အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အနောက်နိုင်ငံများက ပေးအပ်ထားသည့် ဆုတံဆိပ်များ ရုပ်သိမ်းခြင်းကို အလေးမထား ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NHK သတင်းဌာနအား ပြောကြား သည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မဲခေါင်-ဂျပန်ထိပ် သီးအစည်းအဝေးတက်ရောက် ရန်တိုကျိုသို့ရောက်ရှိနေစဉ် NHK သတင်းဌာနနှင့်သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် ယင်းသို့ ထည့်သွင်းပြောကြားသည်။
‘‘ကျွန်မအနေနဲ့ ဒီလိုဂုဏ်ပြု မှုတွေ၊ ဆုတံဆိပ်တွေကို အလေး မထားပါဘူး။ မိတ်ဆွေတွေအနေ နဲ့ သူတို့ဖြစ်သင့်သလို လေးနက် တည်ငြိမ်မှု မရှိတာကိုတော့ ကျွန်မ စိတ်မကောင်းပါဘူး။ ဘာကြောင့် လဲဆိုတော့ ခင်မင်မှုဆိုတာ နား လည်မှုပဲ။ အခြေခံအားဖြင့်ကိုယ့် အထင်နဲ့ကိုယ်ဆုံးဖြတ်တာထက် နားလည်မှုပေးဖို့ကြိုးစားခြင်းလို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ဆုတံ ဆိပ်တွေ ဆိုတာကတော့ လာ လိုက်၊ သွားလိုက်ပါပဲ’’ဟု ဒေါ် အောင်ဆန်းစုကြည်က NHK သ တင်းဌာနအား ဖြေကြားသည်။
မြန်မာ့ဒီမိုကရေစီပြယုဂ်ဒေါ် အောင်ဆန်းစုကြည်ကို ပေးအပ် ချီးမြှင့်ထားသည့် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရုပ်သိမ်းမည်မဟုတ် ကြောင်း နိုဗယ်ဖောင်ဒေးရှင်းက အတည်ပြုပြောကြားထားသော် လည်း ပြီးခဲ့သည့်တစ်နှစ်အတွင်း ဆုတံဆိပ်ခုနစ်ခုကို အနောက်နိုင် ငံများက ပြန်လည်ရုပ်သိမ်းခဲ့ သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ကနေဒါနိုင်ငံလွှတ်တော်နှစ်ရပ် ၏ ဆုံးဖြတ်ချက်ဖြင့်ဒေါ်အောင် ဆန်းစုကြည်အား ပေးအပ်ထား သော ကနေဒါဂုဏ်ထူးဆောင်နိုင် ငံသားဖြစ်မှုကို ပြန်လည်ရုပ်သိမ်း ခဲ့သည်။
အနောက်နိုင်ငံများနှင့် တင်း မာမှုမြင့်တက်နေစဉ် ဂျပန်နိုင်ငံ နှင့် ဆက်ဆံရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ‘‘အ ရင်ဦးဆုံး ကျွန်မတို့ကို သူတို့ပေး ခဲ့တဲ့နားလည်မှုကို အရမ်းတန်ဖိုး ထားပါတယ်။ အဲဒါဟာ တကယ့် အကူအညီထက်ပိုအရေးကြီးတဲ့ နားလည်မှုဖြစ်ပါတယ်။ ကူညီ တာဟာ အခြေအနေကိုစစ်မှန်တဲ့ နားလည်မှုကလာတဲ့အဓိပ္ပာယ် ပြည့်ဝမှုဖြစ်ပါတယ်’’ဟု ပြော ကြားသည်။
မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အကြား နားလည်မှုကွာဟနေမှုကို ပြန်လည်သင့်မြတ်ရေး ဂျပန်နိုင် ငံကကူညီမည်ဟု မျှော်လင့် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောသည်။
ထို့အပြင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ရေရှည် နောက်ဆက်တွဲဆိုးကျိုးများကို နိုင်နင်းအောင်ဖြေရှင်းရမည်ဖြစ် သောကြောင့် အလျင်စလိုပြင် ဆင်၍မရကြောင်း ရှင်းပြသည်။
ထောင်ဒဏ်ခုနစ်နှစ်ပြစ် ဒဏ်ချမှတ်ခံထားရသည့် ရိုက် တာသတင်းထောက်နှစ်ဦးနှင့် ပတ်သက်၍ တရားရုံး၏ဆုံးဖြတ် ချက်ကို မေးခွန်းထုတ်နိုင်ခွင့်ရှိ ကြောင်းနှင့် အယူခံဝင်ခွင့်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
=======================
251 / End
၆ အောက်တိုဘာ ၂၀၁၈ - ၁၉:၂၂
News ID: 911851
အနောက်နိုင်ငံများက ပေးအပ်ထားသည့် ဆုတံဆိပ်များ ရုပ်သိမ်းခြင်းကို အလေးမထား ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NHK သတင်းဌာနအား ပြောကြား သည်။