အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကျောက်တန်းမြို့နယ် အနီး မြန်မာ့ရေပိုင်နက်တွင် တွေ့ ရှိရသော ဘင်္ဂါလီဒုက္ခသည် ၁၀၆ ဦးကို အရေးယူမည်မဟုတ်ဘဲ ၎င်းတို့နေထိုင်ရာဒုက္ခသည်စခန်း သို့ ပြန်ပို့မည်ဖြစ်ကြောင်း တာဝန် ရှိသူများက ပြောသည်။
နိုဝင်ဘာ ၁၆ ရက်နံနက် ၄ နာရီခန့်က ကျောက်တန်းမြို့နယ် ကုလားတန်ကျေးရွာအုပ်စု သံတဲ ကျေးရွာအနီး ပင်လယ်ပြင်တွင် ဘင်္ဂါလီ ၁၀၆ ဦးပါသည့်စက်လှေ တစ်စီးကို တပ်မတော်နှင့်ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ က နဦးက အဆိုပါဘင်္ဂါလီများကို မြန်မာနိုင်ငံသားအက်ဥပဒေဖြင့် တရားစွဲဆိုရန် စီစဉ်သော်လည်း လက်ရှိတွင် ဒုက္ခသည်အဖြစ် သတ်မှတ်ကာ နေရပ်သို့ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ယမန်နေ့တွင် 7Day Daily သတင်းစာအားပြောသည်။
‘‘ပြန်ပို့ဖို့ ညွှန်ကြားချက် တော့ရထားတယ်။ ကိစ္စက လတ် တလော ဖြစ်သွားတဲ့ဟာမျိုးဆို တော့ လူကြီးတွေလည်းတိုင်ပင် ဆွေးနွေးနေတုန်းပါ’’ ဟု အဆိုပါ အရာရှိက ပြောသည်။
ရဲတပ်ဖွဲ့ စစ်ဆေးချက်များ အရ အဆိုပါစက်လှေသည် အောက်တိုဘာ ၂၃ ရက်ကစစ် တွေမြို့ဘင်္ဂါလီဒုက္ခသည်စခန်း များမှ မလေးရှားနိုင်ငံသို့ တရား မ၀င် သွားရောက်ရန်ထွက်ခွာလာ ပြီး ပင်လယ်ပြင်တွင် ၂၅ ရက်ကြာခဲ့သည်။ ပင်လယ်ပြင်တွင် သွားလာနေစဉ် ကင်းလှည့်တပ်မတော် ရေတပ်နှင့်သုံးကြိမ်တိုင်တွေ့ဆုံပြီးနောက် နေရပ်သို့ပြန်ရန် တပ်မတော်က သုံးကြိမ်တိုင်သတိပေးသော်လည်း မပြန်ဘဲဆက်လက်သွားလာနေကာ နောက်ဆုံးတွင် ဆီပြတ်၍ ကျောက်တန်းမြို့နယ်အနီး ပင်လယ်ပြင်သို့ရောက်ရှိလာခြင်းဖြစ်သည်။
စက်လှေပေါ်တွင် အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၃၁ ဦးပါဝင်ပြီး ကလေးငယ် ၂၅ ဦးပါဝင်သည်။ ၎င်းတို့မှာ စစ်တွေမြို့ နာဇီရပ်ကွက်တွင် ယခင်နေထိုင်ခဲ့သူများဖြစ်သည်။
၂၀၁၂ က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် သက်ကယ်ပြင်၊ ဆေးသမားကြီး၊ ဒါးပိုင်၊ ဘာဆာရာ၊ သံထော်လီ၊ ဆင်တက်မှော်၊ဘောဒူဘ၊ သဲချောင်းစသည့်ဒုက္ခသည်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် မလေးရှား နိုင်ငံသို့ သွားရောက်ရန်ပွဲစားများ ကို တစ်ဦးလျှင်ကျပ်ငါးသိန်းပေးရ သည်။
နှစ်သိန်းကို ကနဦးပေးပြီး သုံးသိန်းကို မလေးရှားရောက်မှ ပေးရန်ဖြစ်သည်ဟု ရဲအရာရှိတစ် ဦးက ပြောသည်။ နာမကျန်းသူ များပါရှိလာပြီး ပင်လယ်ပြင်တွင် သေဆုံးသူတစ်ဦးရှိသည်ဟု အ ဆိုပါရဲအရာရှိကပြောသည်။
လက်ရှိတွင် အဆိုပါဒုက္ခ သည်ဘင်္ဂါလီများကို ကျောက် တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းခန်းမ တွင် ရဲတပ်ဖွဲ့အစောင့်အရှောက် ဖြင့် ထိန်းသိမ်းထားသည်။ ဒဏ် ရာရရှိသူများကို ဆေးကုသမှုနှင့် အစားအသောက်များလတ်တ လောပေးပြီး စောင့်ရှောက်ထား သည်ဟု ကျောက်တန်းမြို့နယ် ရဲ တပ်ဖွဲ့မှ ဒုရဲအုပ်ရဲမင်းထက်က ပြောသည်။
ဒုက္ခသည်ဘင်္ဂါလီများကို နို ၀င်ဘာ ၁၉ ရက်တွင် ၎င်းတို့နေ ရပ်သို့ ပြန်ပို့ရန်ဆောင်ရွက်မည် ဟုတာဝန်ရှိသူများထံမှ သိရ သည်။ သို့သော် တိကျသည့်ဆုံး ဖြတ်ချက်မဟုတ်ကြောင်း ၎င်းတို့ က ပြောသည်။
‘‘လတ်တလောဖြစ်သွားတာ ဆိုတော့ တိကျတဲ့သတင်းကို မရ သေးဘူးပေါ့။ လူကြီးတွေအနေနဲ့ လည်း သေသေချာချာညွှန်ကြား ချက်မရသေးဘူးလို့ထင်ပါတယ်။ အတိအကျသိရရင်တော့ ပွင့် လင်းမြင်သာမှုရှိဖို့ တာဝန်ခံပါ တယ်’’ ဟု ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်အေးမြမြမျိုးက ပြော သည်။
ဒုက္ခသည်စခန်းတွင် နေထိုင် ရေးနှင့်စီးပွားရေး အဆင်မပြေ သောကြောင့် ခိုး၍ထွက်ပြေးသူ အများအပြားရှိပြီး ရေလမ်းခရီးထွက်ပြေးလျှင် ကျပ်ခုနစ်သိန်း ခန့်ဈေးပေါက်ကာ ကုန်းလမ်းဖြင့် ထွက်ပြေးလျှင်ကျပ် ၁၃ သိန်းမှ ၃၅ သိန်းခန့် ဈေးပေါက်သည်ဟု သတင်းရင်းမြစ်များက ပြော သည်။ နိုဝင်ဘာနှင့် အောက်တိုဘာတွင် ထွက်ပြေးသည့် စက်လှေငါးစီး၊ ခြောက်စီးခန့်ရှိနေ သည်ဟု သတင်းရင်းမြစ်တစ်ဦးက 7Day Daily သတင်းစာအားပြော သည်။
‘‘ထွက်ပြေးတဲ့အများကြီးထဲ ကမှ ဒီတစ်စီးကိုမိတာပေါ့။ ကျွန် တော်တို့က ပြောတယ်။ ဒီလို ထွက်ပြေးတာအဖြေမဟုတ်ဘူး။ ပိုပြီးဒုက္ခရောက်နိုင်တယ်။ ပြီး တော့ပွဲစားတွေကိုလည်း ကျွန် တော်တို့သိတယ်၊ သတိပေးတယ်၊ မလုပ်ကြပါနဲ့လို့။ ဒါပေမဲ့ ဒီလို ထွက်ပြေးတာတွေကို စခန်းက တာဝန်ရှိသူတွေက မသိဘဲမနေဘူး၊ သိတယ်’’ ဟု ၎င်းက ပြောသည်။
၂၀၀၈ ကလည်း ကျောက် တန်းမြို့နယ်အနီး ပင်လယ်ပြင် တွင် ဘင်္ဂါလီဒုက္ခသည် ၁၀၄ ဦး ပါဝင်သည့် စက်လှေတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရဖူးသည်။
=======================
251 / End
၁၆ နိုဝင်ဘာ ၂၀၁၈ - ၁၉:၅၃
News ID: 916859
ကျောက်တန်းမြို့နယ် အနီး မြန်မာ့ရေပိုင်နက်တွင် တွေ့ ရှိရသော ဘင်္ဂါလီဒုက္ခသည် ၁၀၆ ဦးကို အရေးယူမည်မဟုတ်ဘဲ ၎င်းတို့နေထိုင်ရာဒုက္ခသည်စခန်း သို့ ပြန်ပို့မည်ဖြစ်ကြောင်း တာဝန် ရှိသူများက ပြောသည်။