၁၆ စက်တင်ဘာ ၂၀၁၈ - ၁၈:၃၉

စက္တင္ဘာ ၁၅ ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ မဲဆန္ဒရှင်ပြည်သူ ၁၂၀၀ကျော်ကို မေးမြန်းစစ်တမ်းကောက်ရာတွင် စည်ပင်၏ လုပ်ငန်းဆောင်ရွက်မှုများကို နားမလည်ခြင်းမျိုးများ တွေ့ရှိရကြောင်း အလင်းစေတမာန် စာကြည့်တိုက်နှင့် လူမှုအထောက်အကူပြု အသိပညာပြန်ပွားရေးအဖွဲ့မှ တာဝန်ခံ မဥမ္မာ ကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စက်တင်ဘာ ၁၅ ။          ။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ မဲဆန္ဒရှင်ပြည်သူ ၁၂၀၀ကျော်ကို မေးမြန်းစစ်တမ်းကောက်ရာတွင် စည်ပင်၏ လုပ်ငန်းဆောင်ရွက်မှုများကို နားမလည်ခြင်းမျိုးများ တွေ့ရှိရကြောင်း အလင်းစေတမာန် စာကြည့်တိုက်နှင့် လူမှုအထောက်အကူပြု အသိပညာပြန်ပွားရေးအဖွဲ့မှ တာဝန်ခံ မဥမ္မာ ကပြောသည်။

စက်တင်ဘာ ၁၅ရက်က Orchid ဟိုတယ်တွင်ပြုလုပ်ခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနနှင့် သက်ဆိုင်သော လူထုသဘောထားစစ်တမ်းအစီရင်ခံစာ သတင်းစာရှင်လင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ် သည်။

"အဓိကတွေ့ရှိရတာကတော့ စည်ပင်ရဲ့ လုပ်ငန်းဆောင်တာဥပဒေတွေကို နားမလည်နေတာတွေ့ရှိရတယ်။ နောက်ပြီးတော့ စည်ပင်ရဲ့ ဘတ်ဂျတ်တွေကို ပြည်သူလူထု ဘယ်လိုသုံးစွဲနေတယ်ဆိုတာကို မသိနေဘူး။ အဲဒီ အချက်ကိုသိရှိရတယ်။ ပြည်သူရဲ့ဆန္ဒက ရွေးကောက်ခံ အများအပြားပါစေချင်တယ်။ မြို့တော်ဝန်ကိုလည်း ရွေးကောက်ခံဖြစ်စေချင်တာကိုတွေ့ရတယ်။ အံ့သြစရာကောင်းတဲ့ အချက်တစ်ခုက ၀န်ဆောင်မှုတွေသာ ပိုရရင် အခကြေးငွေကို ပိုပေးမယ်ဆိုတဲ့ ပြည်သူလူထုရဲ့ဖြေကြားချက်ကတော့ ခရိုင်လေးခုစလုံးမှာကြားခဲ့ရတယ်" ဟု မဥမ္မာ ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ခုမှ ပြည်သူများအနေဖြင့် စည်ပင်သာယာဆိုလျှင် အခွန်များထမ်းဆောင်နေရပြီး လုပ်ဆောင်မှုပိုင်းတွင် မြင်သာမှုအားနည်းသည်ဆိုသည့် ယုံကြည်မှုအားနည်းသည့်အမြင်မျိုးကိုသာ တွေ့ရ ကြောင်း မဥမ္မာက ဆက်လက်ပြောသည်။

"၁၂၀၅ ဦး ဆိုတာက မြို့တော်စည်ပင်နယ်နိမိတ်ထဲမှာပါတဲ့လူတွေပေါ့။ ၄၅မြို့နယ်လုံးမဟုတ်ဘဲ ၃၃မြို့နယ်ထဲ က အသက် ၁၈နှစ်ပြည့်ပြီးသူ နိုင်ငံသားတစ်ယောက်ဖြစ်ပြီဆိုရင် စပြီးမေးပါတယ်။ အမျိုးသမီး၊ အမျိုးသား၊ လူငယ်ပိုင်းနဲ့ လူကြီးပိုင်း မျှပြီး မေးထားတာဖြစ်ပါတယ်။ ၉၅ရာခိုင်နှုန်း စိတ်ချယုံကြည်မှုရအောင် မေးမြန်ထား တာဖြစ်ပါတယ်" ဟု New Myanmar Foundation အမှုဆောင် ဒါရိုက်တာ ဒေါ်မြနန္ဒာသင်းကပြောသည်။

စစ်တမ်းကောက်ယူမှုလုပ်ဆောင်ရန်အတွက် ၂၀၁၇ခုနှစ်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၈ခုနှစ် မတ်လတွင် စစ်တမ်းကောက်ယူမှုများပြုလုပ်ခဲ့ကာ ယခုအစီရင်ခံစာကိုထုတ်ပြန်ခြင်းဖြစ် သည်။

အစီရင်ခံစာကို သက်ဆိုင်ရာ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတို့ကိုလည်း တင်ပြထားပြီးဖြစ်ကြောင်း သတင်းစာရှင်လင်းပွဲမှ သတင်းရရှိသည်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို နှစ်ပေါင်း ၆၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည်။

=======================
251 / End