အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သရက်ခရိုင်လမ်းဦး စီးဌာနက ခေါ်ယူသော လမ်းခင်း ကျောက်တင်ဒါများတွင် အရည် အသွေးပြည့်မီသည့် ဒေသထွက် ကျောက်များ ဝယ်ယူခြင်းမရှိဘဲအခြားဒေသထွက် ကျောက်များ ကိုသာ ဝယ်ယူသဖြင့် ဒေသခံ လုပ်ငန်းရှင်များ အခက်တွေ့ရကြောင်း လုပ်ငန်းရှင်များက ပြောသည်။
သရက်ခရိုင်လမ်းဦးစီးဌာန က ဝယ်ယူမည့် လမ်းလုပ်ငန်းသုံး ကျောက်များအနက် ကျောက်အ ကြီးအရွယ်အစားများကိုသာ ဒေသထွက်ကျောက်များကို ဝယ်ယူမည်ဖြစ်ပြီး အသုံးများသည့် ခွဲစက်ထွက်ကျောက်သေးများကိုမူ ဒေသထွက်ကျောက်ကို ဝယ်ယူခြင်းမ ပြုဘဲ မန္တလေး၊ ထုံးဘို၊ ဥသျှစ်ပင် စသည့် ဒေသများမှ ကျောက်များ ကိုသာ ဝယ်ယူရန် ယခုဘဏ္ဍာနှစ် တွင် စတင်သတ်မှတ်ခဲ့သည်။
ယင်းကဲ့သို့ သတ်မှတ်ရခြင်း မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်အရဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်က သရက်မြို့ နယ်ခန်းမတွင် ပြုလုပ်သော လမ်း ဦးစီးဌာန တင်ဒါရွေးချယ်ရေးအ ခမ်းအနားတွင် သရက်ခရိုင်လမ်း ဦးစီးဌာန တင်ဒါစိစစ်ရွေးချယ်အ ဖွဲ့ခေါင်းဆောင်၊ သရက်ခရိုင် လမ်း ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးရဲ မင်းထွန်းက ပြောသည်။
‘‘ကျွန်တော်တို့ ဒေသ ကျောက်ထုတ်လုပ်ငန်းကို လုပ် ကိုင်လာတာ ဆယ်စုနှစ်တစ်ခု လောက်ရှိပြီ။ ကျောက်ခွဲစက်လုပ် ငန်းကိုလည်း စက်လုပ်ငန်းမှတ်ပုံ တင်၊ ကျောက်ထုတ်လုပ်ငန်းမှတ် ပုံတင်နဲ့ တရားဝင်လုပ်ကိုင်တာ ဖြစ်ပါတယ်။ အခုနှစ်မှ ဒေသထွက် ကျောက်ကို မဝယ်ဘူးဆိုတော့ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှင် တွေ များစွာ နစ်နာစေပါတယ်။ ကျောက်အရည်အသွေးစစ်ဆေး ချက်မှတ်တမ်းနဲ့တကွ အရည်အ သွေးပြည့်မီကြောင်း တင်ပြတာ ကိုပဲ လက်မခံတာ’’ဟု ဆင်ပေါင်ဝဲမြို့နယ်မှ ကျောက်ထုတ်လုပ်ငန်း ရှင် ကိုတင်မိုးဝင်းက ပြောသည်။
ဒေသထွက် ကျောက်များ သည် လမ်းဦးစီးဌာနက ဝယ်ယူမည်ဟု ထုတ်ပြန်ထားသည့် ဥသျှစ်ပင်ဒေသထွက် ကျောက်အရည်အ သွေးကို ပြည့်မီကြောင်း ကျောက် အရည်အသွေးစစ်ဆေးချက်မှတ် တမ်းနှင့်တကွ တင်ပြသော်လည်း တာဝန်ရှိသူများက လက်မခံခဲ့ ကြောင်း ၎င်းက ဆိုသည်။
ဒေသတွင်း ကျောက်ထုတ် လုပ်ငန်းလုပ်ကိုင်သူများသည် လမ်းခင်းကျောက်ကြီးထုတ်လုပ် ခွင့်လိုင်စင်ကို သက်ဆိုင်ရာအ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး များတွင် ဘဏ္ဍာနှစ်အစကတည်း က ပြုလုပ်ရပြီး မြေစာရင်းမြေပုံ စုပုံကွင်း စသည့် အထောက်အ ထားများစွာ တင်ပြရကြောင်း ကံမ မြို့နယ်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
‘‘လမ်းခင်းကျောက်ထုတ် လုပ်ငန်းက လမ်းလုပ်ငန်းကိုပဲ ရောင်းချရတာပါ။ လမ်းလုပ်ငန်း တွေက မဝယ်ဘူးဆိုရင် ရပ်တည် ဖို့ မဖြစ်နိုင်ဘူး။ အလုပ်သမားတွေ ကိုလည်း အလုပ်ပေးထားဖို့ခက် သွားပြီ’’ဟု သရက်မြို့မှ ကျောက် ထုတ်လုပ်ငန်းရှင်တစ်ဦးက ပြော သည်။
ထို့အပြင် လမ်းခင်းကျောက် ကြီးမှ လိုအပ်သည့် ကျောက်သေး များ ခွဲစိတ်နိုင်ရန် ကျောက်ခွဲစက် တည်ထောင်ရာတွင် သက်ဆိုင်ရာ စက်မှုကြီးကြပ်ဌာန၌ နှစ်စဉ် အ ခွန်ပေးဆောင်ကာ လိုင်စင်ပြုလုပ်ရကြောင်း ၎င်းက ဆိုသည်။
အခြားဒေသထွက်ကျောက် များ ဝယ်ယူပါက သယ်ယူစရိတ် ကြောင့် ဈေးနှုန်းပိုမိုကြီးမြင့်ပြီး အရည်အသွေးတူ ဒေသထွက် ကျောက်များကို အသုံးပြုမည်ဆို ပါက ကုန်ကျစရိတ် သက်သာနိုင် ကြောင်း လုပ်ငန်းရှင်များက ဆို သည်။ယခင်နှစ်များက ဒေသထွက်ကျောက်များကို ဝယ်ယူအသုံးပြု သဖြင့် ဒေသခံလုပ်ငန်းတွက် အဆင်ပြေကြောင်း ၎င်းကဆိုသည်။
လမ်းဦးစီးဌာန လုပ်ငန်းသုံးပစ္စည်းများဝယ်ယူရာတွင် ဒေ သထွက်ကျောက်များကို ဝယ်ယူမှုနည်းပါးခြင်းသည် ဒေသခံ လုပ် ငန်းရှင်များအနေဖြင့် ထိခိုက်နစ် နာမှုများနှင့် အလုပ်အကိုင်ဆုံးရှုံး မှုများဖြစ်စေသဖြင့် ယင်းဖြစ်စဉ် ကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း သရက်မြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောသည်။
=======================
251 / End
သရက်ခရိုင်လမ်းဦးစီးဌာန တင်ဒါများတွင် ဒေသထွက် ကျောက်များတင်သွင်းခွင့် မရသဖြင့် လုပ်ငန်းရှင်များအခက်တွေ့ဟုဆို
၂၃ နိုဝင်ဘာ ၂၀၁၈ - ၁၄:၄၈
News ID: 917842
သရက်ခရိုင်လမ်းဦး စီးဌာနက ခေါ်ယူသော လမ်းခင်း ကျောက်တင်ဒါများတွင် အရည် အသွေးပြည့်မီသည့် ဒေသထွက် ကျောက်များ ဝယ်ယူခြင်းမရှိဘဲအခြားဒေသထွက် ကျောက်များ ကိုသာ ဝယ်ယူသဖြင့် ဒေသခံ လုပ်ငန်းရှင်များ အခက်တွေ့ရကြောင်း လုပ်ငန်းရှင်များက ပြောသည်။