အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ စက်တင်ဘာ ၁၂ ။ ။ ရန်ကုန်တိုင်းဒေသကြီး၏မြို့နယ်များဖြစ်သည့် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များ၌ နိုင်ငံတကာဆိပ်ကမ်းကြီးတည်ဆောက်သွားရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
စက်တင်လာလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကော့မှူးကျေးရွာ၌ပြုလုပ်သည့် ဒီရေတောပျိုးဥယျာဉ်ဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ရန်ကုန်မြို့ဆိုရင် ကွမ်းခြံကုန်း ကော့မှူးဘက်မှာ နိုင်ငံတကာဆိပ်ကမ်းကြီးကို ကျွန်တော်တို့တည်ဆောက်ဖို့ပြင်ဆင်နေပါတယ် ရန်ကုန်မြစ်ကြီးရဲ့ထိပ်ကို နိုင်ငံတကာဆိပ်ကမ်းတွေကို ရွေ့လာနိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်။ ရန်ကုန်မြစ်ထိပ်ကို သင်္ဘောတွေဝင်လာနိုင်မယ် သင်္ဘောတွေဝင်ထွက်ခွင့်ရနိုင်မယ့်ဆိပ်ကမ်းကြီးတစ်ခုဖြစ်မယ်ဆိုရင် ရေစူးပိုပြီးနက်တဲ့ သင်္ဘောတွေကိုဆိုက်ကပ်ခွင့် ရလာမှာဖြစ်ပါတယ်။ ဒီအတွက်လည်းလေ့လာဆန်းစစ်မှုတွေကျွန်တော်တို့လုပ်ပြီးဖြစ်ပါတယ်။ မကြာခင်မှာတည်ဆောက်ဖို့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။
ထိုကဲ့သို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် သဘာဝဘေးအန္တရာယ်များမခံစားရစေရန်အတွက် အရေးကြီးကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများအားလုံးတွင် မုန်တိုင်းဒဏ်ကာကွယ်ပေးနိုင်ပေးနိုင်မည့် သစ်တောကြိုးဝိုင်းများ၊ ဒီရေရောက်တောများကို တည်ဆောက်သွားမည်ဖြစ်ပြီး ၄င်းတို့မှဒေသခံများအတွက် ငါး၊ ပုဇွန် လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ကြမည်ဖြစ်သည်ဟု ၀န်ကြီးချုပ်က ဆက်ပြောသည်။
ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်မည်ဖြစ်သလို ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒီရေတောများ စိုက်ပျိုးကြရမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလျံ ရရှိခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ဒီရေတောဧက ၄၆၂၇ စတုန်ရန်းကီလိုမီတာ မှ ၂၀၁၃ ခုနှစ်တွင် ၃၉၆၁ စတုန်ရန်းကီလိုမီတာ သို့လျော့ကျလာကာ ၂၀၃၀ ခုနှစ်တွင် ၂၅၆၉ စတုန်ရန်းကီလိုမီတာအထိ လျော့ကျသွားနိုင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ၏လေ့လာမှုအရ ဖော်ပြထားသည်။
=======================
251 / End
၁၂ စက်တင်ဘာ ၂၀၁၈ - ၁၇:၃၅
News ID: 909040
ရန်ကုန်၊ စက်တင်ဘာ ၁၂ ။ ။ ရန်ကုန်တိုင်းဒေသကြီး၏မြို့နယ်များဖြစ်သည့် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များ၌ နိုင်ငံတကာဆိပ်ကမ်းကြီးတည်ဆောက်သွားရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။