၁၈ နိုဝင်ဘာ ၂၀၁၈ - ၁၈:၅၅
ယခုနှစ်အတွင်း ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရန် မလွယ်တော့ဟု ကိုယ်စားလှယ်များပြော

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ယခုနှစ်အတွင်း ကျင်းပရန် မလွယ်ကူတော့ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကိုယ်စားလှယ်များက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ယခုနှစ်အတွင်း ကျင်းပရန် မလွယ်ကူတော့ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကိုယ်စားလှယ်များက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ တွက် အရေးကြီးသော ဖက်ဒရယ် အခြေခံမူများ ချမှတ်ရန် ယခု၂၀၁၈ နှင့် ၂၀၁၉ တွင် ၂၁ ရာစုပင်လုံအစည်းအဝေး သုံးကြိမ်ပြုလုပ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပြီး ယခုနှစ် ဇူလိုင်က ကျင်းပသည့် ၂၁ ရာစုပင်လုံ ညီလာခံက ယင်းသို့ဆောင်ရွက်နိုင် ရေး ကြိုးပမ်းမည်ဟု သဘောထား ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အောက်တိုဘာ က ကျင်းပသည့် အစိုးရ၊ တပ် မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင် များ သီးသန့်အစည်းအဝေး ကျင်း ပပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာ အကျပ်အတည်းများ ပိုမိုဖြစ်ပေါ်ပြီး NCA လက်မှတ် ထိုးအဖွဲ့နှစ်ဖွဲ့ဖြစ်သည့် KNU နှင့်RCSS တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် ဆွေးနွေးပွဲ များ၌ ပါဝင်မှုယာယီရပ်ဆိုင်း ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက သဘောထားဖော်ပြခဲ့သည်။

အဆိုပါ အခြေအနေများ ကြောင့် ၂၁ ရာစုပင်လုံ ကျင်းပရေးအရေးပါသည့် အစည်းအဝေး ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ရွှေ့ဆိုင်းရကြောင်း UPDJC နိုင်ငံရေးပါတီအစုအဖွဲ့  ကိုယ်စားလှယ် တာလှဖေက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့်  NCA  လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော UPDJC အစည်းအဝေးကို မူလက နိုဝင်ဘာအတွင်း ခေါ်ယူရန် ဆွေးနွေးထားသည်။

‘‘ငြိမ်းချမ်းရေးညီလာခံတို့၊ ဘာတို့ဆိုတာ UPDJC က အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေကို ကျင်းပဖို့စီစဉ်မယ်။ ပြီးတော့ လုပ်ငန်းကော်မတီအစည်း အဝေးစီစဉ်မယ်ဆိုတော့ UPDJC အစည်းအဝေးမှ မကျင်းပဖြစ်ဘူး ဆိုတော့ UPC (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ) ကိစ္စကလည်းဘယ်သူက အကောင်အထည်ဖော်မလဲဗျာ။ အကောင်အထည်ဖော်မယ့် ဒီအဖွဲ့က ညှိနှိုင်းတိုင်ပင်ဖို့ အစည်းအဝေးတွေတောင်  မရှိဘူးဆိုတော့ ညီလာခံကြီးလည်း ရွှေ့မယ့် သဘော’’ဟု တာလှဖေက ပြော သည်။

KNU နှင့် RCSS တို့က ဆွေးနွေးပွဲများ ပါဝင်မှုရပ်ဆိုင်းထား၍ အစိုးရအစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များ အစုအဖွဲ့တို့၏ သုံးပွင့်ဆိုင် တရားဝင်အစည်းအဝေးများ ကျင်းပရန် ခက်ခဲနေသကဲ့သို့ လက်မှတ်ထိုး ၁၀ဖွဲ့ခေါင်းဆောင်များ တက်ရောက် သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးပင် ကျင်းပရန် ရွှေ့ဆိုင်း ထားသည်။

နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးများ ရွှေ့ဆိုင်းရခြင်းကြောင့် ၂၁ ရာစုပင်လုံ ယခုနှစ်အတွင်း ကျင်းပနိုင်ဖွယ်ရှိ၊ မရှိ မေးမြန်းရာ ဦးအောင်စိုးက ‘‘လုပ်နိုင်အောင် ကြိုးစားရမှာပေါ့’’ ဟု ပြောသည်။

‘‘ဒီဇင်ဘာထဲမှာလည်း အားလုံးသိတဲ့အတိုင်းပဲ ခရစ္စမတ်နဲ့၊ နယူးရီးယားနဲ့ဆိုတော့၊ ခေါင်းဆောင်တွေလည်း မအားကြဘူးဆိုတော့ အရွှေ့အပြောင်းတော့ အဓိက သူတို့ဘက်က တင်ပြချက်ပေါ် မူတည်ပြီး ညှိနှိုင်းသွားရမှာပေါ့’’ ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အစိုးရငြိမ်း ချမ်းရေးဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့က KNU နှင့် RCSS အပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် အလွတ်သ ဘောဆွေးနွေးရန် နိုဝင်ဘာ ၁၆ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည်။

=======================
251 / End