အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ က ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးအဖြစ် နိုဝင်ဘာ ၁၅ ရက်တွင် ခန့်အပ် တာဝန်ပေးခဲ့သည့် ဦးမျိုးဝင်း သည် နိုဝင်ဘာ ၁၉ ရက်က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် ၌ ကတိသစ္စာပြုခဲ့သည်။
ဦးမျိုးဝင်းသည် ၎င်းထမ်း ဆောင်ရမည့် တာဝန်ဝတ္တရားများ ကို ဖြောင့်မတ်မှန်ကန်စွာဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အ စွမ်းကုန်ထမ်းဆောင်ပါမည်ဟု ပြည်ထောင်စုလွှတ်တော်နာယ က ရှေ့မှောက်၌ ကတိသစ္စာပြု သည်။
ယမန်နေ့ ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်း ဦးလည်း တက်ရောက်ခဲ့သည်။
ဦးမျိုးဝင်းကို ပြည်ထောင် စုတရားလွှတ်တော်ချုပ် တရားသူ ကြီးအဖြစ် ခန့်အပ်လိုကြောင်း သမ္မတက နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်သို့ အမည်စာရင်းတင်သွင်း ခဲ့ရာ ကန့်ကွက်လိုသည့် လွှတ် တော်ကိုယ်စားလှယ်မရှိ၍ ဦးမျိုး ၀င်းအား ပြည်ထောင်စုလွှတ် တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော် က သဘောတူခဲ့သည်။
အသက်(၅၉)နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးမျိုးဝင်းသည် သမ္မတဦးဝင်းမြင့်၏ ဇာတိပုသိမ်မြို့ တွင် မွေးဖွားသူ ဖြစ်သည်။
=======================
251 / End
၁၉ နိုဝင်ဘာ ၂၀၁၈ - ၁၄:၅၈
News ID: 917263
နိုင်ငံတော်သမ္မတ က ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးအဖြစ် နိုဝင်ဘာ ၁၅ ရက်တွင် ခန့်အပ် တာဝန်ပေးခဲ့သည့် ဦးမျိုးဝင်း သည် နိုဝင်ဘာ ၁၉ ရက်က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် ၌ ကတိသစ္စာပြုခဲ့သည်။