၂၅ ဩဂုတ် ၂၀၁၈ - ၁၆:၅၀
နေပြည်တော်ရှိ မြေသိမ်းခံ တောင်သူများအတွက် ဒီချုပ်အစိုးရလက်ထက်တွင် နစ်နာမှုလျော်ကြေး ကျပ်သန်း ၁,၁၀၀ ကျော် ပေးလျော်ထား

နေပြည်တော် တည်ဆောက်ရေးကာလအတွင်း သိမ်းယူသော လယ်ယာမြေများ နှင့် ပတ်သက်၍ နစ်နာသည့် တောင်သူများကို ယခုအစိုးရ လက်ထက်အတွင်း လယ်ယာမြေ လျော်ကြေး ကျပ်သန်း ၁,၁၀၀ ကျော် ပေးလျော်ထားကြောင်း နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဝင် (၂) ဦးမင်းသူက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နေပြည်တော် တည်ဆောက်ရေးကာလအတွင်း သိမ်းယူသော လယ်ယာမြေများ နှင့် ပတ်သက်၍ နစ်နာသည့် တောင်သူများကို ယခုအစိုးရ လက်ထက်အတွင်း လယ်ယာမြေ လျော်ကြေး ကျပ်သန်း ၁,၁၀၀ ကျော် ပေးလျော်ထားကြောင်း နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဝင် (၂) ဦးမင်းသူက ပြောသည်။

‘‘လာမယ့် ဘတ်ဂျက် ၂၀၁၈-၁၉ နှစ်မှာလည်း ကျပ်သန်း ၅၀၀ ပေးဖို့ လျာထားပါတယ်’’ဟု ဦးမင်းသူကဆိုသည်။

သြဂုတ် ၂၄ ရက်က ဥတ္တရ သီရိမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ နေပြည်တော် တည် ဆောက်ရေးကာလက သိမ်းဆည်းသော မြေယာများနှင့်ပတ်သက် ၍ အိမ်ထောင်စု ၁၀ စုအား ပေ ၄၀×၆၀ မြေကွက်တစ်ကွက်စီ အစားပေးအပ်သော အခမ်းအနားအပြီး မီဒီယာများ၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

‘‘အဓိကကတော့ ချထား ပေးမယ်ဆိုတဲ့ ညွှန်ကြားချက်အ တိုင်း မဆောင်ရွက်ခဲ့တဲ့အတွက် ကို မှတ်တမ်းတွေအရ ပြန်စစ် ကြည့်ပြီး ကျန်နေတဲ့အကွက်တွေ ကို ပြန်ဖော်ထုတ်ပေးတာ’’ ဟု ဦးမင်းသူကဆိုသည်။

 မြေကွက်များကို မူလက နစ်နာကြေး ပေးအပ်ရန်ရှိသည့် တောင်သူ ၁၀ ဦးအား နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇ၀နရပ်ကွက်အတွင်း အစားထိုးပေးအပ်ခဲ့သည်။

လက်ရှိတွင် ဥတ္တရသီရိမြို့ နယ်၌ မြေကွက် ၁,၅၀၀ ခန့် အစားထိုးချပေးထားကြောင်း ဦးမင်းသူက ဖြည့်စွက်ပြောကြားသည်။

နေပြည်တော် စည်ပင်သာ ယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူး ဦးမျိုးနိုင်က ဥတ္တရသီရိမြို့နယ်အ တွင်းရှိ သစ်ဝင်တိုင်း၊ ဒိုးနွယ်နှင့် ချင်းရွာရှိ အိမ်ထောင်စုများကို ၂၀၀၇-၀၈ အတွင်း အဆောက်အအုံလျော်ကြေးနှင့် ပြောင်းရွှေ့စရိတ်များ ပေးလျော်ပြီးဖြစ် ကြောင်း ဆိုသည်။

နေပြည်တော်တည်ဆောက် ရေးစီမံကိန်းများအတွက် သိမ်းယူ သော လယ်ယာမြေများနှင့်ပတ် သက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ယခု(၂၀၁၇-၁၈) ဘဏ္ဍာနှစ်အထိ တောင်သူများထံသို့ နစ်နာကြေး ကျပ်လေးဘီလီယံ (၄,၀၅၀,၂၂၇,၅၈၀) ကျော် ပေးလျော်ထားကြောင်း ဦးမင်းသူက 7Day Daily သတင်းစာအား ပြောကြားထားသည်။

သမ္မတဦးသိန်းစိန် လက် ထက် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကနစ်နာမှု ထောက်ပံ့ကြေးအဖြစ်ကျပ်သန်း ၈၀၀  (၇၉၀,၉၉၁,၅၀၀)ခန့်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၄၆၀ (၄၆၉,၅၉၈,၈၂၃) ကျော်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၇၁၀(၇၁,၁၃၀,၁၀၀)ကျော်ဖြင့် သုံးကြိမ်တိုင် ပေးလျော်ခဲ့ကြောင်း ဦးမင်းသူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော ဒီချုပ်အစိုးရသစ် တက်လာပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၅ ဘီလီယံ (၁,၅၉၆,၃၇၆,၃၅၀) ကျော်ကို တောင်သူများအတွက် နစ်နာမှု ထောက်ပံ့ကြေးအဖြစ် ဆက်လက်ပေးလျော်ခဲ့သည်။

=======================
251 / End