၂၂ နိုဝင်ဘာ ၂၀၁၈ - ၁၅:၄၁
လုံခြုံငြိမ်းချမ်းမှုရှိသောဘ၀တွင် နေထိုင်နိုင်ရန် စိန်ခေါ်မှုများ တိုး၍ရင်ဆိုင်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား အကြမ်းဖက်ဝါဒနှင့် အ

လုံခြုံငြိမ်းချမ်းမှုရှိသော ဘ၀တွင်နေထိုင်နိုင်ရန် စိန်ခေါ်မှု များတိုး၍ရင်ဆိုင်နေရပြီး အ ကြမ်းဖက်မှုကို အားပေးနေသည့် အစွန်းရောက်ဝါဒနှင့် အကြမ်း ဖက်ဝါဒတို့၏ ဘေးအန္တရာယ်ဆိုး များမှ ကျော်လွှားနိုင်ရေးလုပ် ဆောင်ရန်လိုအပ်သည်ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လုံခြုံငြိမ်းချမ်းမှုရှိသော ဘ၀တွင်နေထိုင်နိုင်ရန် စိန်ခေါ်မှု များတိုး၍ရင်ဆိုင်နေရပြီး အ ကြမ်းဖက်မှုကို အားပေးနေသည့် အစွန်းရောက်ဝါဒနှင့် အကြမ်း ဖက်ဝါဒတို့၏ ဘေးအန္တရာယ်ဆိုး များမှ ကျော်လွှားနိုင်ရေးလုပ် ဆောင်ရန်လိုအပ်သည်ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

နေပြည်တော်၌ နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့်ဘာသာ ပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်း မေတ္တာ)အဖွဲ့၏ အကြံပြုဆွေးနွေး ၀ိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား ခြင်းဖြစ်သည်။

လုံခြုံမှုရှိပြီး ငြိမ်းချမ်းမှုရှိ သောဘ၀တွင် နေထိုင်နိုင်ရေးဟူ သော အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ခွင့်နှင့် လွတ်လပ်စွာကိုး ကွယ်ခွင့်တို့သည် အခြေခံကျ ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။သို့ရာတွင် မိမိတို့သည် ဖော် ပြပါ အခြေခံ အခွင့်အရေးများ မကြုံစဖူးထူးထူးကဲကဲစိန်ခေါ်ခံရ မှုကို တိုး၍တိုး၍ရင်ဆိုင်နေရ သည့်ကာလတစ်ခုကို ဖြတ်သန်း နေရသည်ဟု ၎င်းက ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် အစွန်း ရောက်သမားများ၏အကြမ်းဖက် မှု၊ အကြမ်းဖက်သည့်အပြုအမူ များကိုလှုံ့ဆော်နိုင်ရန် ၎င်းတို့ ၏လုပ်ရပ်တရားမျှတမှုရှိလေ သည့်အသွင်ဖြစ်ပေါ်စေရန် ဘာ သာတရားကို ခုတုံးလုပ် အလွဲ သုံးနေမှုများကို တွေ့မြင်နေရ သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အကြမ်းဖက်မှုကိုအားပေး နေသည့်အစွန်းရောက်ဝါဒနှင့် အ ကြမ်းဖက်ဝါဒတို့၏ ဘေးအန္တ ရာယ်ဆိုးများမှ ကျော်လွှားလွန် မြောက်နိုင်ရေး ဆောင်ရွက်မည် ဆိုသည့် သန္နိဋ္ဌာန်ပြုချက်ကို ယခုဆွေးနွေးပွဲတွင် စုပေါင်း၍ ထပ်လောင်းအတည်ပြုရမည်ဟု ၎င်းကဆိုသည်။ ဘာသာပေါင်း စုံဆွေးနွေးမှုသည် အမှန်တကယ် ထိရောက်မှုရှိရန် လိုအပ်သည် ဟုလည်း ပြောကြားသည်။

အပြန်အလှန်လေးစားမှုကို ဖြစ်စေသည့် ငြိမ်းချမ်းရေးယဉ် ကျေးမှုတစ်ရပ်ကို ပညာရေးမှ တစ်ဆင့် ဖော်ဆောင်ပေးရမည် ဖြစ်၍ ပညာရေးသည် အာရုံစိုက် သင့်သည့်အရေးကိစ္စဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူငယ်များအနေဖြင့် လူမှု ရေးအရခွဲခြားဆက်ဆံခံရမှုနှင့် ကြဉ်ဖယ်ခံရမှုတို့ကို ခံစားရခြင်း ကြောင့် အစွန်းရောက်ဝါဒသ ဘောတရားများ၏ ဆွဲဆောင်မှု နောက်သို့ လိုက်ပါသွားတတ်ပါ ကြောင်း၊ သို့တည်းမဟုတ် ဆင်း ရဲမွဲတေမှုနှင့်ကာလကြာရှည်အ လုပ်အကိုင်မဲ့ဖြစ်ရမှုတို့ကြောင့် လည်း အစွန်းရောက်သူများ၏ သွတ်သွင်းမှုကို ခံရတတ်ပါ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စိန်ခေါ်မှုများစွာရှိနေဆဲဟုဆို

တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ ကြားတွင်လည်းကောင်း၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်း ကြားတွင်လည်း ကောင်းတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုများဆက်လက်ရှိနေဆဲ ဖြစ်သည်ကို ဖော်ပြနေသည်ဟုဒေါ်အောင်ဆန်းစုကြည်က မီးမောင်းထိုးပြသည်။

စိန်ခေါ်မှုများကို ရင်ဆိုင် နိုင်ရေးသတိချပ်ရမည်ဖြစ်ပြီး စေ့ စပ်ဆွေးနွေးခြင်းမှတစ်ဆင့် ဖြေ ရှင်းရန် ဦးတည်ကြောင်းပြော သည်။

အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ တည်ဆောက်နိုင် ရေး ဇွဲနပဲရှိရှိဆက်လက်ကြိုးပမ်း ရန်လိုအပ်ကြောင်း၊ ဆွေးနွေးညှိ နှိုင်းခြင်းမှတစ်ဆင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာရန်မှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင် မည့် အကောင်းဆုံးသောနည်း လမ်းအဖြစ် ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ရခိုင်အရေးကိစ္စဖြေရှင်းနိုင်ရေး ဆွေးနွေးပွဲမှ နည်းလမ်းရှာနိုင်မည် ဟု မျှော်လင့်ဟုပြော

လက်ရှိအစိုးရအဖွဲ့စတင် တာဝန်ယူပြီးစကပင် ရခိုင်ပြည် နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးတို့ဖြစ်ပေါ်လာစေရန် မိမိတို့၏ထိပ်တန်းဦးစားပေးလုပ် ငန်းရပ်တစ်ခုအဖြစ် သတ်မှတ် ကာ ဆောင်ရွက်ခဲ့ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။

သို့ရာတွင် ၂၀၁၆ အောက် တိုဘာတွင် ရခိုင်ပြည်နယ်ရှိ ရဲ ကင်းစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှုကအစပြု၍ ဖြစ် ပေါ်လာသည့်ပြဿနာအမျိုးမျိုး ဖြစ်ပွားခဲ့ရာ ယင်းဖြစ်ရပ်များအ ပေါ်ကြိမ်ဖန်များစွာ ပြောဆိုပြီး ဖြစ်၍ အသေးစိတ်ထပ်မံပြော ကြားရန် လိုမည်မဟုတ်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ အသိုက်အ ၀န်းအားလုံးအကြား သဟဇာတ ဖြစ်မှုနှင့် ယုံကြည်မှု တည် ဆောက်နိုင်ရေး အပြုသဘော ဆောင်စွာ စဉ်ဆက်မပြတ်ဆောင် ရွက်နိုင်မည့်နည်းလမ်းများကို ယ ခုဆွေးနွေးပွဲတွင် ရှာဖွေဖော်ထုတ် နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။

သဘောထားကွဲလွဲမှုနှင့် ပဋိ ပက္ခဖြစ်မှုတို့ဖြင့်လည်း ငြိမ်းချမ်း ရေးနှင့်ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်မည်မဟုတ်ဟု ပြောသည်။

ဘာသာ တရားများသည် မိမိတို့တစ်ဦးနှင့်တစ်ဦး အပြန်အ လှန်နားလည်မှုရှိအောင် ဆောင် ရွက်ပေးနိုင်စွမ်းရှိသည်ဟု ယုံ ကြည်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

အဆိုပါ ဆွေးနွေးဝိုင်းသို့ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ် တော်နှင့် တပ်မတော်တာဝန်ရှိ သူများတက်ရောက်ခဲ့သည်။ ထို့ အပြင် ကရင်အမျိုးသားအစည်း အရုံး(KNU)ဥက္ကဋ္ဌစောမူတူးစေး ဖိုးအပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ ကုလအဖွဲ့အစည်းများမှ တာဝန် ရှိသူများနှင့် နိုင်ငံတကာသံတမန် များတက်ရောက်ခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အခက်အခဲ အဖြေရှာနိုင်ရေး သတ္တိပိုရှိကြရန် လိုဟု KNU ဥက္ကဋ္ဌပြော

နှစ်ပေါင်းများစွာလက်နက် ကိုင်တိုက်ပွဲများ ရပ်စဲပြီး စားပွဲ ၀ိုင်းတွင် ဆွေးနွေးအဖြေရှာရာ၌ အားလုံးလက်ခံနိုင်သည့် နိုင်ငံ ရေးသဘောတူညီမှုအဖြေရရှိရန် အခက်အခဲနှင့်စိန်ခေါ်မှုများကြုံ တွေ့နေသည်ဟု ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားသည့် KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးက ပြောသည်။

‘‘ဒီလိုနိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးအဖြေရှာတဲ့နေရာမှာ ကျွန်တော်ရဲ့ ကိုယ်တွေ့အရ သတ္တိ၊ ဗျတ္တိပိုပြီးလိုနေတာကို တွေ့ရပါတယ်။ ကိုယ်ကျိုးစွန့် ခြင်း၊ အနစ်နာခံခြင်း၊ မာန်မာန မထားခြင်းနဲ့အတူ စောစောက ကျွန်တော်ပြောခဲ့သလို မေတ္တာ တရားထားနိုင်ဖို့က လိုအပ်လာ လို့ဖြစ်ပါတယ်’’ ဟု ၎င်းကဆို သည်။

ငြိမ်းချမ်းရေးကို တည် ဆောက်ရာတွင် မေတ္တာတရား ဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ် ကြောင်းနှင့် လူမျိုး၊ ဘာသာမည်သို့ ကွဲပြားနေသည့်တိုင် နိုင်ငံ့ငြိမ်း ချမ်းရေးအတွက် အားလုံး၌ တာဝန်ရှိကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

နိုဝင်ဘာ ၂၂ ရက်အထိ ကျင်းပမည့် ဘာသာပေါင်းစုံငြိမ်း ချမ်းရေးဆွေးနွေးဝိုင်းသည် ငြိမ်း ချမ်းရေးအတွက် ဦးတည်ရှေးရှု သောဘာသာရေး အဖွဲ့အစည်း များနှင့် မြန်မာအစိုးရအဖွဲ့တို့ ပူး တွဲကျင်းပသည့် ဆွေးနွေးပွဲဖြစ် သည်။

=======================
251 / End