိတ်ပြီးတော့ စဉ်းစားလို့မရပါဘူး’’ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် အဆိုပါမြို့သစ်စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင် မည့်သူများအား လာမည့် ဘတ် ဂျက်နှစ်ကစ၍ ဖိတ်ခေါ်မည်ဖြစ် ပြီး လက်ရှိတွင် လုပ်ကိုင်လိုသူများ က လာရောက်ဆက်သွယ်ပြော ကြားမှုများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

YBS ဘတ်စ်ကားစနစ်ထပ်မြှင့်မည်

ရန်ကုန်တိုင်းဒေသကြီးအစိုး ရက ဖော်ဆောင်သည့် YBS ဘတ်စ်ကားစနစ်သည် လက်ရှိအချိန်တွင် အားနည်းချက်များရှိ သော်လည်း ခရီးသွားများအတွက် ဝန်ဆောင်မှုပိုမိုပေးနိုင်မည့် အခြေ အနေရောက်အောင် ပြုပြင်ပြောင်း လဲမှုများ ထပ်မံဆောင်ရွက်မည် ဟု ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

လက်ရှိတွင် တစ်ဦးချင်းပိုင် ယာဉ်ပိုင်ရှင်များကြောင့် အဆင့် မြှင့်တင်ရာတွင် အခက်အခဲများ ရှိနေကာ ပြောင်းလဲမှုကို လိုက်ပါ နိုင်ခြင်းမရှိသည့် ယာဉ်ပိုင်ရှင်များ နှင့် ကုမ္ပဏီများကို ချန်ထားမည် ဟု ၎င်းကဆိုသည်။

ထို့အပြင် YBS ဘတ်စ်ကား စနစ်အတွက် အရေးပါသည့် ငွေ ပေးကတ်စနစ်ကျင့်သုံးရန် တိုင်းဒေသကြီးအစိုးရနှင့် ယင်းစနစ် လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီ တို့ ချုပ်ဆိုမည့်စာချုပ်ပါ အချက်အလက်များအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ တင်ပြထားရာ ပြန်မကျသေးသဖြင့် ကြန့်ကြာနေ ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

 ‘‘ဗဟိုဘဏ်ဘက်ကတော့ YPS (ကြိုတင်ငွေပေးကတ်စနစ်) စနစ်အတွက် လိုင်စင်ချပေးဖို့ အဆင်သင့်ဖြစ်နေပြီ။ ရှေ့နေချုပ် ရုံးကနေ စာချုပ်ပါ အချက်အလက်တွေ ပြန်ကျတဲ့အခါမှာ စာချုပ်ချုပ်ပြီး လုပ်ငန်းအမြန်ဆုံးစသွားဖို့ရှိတယ်’’ဟု ၎င်းကဆိုသည်။

အဆိုပါစာချုပ်ချုပ်ဆိုပြီးပါ က ကိုးလအတွင်း ဘတ်စ်ကားအ စီးရေ သုံးထောင်ခန့်တွင် ယင်းကတ်စနစ် တပ်ဆင်အသုံးပြုမည် ဟု ကရင်တိုင်းရင်းသားရေးရာဝန် ကြီးက ပြောသည်။

=======================
251 / End