အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရိုက်တာသတင်း ထောက်နှစ်ဦး အမြန်ဆုံးလွတ် မြောက်ရေး ဆုတောင်းပွဲနှင့် သတင်းမီဒီယာများဖိနှိပ်မှုကို ဆန့် ကျင်ကန့်ကွက်ကြောင်း လှုပ်ရှား မှုများကို တနင်္သာရီတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တွင် တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၁၆ ရက် နံနက် က ထားဝယ်မြို့ရှိ ရွှေတောင်စား စေတီတော်ရင်ပြင်ပေါ်၌ မြို့ခံ သတင်းထောက်များနှင့် အရပ် ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းဝင်များပါဝင်၍ တစ် နိုင်ငံလုံး၌ တရားစွဲဆိုခံနေရသော သတင်းမီဒီယာသမားများအပါအ ဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရ သည့် ရိုက်တာသတင်းထောက် နှစ်ဦးအမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်ခဲ့သည်။
ထို့အပြင် ‘သတင်းမီဒီယာကို ဖိနှိပ်ခြင်းသည် လူထုသတင်းမှန်သိပိုင်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်’ဟူသော စာတန်းကိုင်ဆောင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ်အခြေစိုက် အကြီးတန်းသတင်းထောက် ဦးတင့်လွင်က ပြောကြားသည်။
‘‘သတင်းမီဒီယာဟာ ပြည် သူရဲ့မျက်စိ၊ နားဖြစ်တယ်။ သတင်းမီဒီယာသမားတွေကို ဖိနှိပ်တယ်၊ ဖမ်းဆီးထောင်ချတယ်ဆို တာ ပြည်သူအများရဲ့ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ခြင်းဖြစ် တယ်။ သတင်းမီဒီယာသမားတစ် ယောက် ထောင်ထဲရောက်တယ် ဆိုတာ ပြည်သူတွေကို အမှောင်ချ လိုက်တာနဲ့တူတူပဲ။ ဒါကြောင့် ဒီလှုပ်ရှားမှုကို ပြုလုပ်တာပါ’’ဟု ဦးတင့်လွင်က ဆိုသည်။
ထို့အတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည် တွင် ကရင်နီလူငယ်များ ဦး ဆောင်၍ ရိုက်တာသတင်း ထောက်နှစ်ဦးဖြစ်သော ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးလွှတ်ပေးရန်နှင့် ‘စတုတ္ထမဏ္ဍိုင်ကြီးဖိနှိပ်မှုရပ်’၊ ‘သတင်းမီဒီယာများဖိနှိပ်မှုရပ်’ဟု ရေးသားထားသော စာတန်းများ ကိုင်ဆောင်၍ အနက်ရောင်လှုပ်ရှားမှုကို စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် ဦး ဆောင်သူတစ်ဦးဖြစ်သည့် ကရင် နီလူငယ်ခွန်းသောမတ်က ‘‘ဒီမိုက ရေစီအစိုးရအနေနဲ့သတင်းသမား များနဲ့ သာမန်ပြည်သူတွေကို ဥပဒေတစ်ခုကို လိုသလို ဆွဲပြီး လုပ်တာကောင်းတဲ့ လက္ခဏာမဟုတ် ဘူး။ လက်ရှိအစိုးရအနေနဲ့ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ပြီး ရှေ့ကို ဆက်သွားမယ်ဆိုရင် သတင်းမီဒီယာတွေကို ဖိနှိပ်တဲ့ ကိစ္စတွေ ရပ်တန့်ဖို့လိုသလို အခု ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခံရတဲ့ သတင်းသမားနှစ်ယောက်ကို ခြွင်းချက်မရှိ ပြန်ပြီး လွှတ်ပေးဖို့ လိုပါတယ်’’ဟု ပြောသည်။
လက်ရှိ ဒီချုပ်အစိုးရသစ် လက်ထက်တွင် သတင်းမီဒီယာ သမားများအပေါ် တရားစွဲဆိုထား သည့် အမှု ၂၄ မှုအထိရှိပြီး သတင်းသမား ၃၈ ဦး တရားရင် ဆိုင်နေရကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု (အသံ - A Than) အဖွဲ့က စက် တင်ဘာအတွင်း ထုတ်ပြန်သည့် သုတေသနစစ်တမ်းတစ်စောင် ၌ ဖော်ပြထားသည်။
အဆိုပါအမှုများသည် အစိုးရဝန်ထမ်းများက တရားစွဲဆိုထား သော အမှု ၁၅ မှု၊ တပ်မတော်က တရားစွဲဆိုထားသော အမှုသုံးမှု နှင့် အခြားသူများက စွဲဆိုထား သော အမှုခြောက်မှုပါဝင်ကြောင်း ဖော်ပြထားသည်။
=======================
251 / End
၁၆ စက်တင်ဘာ ၂၀၁၈ - ၁၇:၅၀
News ID: 909481
ရိုက်တာသတင်း ထောက်နှစ်ဦး အမြန်ဆုံးလွတ် မြောက်ရေး ဆုတောင်းပွဲနှင့် သတင်းမီဒီယာများဖိနှိပ်မှုကို ဆန့် ကျင်ကန့်ကွက်ကြောင်း လှုပ်ရှား မှုများကို တနင်္သာရီတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တွင် တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။