အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
KNU ဗဟိုကော်မတီများ နှင့် တပ်ပိုင်းဆိုင်ရာခေါင်းဆောင် စုစုပေါင်း ၉၀ ဦးခန့် တက်ရောက် ခဲ့သည့် KNU အရေးပေါ်အစည်း အဝေးက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာ တရားဝင်အစည်းအ ဝေးများတွင် ပါဝင်မှုကို ယာယီ ရပ်ဆိုင်းကာ အလွတ်သဘော ဆွေးနွေးမှုလမ်းကြောင်းမှ ဆွေး နွေးအဖြေရှာမည်ဟု ယမန်နေ့က ထုတ်ပြန်သည်။
NCA သဘောတူစာချုပ်ပါ အတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့် အညီ တည်ဆောက်ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင် ကရင် အမျိုးသားအစည်းအရုံး(KNU) အဖွဲ့အစည်းတစ်ခုလုံး ညီညွတ် စွာ ပါဝင်ရေး လုံလောက်သည့် ကာလတစ်ခုရယူရန် လိုအပ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထား ပြီး အလွတ်သဘောတွေ့ဆုံဆွေး နွေးမှုလမ်းကြောင်းမှ တစ်ဆင့် ဆွေးနွေးအဖြေရှာမည်ဟု KNU က ထုတ်ပြန်သည်။
KNU အရေးပေါ်အစည်း အဝေးကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ငါးရက်ကြာ ကျင်းပပြီး နောက် အစည်းအဝေး၏သဘော ထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အတွင်း ရေးမှူး ဦးလှမောင်ရွှေက ‘‘အ လွတ်သဘောဆွေးနွေးပွဲတွေက နေပြီးတော့ တရားဝင်ဆွေးနွေးပွဲ တွေကို ပြန်ပြီးတော့ ရောက်ရှိလာ မယ်လို့တော့ မျှော်လင့်တာပေါ့’’ ဟု ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်လုပ်ဆောင်ရာတွင် အမျိုး သားရင်ကြားစေ့ရေးလုပ်ငန်းများ ဖော်ဆောင်ရန် လိုအပ်နေသေး သည့်အပြင် ယုံကြည်မှုတည် ဆောက်သည့် လုပ်ငန်းများ ဖော် ဆောင်ရာတွင်လည်း အခက်အခဲ ကြုံနေရကြောင်း KNU က ဆို သည်။
ထို့ပြင် NCA အပေါ် နားလည်မှုကွဲလွဲနေသည်များ၊ မိမိနားလည် သလို အကောင်အထည်ဖော်နေ ခြင်းများကြောင့် ရှုပ်ထွေးမှုများ ဆင့်ကဲဖြစ်ပေါ်နေပြီး NCA ပါ အချက်များ အကောင်အထည်မ ဖော်နိုင်ခြင်းများ ရှိနေ၍ ထိုအ ကြောင်းအရာများ အဖြေရှာနိုင် ရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ ဝင်သော Stakeholder များအ ကြား ဆက်လက်ဆွေးနွေးရမည် ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
အစိုးရ၊ တပ်မတော်ဘက် က NCA သဘောတူစာချုပ်တွင် ပါဝင်ခြင်းမရှိသော ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော် ကိစ္စရပ်များဆွေးနွေးရန် တင်သွင်း လာခြင်းက ယင်းကြိုတင်သတ် မှတ်ချက်များကို လက်ခံပြီးမှသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် သဘောတူထားသောအ ကြောင်းအရာများကို ဆက်လက် ဆွေးနွေးမည်ဟူ၍ဖြစ်နေသည်ဟု KNU က ဆိုသည်။
KNU အနေဖြင့် လုံခြုံရေး စနစ်ကို ကျေလည်စွာ ဆွေးနွေး ပြီးမှသာလျှင် တစ်ခုတည်းသော တပ်မတော်ကဲ့သို့သော ကိစ္စကို ဆက်လက် ဆွေးနွေးရမည်ဟု ထုတ်ပြန်သည်။
ပြည်ထောင်စုတည်ဆောက် ရေးဆိုင်ရာ အခြေခံမူများ ချမှတ် ရာတွင် NCA လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ သာမက နိုင်ငံရေးဆွေးနွေးပွဲတွင် မပါဝင်သေးသည့် တိုင်းရင်းသား အဖွဲ့များပါဝင်ရမည်ဖြစ်ကြောင်း NCA စာချုပ်ပါအတိုင်း နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်တွင် အား လုံး ပါဝင်ရေးကို အကောင်အ ထည်ဖော်နိုင်မှသာ အားလုံးကို ကိုယ်စားပြုသော ပြည်ထောင်စု ကို တည်ဆောက်နိုင်ပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်မည် ဖြစ် ကြောင်း KNU က ဆိုသည်။
နိုင်ငံရေးပြဿနာကို လက် နက်ကိုင်နည်းဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းသောနည်းဖြင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက် မည်ဟုလည်း KNU က ထုတ်ပြန် သည်။
=======================
251 / End
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းပြီး အလွတ်သဘောဆွေးနွေးမှုမှ အဖြေရှာမည်ဟု KNU ထုတ်
၁၀ နိုဝင်ဘာ ၂၀၁၈ - ၁၉:၁၉
News ID: 916074
KNU ဗဟိုကော်မတီများ နှင့် တပ်ပိုင်းဆိုင်ရာခေါင်းဆောင် စုစုပေါင်း ၉၀ ဦးခန့် တက်ရောက် ခဲ့သည့် KNU အရေးပေါ်အစည်း အဝေးက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာ တရားဝင်အစည်းအ ဝေးများတွင် ပါဝင်မှုကို ယာယီ ရပ်ဆိုင်းကာ အလွတ်သဘော ဆွေးနွေးမှုလမ်းကြောင်းမှ ဆွေး နွေးအဖြေရှာမည်ဟု ယမန်နေ့က ထုတ်ပြန်သည်။