အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂျပန်နိုင်ငံ အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (jip) စီမံမှုဖြင့် ဂျပန်အစိုးရနှင့် ပြည်သူတို့၏ အသေး စားစီမံကိန်းများ ထောက်ပံ့မှုအစီ အစဉ်အရ မကွေးတိုင်းအတွင်း မြို့နယ်သုံးခုရှိ ကျေးရွာချင်းဆက်လမ်းများတွင် ဂျပန်နည်းပညာသုံး တံတားသုံးစင်းကို ယခုနှစ် မိုးရာသီအမီ တည်ဆောက်ရန်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူဘ တစ်ဦးက ပြောသည်။
သရက်မြို့နယ် သရက်- ကံမလမ်း ပါးပွတ်-တုံ-ပုဏ္ဏား ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပနီ ချောင်းကူးတံတား၊ အောင်လံမြို့ နယ် စမြ-ဥသျှစ်ကုန်းကျေးရွာ တံတားနှင့် စေတုတ္တရာမြို့နယ် တွင် အုန်းဝါချောင်းကူးတံတားတို့ ကို လာမည့် မိုးရာသီအမီ အသုံး ပြုနိုင်ရေး တည်ဆောက်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
‘‘နိုဝင်ဘာ ၁၁ ရက်က စေ တုတ္တရာမြို့နယ် ဂျပန်-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်တဲ့ အုန်း ဝါတံတား ပန္နက်တင်အခမ်းအနား ကို ဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညိုကိုယ်တိုင် တက်ရောက်ပြီး ပန္နက်တင်ပေးခဲ့တယ်’’ဟု မကွေး တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ယင်းတံတားပန္နက်တင်အ ခမ်းအနားသို့ အစိုးရအဖွဲ့ ဝန်ကြီး များအပြင် ဂျပန်အဆောက်အအုံ ပညာရှင် ဆာကူရာဟာချိမေ လည်း တက်ရောက်ခဲ့သည်။
ယင်း တံတားများသည် မိုးရာသီ ချောင်းရေကျချိန်တွင် ရေကျော်ဖုံးလွှမ်းမှုများ ရှိတတ်သော်လည်း မျောပါမသွားခြင်း၊ ရေကျော်နေသော်လည်း ဖြတ် သန်းသွားလာနိုင်ခြင်းကြောင့် ကျေးရွာချင်းဆက် လမ်းများ၌ အဆင်ပြေသည့် နည်းပညာတစ် ခုဖြစ်ကြောင်း အောင်လံတံတား ဖြစ်မြောက်ရေး ဆောင်ရွက်နေသူ ကိုကျော်စိုးဝင်းက ဆိုသည်။ တံ တားတစ်စင်းလျှင် ကျပ်သိန်း ၂,၀၀၀ ခန့် ကုန်ကျမည်ဟု သိရ ကြောင်း တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။
Jip အနေဖြင့် ဂျပန်နည်း ပညာသုံး တံတားတည်ဆောက် လှူဒါန်းခြင်းကို ပြီးခဲ့သည့် ၂၀၁၆ ကစတင် ဆောင်ရွက်ခဲ့ပြီး ယင်း နှစ်တွင် မကွေးတိုင်းအတွင်း အောင်လံမြို့နယ်နှင့် သရက်မြို့နယ်၌ တံတားသုံးစင်း၊ ၂၀၁၇ တွင် ပဲခူးတိုင်းအတွင်း တံတားတစ်စင်း တည်ဆောက်ထား ပြီးဖြစ်ကြောင်း တိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။
=======================
251 / End
၁၁ နိုဝင်ဘာ ၂၀၁၈ - ၁၄:၃၂
News ID: 916139