၁ စက်တင်ဘာ ၂၀၁၈ - ၁၅:၀၃
အဖွဲ့ဆိုင်းဘုတ်မဖြုတ်သော်လည်း မဘသနှင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း သက်ဝင်လှုပ်ရှားမှုမရှိတော့ဟု သူရဦးအောင်ကိုပြော

အဖွဲ့ဆိုင်းဘုတ် များ ဖြုတ်သည်ဖြစ်စေ၊ မဖြုတ် သည်ဖြစ်စေ အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)နှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသည် တရားမ၀င်အဖွဲ့အစည်းများဖြစ်ပြီး သက်ဝင်လှုပ်ရှားမှုမရှိတော့ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဩဂုတ် ၃၁ ရက်၌ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများ အား ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အဖွဲ့ဆိုင်းဘုတ် များ ဖြုတ်သည်ဖြစ်စေ၊ မဖြုတ် သည်ဖြစ်စေ အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)နှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသည် တရားမ၀င်အဖွဲ့အစည်းများဖြစ်ပြီး သက်ဝင်လှုပ်ရှားမှုမရှိတော့ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဩဂုတ် ၃၁ ရက်၌ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများ အား ပြောကြားသည်။

တရားမ၀င် အဖွဲ့အစည်းဖြစ်သော မဘသ၏အမှတ်တံဆိပ် ဆိုင်းဘုတ်များမဖြုတ်သည့်နေရာ များကို ရေကြီးခွင့်ကျယ် သဘော ထား၍ အတင်းဖြုတ်သိမ်းမည် မဟုတ်ဟု ၀န်ကြီးသူရဦးအောင် ကိုကပြောသည်။ ထို့အပြင် ဗုဒ္ဓ ဓမ္မပရဟိတ ဖောင်ဒေးရှင်းလည်း တရားမ၀င်အဖွဲ့အစည်း မဘသ ကို နာမည်ပြောင်းထား၍ တရား မ၀င် အဖွဲ့အစည်းသာဖြစ်သည် ဟု ၀န်ကြီးကပြောသည်။

‘‘ဆိုင်းဘုတ် ဖြုတ်ဖြုတ်၊ မဖြုတ်ဖြုတ် ဆိုင်းဘုတ်က သက် ၀င်လှုပ်ရှားမှုမရှိတော့တဲ့ ဆိုင်း ဘုတ်များသာ ဖြစ်ပါတယ်’’ဟု 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

၂၀၁၇ မေလက မဘသအဖွဲ့ကို တရားမ၀င်အဖွဲ့အဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းရန်နှင့် ဆိုင်းဘုတ် အမှတ်တံဆိပ်များ ဖယ်ရှားရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ သို့သော် မန္တလေးနှင့် ကရင်ပြည် နယ်ရှိ မဘသဆိုင်းဘုတ်များနှင့် တံဆိပ်အချို့ ယနေ့အထိ ဖျက် သိမ်းခြင်း မရှိသေးပေ။ မဘသ အဖွဲ့အစည်းကို တရားမ၀င် ဘာသာရေးအဖွဲ့အစည်းဖြစ်ကြောင်းကြေညာပြီး ရက်ပိုင်းအတွင်းမှာပင် မဘသဦးဆောင်သူများက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ သည်။

သို့သော် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသည် တရားမ၀င် ဖွဲ့စည်းထားခြင်းဖြစ်၍ ယင်းအဖွဲ့ သည် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန် ပြီးခဲ့ သည့် ဇူလိုင် ၂၀ ရက်က ပြုလုပ် သည့် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ (မဟန) ၄၇ ပါး စုံညီအ စည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအနှံ့ စိုက်ထူထားသော ဖောင်ဒေးရှင်းဆိုင်း ဘုတ်များကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

‘‘တရားမ၀င်တဲ့ အဖွဲ့အ စည်းကို နာမည်ကနေပြီးမှပြောင်း လဲဖွဲ့စည်းတဲ့ အဖွဲ့အစည်းက လည်းပဲ မူလကတည်းက အလိုအလျောက် တရားမ၀င်အဖွဲ့အ စည်းသာဖြစ်တယ်လို့ ပြောကြားပါရစေ’’ဟု သူရဦးအောင်ကိုက ပြောကြားသည်။

 ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းသည် ရန်ကုန်တွင် ထောက်ခံ ပွဲတစ်ခုပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ရခြင်းသည် ပြည်သူထောက်ခံမှု အားနည်း၍ဖြစ်ပြီး တစ်ခဲနက် ထောက်ခံနေသူများ ရှိပါက ထောက်ခံပွဲများလုပ်ရန် မလို ကြောင်း ၎င်းကဆိုသည်။ ‘‘ပြည် သူထောက်ခံမှုမရှိတဲ့ မည်သည့်အဖွဲ့အစည်းမျိုးမဆို သူ့ဘာသာသူပဲ မှေးမှိန်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်လို့ ဖြေကြားချင်ပါတယ်’’ ဟု  သူရဦးအောင်ကိုက ပြောသည်။

=======================
251 / End