အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့သစ် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရန် တရုတ်ကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော် ကို နိုဝင်ဘာ ၂၅ ရက်တွင် လာ ရောက်တွေ့ဆုံခဲ့သည်။
တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပူး ပေါင်းဆောင်ရွက်မှု အစီအစဉ် များ ဆွေးနွေးခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လွှတ်တော်နှင့် တွေ့ဆုံရာ တွင် ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းလွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီနှင့် စီမံကိန်း နှင့် စီးပွားရေးကော်မတီတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ သည်ဟု ဆိုသည်။
‘‘နောက်လုပ်မယ့် စီမံကိန်း တွေနဲ့ ပတ်သက်ပြီး လွှတ်တော် က သိသင့်တယ်ထင်လို့ လာရှင်း ပြတာ။ ယေဘုယျသဘောပါပဲ’’ ဟု တိုင်းဒေသကြီး ပြည်သူ့ငွေ စာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့် လွင်က ပြောသည်။
တရုတ်နိုင်ငံ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်း လဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr. Ning Jizhe နှင့် တရုတ် CCCC ကုမ္ပဏီဥက္ကဋ္ဌတို့သည် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ ဆုံပြီးနောက် လွှတ်တော်သို့ လာ ရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု ဆိုသည်။
တွေ့ဆုံရာတွင် ယေဘုယျ သဘောထားများသာ ဆွေးနွေးခဲ့ သည်ဟု သာကေတမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။
‘‘မြို့သစ်စီမံကိန်းအလုပ် တွေကို စိတ်ဝင်စားတယ်ပြော တယ်။ သူတို့လုပ်ချင်တယ်။ ဒါကို ပြောတာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခုလုံးကို လေ့လာဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ပဏာမမူဘောင်သဘောတူညီမှုစာချုပ် (Framework Agreement) ကိုဧပြီတွင် လက်မှတ်ရေးထိုးခဲ့ သည်။
ရန်ကုန်မြို့သစ် စီမံကိန်း ပထမအဆင့်အတွက် အခြေခံအ ဆောက်အအုံဆိုင်ရာ စီမံကိန်း အဆိုပြုလွှာ (Project Proposal) ကို တရုတ် CCCC ကုမ္ပဏီအား တင်သွင်းခွင့်ပြုကြောင်း ရန်ကုန် မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် NYDC က မေလတွင် သတင်းထုတ်ပြန် သည်။
မြို့သစ်စတင်ရန် တည် ဆောက်ရေးစီမံကိန်း ကိုးခုကို တင်ဒါခေါ်ရန် တရုတ်ကုမ္ပဏီနှင့် ညှိနှိုင်းမှု နောက်ဆုံးအဆင့် ရောက်နေပြီဟု NYDC က နိုဝင် ဘာ ၂၂ ရက်တွင် သတင်းထုတ် ပြန်သည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ယခင်အစိုးရလက်ထက်က စတင် ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်ရှိ မြေဧက ၂၀,၀၀၀ တွင် ပထမ အဆင့် စတင်အကောင်အထည် ဖော်မည်ဖြစ်သည်။
ယင်းမြို့သစ်တွင် အနည်း ဆုံး လူဦးရေ သုံးသန်းကျော်နေ ထိုင်နိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းကျော် ဖန် တီးနိုင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းအစိုးရက သတင်းထုတ်ပြန် ထားသည်။
မြို့သစ်အကောင်အထည် ဖော်ရာတွင် ရွာမြို့ငါးခု၊ တံတား နှစ်စင်း၊ ၂၆ ကီလိုမီတာရှည်သည့် ပင်မလမ်းကြောင်း၊ ၁၀ ကီလိုမီ တာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ် အားစက်ရုံ၊ ရေသန့်နှင့် ရေဆိုး ထုတ်စက်ရုံများ ပါဝင်မည်ဖြစ် သည်။
ရန်ကုန်မြို့သစ် စီမံကိန်းအ ကောင်အထည်ဖော်ရန် တိုင်း အစိုးရက ကျပ် ၁၀ ဘီလီယံ အသုံးပြုကာ NYDC ကုမ္ပဏီကို ထူထောင်ပြီး လုပ်ငန်းရှင် ဦးသိမ်း ဝေအား ကုမ္ပဏီဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် ခန့် အပ်ခဲ့သည်။
=======================
251 / End
၂၅ နိုဝင်ဘာ ၂၀၁၈ - ၁၈:၃၁
News ID: 918181
ရန်ကုန်မြို့သစ် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရန် တရုတ်ကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော် ကို နိုဝင်ဘာ ၂၅ ရက်တွင် လာ ရောက်တွေ့ဆုံခဲ့သည်။